Subscribe to our RSS Feed

တိဗက်ဘုန်းတော်ကြီးများ ဓာတ်ပုံကို တလွဲအသုံးပြုနေမှု အား ပြည်ပရောက်တိဗက်အုပ်ချုပ်ရေးအဖွဲ့ ကန့်ကွက်



ပြည်ပရောက် တိဗက်အုပ်ချုပ်ရေးအဖွဲ့CTAက ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များကြား ပဋိပက္ခဖြစ်အောင် လှုံ့ဆော်ရာတွင် တိဗက်ဘုန်းတော်ကြီးများ၏ ရုပ်ပုံများကိုအလွဲသုံးစားပြုနေသည့်အတွက် စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ ဒါရမ်ရှာလာအခြေစိုက် CTA ၏ ကြေငြာချက်၌ မကြာမီက မြန်မာနု
ိင်ငံ
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်း အချို့သော လူမှုဝက်ဘ်ဆိုက်များ၌ တိဗက်ဘုန်းတော်ကြီးများ၏ ဓာတ်ပုံများကို အလွဲသုံးစားပြုကာ ၀ါဒဖြန့်ခဲ့ကြောင်း ဆိုသည်။
CTA က "ဒါဟာ သိပ်ပြီး စိတ်အနှောင့်အယှက် ဖြစ်စရာ စိုးရိမ် စ ရာဖြစ်ပါတယ်"ဟု လူသေများရှေ့၌ ရပ်နေသော တိဗက်ဘုန်းေ တာ် ကြီးများပုံကို မြန်မာမှဖြစ်လေဟန် အသွင်ပြောင်း အသုံးပြုခြင်းနှင့် ပတ် သက်၍ပြောသည်။ ကြေငြာချက်၌ "ဒီဓာတ်ပုံဟာ တိဗက်ဘုန်းတော်ကြီးေ တွ တိဗက်အရှေ့ပိုင်းက ကျီဂူဒို (ယူရှူးလ်)မှာ ၂၀၁၀ ဧပြီ ၁၄ မှာငလျင်လှုပ်ပြီးနောက် ကယ်ဆယ်ရေးလုပ်နေကြတဲ့ ပုံတွေ သာ ဖြစ်ပါတယ်"ဟု ရှင်းပြထားသည်။

ထိုဓာတ်ပုံကို ပါကစ္စတန်ရှိ ၀က်ဘ်ဆိုက်တစ်ခုက စတင်ဖော်ပြခဲ့ပြီး CTA မှ ထောက်ပြ၍ ပြန်ပယ်ဖျက်ခဲ့ကြောင်း ဆိုသည်။ သို့သော် CTA က "အိန္ဒိယသတင်းချန်နယ်လိုင်း Zee News မှာသြဂုတ် ၁၁ ရက်က ပါခဲ့တဲ့ မွမ်ဘိုင်းမှာ ဆန္ဒပြမှုအတွင်း မူဆလင်တွေဟာ ဒီဓာတ်ပုံကို ကိုင်ေ ဆာင်ခဲ့ကြပါတယ်။ ဒါဟာ ဒီဓာတ်ပုံ ပျံ့နှံ့နေဆဲဆိုတာပါပဲ"ဟု ဆိုသည်။


CTA သည် ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များအကြား ပဋိပက္ခများ မဖြစ်စေရန် ထိုဓာတ်ပုံကို လွဲမှားစွာ အသုံးမပြုရန် ပန်ကြားထားသည်။

Myanmar Express

2 comments:

ဒီ ဘုန်း ကြီး တွေ က တော့ တ ရုတ် တီ ပတ် ဘုန်း ကြီး တွေ ပါ။ မြန် မာ ဘုန်း ကြီး တွေ မ ဟုတ် ပါ ဘူး။ ရုပ် ကို ကြ ည့်  တာ နဲ့ သိ နိုင် တာ ကို အ ထင် မှား လုပ် တဲ့ လူ လောက် ရှက် ဖို့ ကောင်း တယ်။ အဲ ဒါ မြန် မာ ဘုန်း ကြီး တွေ မ ဟုတ် ဘူး ကွ ။ မှတ် ထား ကြ ။

ဒီစောက်ကုလားတွေ .... ဒီလောက်စောက်သုံးမကျတဲ့လုပ်ဇာတ်တွေကို အချိန်ကုန်ခံပြီးလုပ်နေလည်း... မင်းတို့သူတောင်းဇားဇာတ်ကို ဘယ်ကောင်မှမသနားဘူး။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်