Subscribe to our RSS Feed

၂၀၁၅ မတိုင်ခင် Stock Exchange Market ဆိုင်ရာဥပဒေ အပြီးရေးဆွဲ သွားမည်

From : .MRTV4

မြန်မာနိုင်ငံမှာ Stock Exchange Market ထူထောင်ဖို့ အတွက် ဂျပန်နိုင်ငံဖက် Tokyo Stock Exchange Group နဲ့ Daiwa Institute of Research က အကူအညီများ ပေးသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီလို အကူအညီ ပေးရာမှာ ဈေးကွက် ဆိုင်ရာ ဥပဒေများ၊ စတော့ ရှယ်ယာများ ၀င်ရောက် ရောင်းချမယ့် Listing eompany ပေါ်ပေါက်လာရေး အတွက် ကူညီ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ကူညီရာမှာ မြန်မာနိုင်ငံမှာ Stock Exchange Market ဆိုင်ရာ ဥပဒေ ကိုလည်း ၂၀၁၅ မတိုင်ခင်မှာ အပြီးရေးဆွဲ သွားမှာ ဖြစ်တယ်လို့ Tokyo Stock Exchange Group မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

အဲ့ဒီလို ရေးဆွဲရာ မှာလည်း ဂျပန် နိုင်ငံရဲ့ အတွေ့အကြုံမှာ မူတည်ပြီး အကောင်းဆုံး ရေးဆွဲ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Daiwa Institute of Research ကလည်း Fujitsu ရယ် NTT နဲ့ ပူးပေါင်းပြိး မြန်မာနိုင်ငံ Finanial System ပေါ်ပေါက်ရေး အတွက် ဆောင်ရွက်မှုတွေ ပြုလုပ်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ဆောင်ရွက်ရာမှာ JICA ရဲ့ ကူညီမှုလည်း ပါဝင်တာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။



. Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်