Subscribe to our RSS Feed

မြန်မာနိုင်ငံ အပေါ် စတော့ ဈေးကွက် ဥပဒေနှင့် ပတ်သက်ပြီး ဂျပန်တို့ ကူညီမည်


From : MRTV4

ဂျပန် နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ အတွင်း စတော့ဈေးကွက် ထူထောင်မှုတွင် ဘဏ္ဍာရေး ဆိုင်ရာ စည်းမျဉ်း ဥပဒေများကို ရေးဆွဲရာ၌အကူအညီများ ပေးသွားမည် ဖြစ်ကြောင်း NHK သတင်းတွင် ဖော်ပြသည်။ မြန်မာနိုင်ငံမှာ လာမည့် ၂၀၁၅ အကုန်တွင် ဂျပန်မှ Tokyo Stock Exchange နှင့် Daiwa Securities Group တို့၏ အကူအညီဖြင့် စတော့ဈေးကွက် ထူထောင်ရန် စီစဉ်ထားပြီး အဆိုပါ စီမံကိန်းမှာ ဒီမိုကရေစီ အရေး အသွင် ပြောင်းမှုတွင် စီးပွားရေး တိုးတက်စေရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်းလည်း NHKမှ ဆိုသည်။

ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ဌာနမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးပြီး ဖြစ်ကာ ဂျပန်တို့ အနေဖြင့် အတွင်းလူ အချင်းချင်း စတော့ဈေးကွက် ရောင်းချမှုနှင့် ဘဏ္ဍာရေး ဆိုင်ရာ မသမာမှုများကို တားဆီးနိုင်မည့် ဥပဒေ သစ် ရေးဆွဲရန် အကူအညီ ပေးမည့်အပြင် နိုင်ငံရပ်ခြားမှ ရှယ်ယာ ရောင်းဝယ်မှု လုပ်ငန်းများကို စော့င်ကြည့်သည့် လုပ်ငန်းများတွင် ငွေကြေး လုံခြုံရေးဆိုင်ရာ ကုမ္ပဏီများမှ ကူညီသွားမည် ဖြစ်ကြောင်းလည်း ယင်းသတင်းတွင် ဖော်ပြခဲ့သည်။ အလားတူပင် ဂျပန် အစိုးရမှာ နိုင်ငံအတွင်းမှ ပညာရှင်များ ပါဝင်သည့် အဖွဲ့တစ်ခုကို ဖွဲ့စည်းပြီး မြန်မာနိုင်ငံ အတွက် အကြံဉာဏ်များ ပေးသွားမည် ဖြစ်ကြောင်းလည်း ပြောသည်။ ထို့အပြင် လာမည့် ဆောင်းဦး ကာလတွင် မြန်မာနိုင်ငံမှ တာဝန်ရှိသူများကို ဂျပန် နိုင်ငံတွင် လေ့ကျင့်မှု ဆွေးနွေးပွဲ တစ်ခုကို ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်းလည်း ဖော်ပြခဲ့သည်။

Myanmar Express

1 comments:

ခုန်နိချီိဝ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်