Subscribe to our RSS Feed

လျှပ်စစ်ဝန်ထမ်းတို့ရဲ့ဘဝ


From : .Hot News

ကျွန်တော်သည် ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး တစ်ရုံးမှ ၀န်ထမ်းတစ်ဦးဖြစ်ပါ သည်။ ယခုလိုစာရေးချခြင်းမှာ လွှတ်တော်ဥကဋ္ဌသူရဦးရွှေမန်းမှ ပြောဆိုသော ဒီမိုကရေစီဟာ အများကြိုက်တဲ့အများပိုင်ဖြစ်တယ်။ ပြည်သူများသာပိုင်တယ်လို့ ပြော လို့ရပါတယ်။ ဒီမိုကရေစီကို အကြောင်းပြုကာ စည်းကမ်းမဲ့လုပ် လို့မရဘူး။ ဒီမိုကရေစီမှာ နည်း စနစ်ရှိတယ်။ ဒီမိုကရေစီအနိုင် ကျင့်ခြင်း၊ ဒီမိုကရေစီအာဏာရှင် မဖြစ်ရေးကို သတိပြုထိန်းကျောင်း ရမယ်ဟု ပါရှိပါသဖြင့် ယခုလို တင်ပြလိုက်ရခြင်းဖြစ်ပါသည်။


ကျွန်တော်ပြောလိုသည်မှာ မြို့နယ်လျှပ်စစ်ရုံးမှ လျှပ်စစ်ဝန် ထမ်းများသည် အလုပ်နားရက်မရှိ ပိတ်ရက်မရှိ (၄၈) နာရီတွင် (၂၇) နာရီခန့် တာဝန်ထမ်းဆောင်နေ ကြရပါသည်။ တစ်လတွင် ရက် ပေါင်း (၃၀) နာရီပေါင်းအားဖြင့် (၇၂၀) ရှိပါသည်။ ကျွန်တော်တို့ လိုင်းမင်းများသည် ယနေ့နံနက် (၀၈း၃၀) နာရီ ဂျူတီဝင်၍ နောက်တစ်နေ့နံနက် (၀၈း၃၀) အထိ တာဝန်ထမ်းဆောင်နေကြ ရပါသည်။ ဂျူတီထွက်လျှင်လည်း တည်ဆောက်ရေးဆိုပြီး နောက်ထပ် အနည်းဆုံး (၃) နာရီခန့် အလုပ် လုပ်ပေးကြရပါသည်။ တစ်ခါတစ်ရံ Lime Fault, Break Down ဖြစ်လျှင်လည်း ညနေအထိအလုပ် လုပ်ပေးကြရပါသည်။ ထို့အတွက် တစ်လလျှင် နာရီပေါင်း (၇၂၀) ရှိသည့်အနက် (၄၀၅) နာရီခန့် သည် ကျွန်တော်တို့ အလုပ်လုပ် ပေးနေရသော အချိန်နာရီပေါင်း ဖြစ်ပါသည်။ အခြားအစိုးရဌာန များကို လေ့လာကြည့်ရာတွင် (၂၄) နာရီတစ်ရက်တွင် (၀၈း၀၀)နာရီ ခန့်သာ တာဝန်ထမ်းဆောင်နေကြ ရပြီး စနေ၊ တနင်္ဂနွေရက်များကို ရုံးပိတ်ရက်သတ်မှတ်ပေးနေပါ သည်။ အခါကြီးရက်ကြီးများမှာ လည်း ၎င်းအလုပ်သမားများသည် နားရက်ရကြပါသည်။ ထို့အတွက် ၎င်းအလုပ်သမားများမှာ တစ်လ လျှင် ရက်ပေါင်း (၃၀) နာရီအား ဖြင့် (၇၂၀) နာရီတွင် (၁၇၆) နာရီ သာ တာဝန်ထမ်းဆောင်သော နာရီသို့မဟုတ်အလုပ်လုပ်သော နာရီဖြစ်ပါသည်။


နိုင်ငံတော်အစိုးရမှ မြန်မာနိုင်ငံ တွင် အဓမ္မစေခိုင်းမှုများမရှိပါဟု ပြောထားသော်လည်း ယခု ကျွန်တော်တို့လုပ်နေကြရသော အလုပ်မားမှာ အဓမ္မစေခိုင်းမှု ကြောင့် အလုပ်နားရက်မရှိ ပိတ် ရက်မရှိတာဝန်ထမ်းဆောင်နေကြ ရပါသည်။


တစ်ခါတစ်ရံတွင် မြို့နယ် လျှပ်စစ်အင်နီယာမှ ၀န်ထမ်းများ အား လုပ်ပုံကိုင်ပုံသဘောမတွေ့ လျှင် “ငါနှင့်” ကိုင်တုတ်၍ အဆူ အဆဲခံကြရပါသည်။ ကျွန်တော် မြို့နယ်တွင်ရှိသည့် ၀န်ထမ်း အင်အားမှာလည်း နည်းပါးပါသည်။ ရှိသည့်လူဖြင့် အလုပ်ကိုပြီးပြတ် အောင် လုပ်နေပါသော်လည်း တစ်ခါမှအကောင်းပြောမခံရပါ။


တာဝန်ချိန်ပြီးဆုံး၍ဂျူတီထွက် လျှင်လည်း မည်သည့်အလုပ်ကို များ ခိုင်းအုန်းမလဲဟု စိုးရိမ်စိတ် ဖြင့် စောင့်မျှော်နေရခြင်းမှာလည်း အလွန်ပင်စိနတ်ပင်ပန်းလှပါသည်။ စိတ်ဖိစီးမှုဒဏ်ကိုလည်း ခံစားနေ ကြရပါသဖြင့် ယခုလို သက်ဆိုင် ရာမှ သိရှိအောင်တင်ပြအစီရင်ခံ အပ်ပါသည်။


Myanmar Express

2 comments:

မင်းတို့ က ငါတို့ မီးရထား(သွားလာေ၇းဌာန)
ဆိုးတာရဲ့  ၁၀ ပုံ တစ်ပုံတောင် မရှိပါဘူးကွာ။

စိတ်မကောင်းဘူး မိတ်ဆွေ မင်းတို့တယ်ခံစားနေရတယ်ဆိုတာသိပေမယ့်
လူချင်းနေရာချင်းမတူတာလားတော့မသိဘူး လျှပ်စစ်(၁)ကငတိတွေဆို
ဒရိုင်ဘာတောင် သူခလေးကို ILBC ထားနိုင်တယ် တစ်ဌာနလုံးတိတ်
လို့ တတ်ညီလက်ညီ နိုင်ငံတော်ပိုက်ဆံတွေကိုခိုးနေကြတာ။
သူတို့လျှပ်စစ် (၁) ခေါင်းဆောင်ကြီးအောင်ကိုးရွှေလက်ထက်ကတည်းက
ပေါ့ လျှပ်စစ်မပေးနိုင်တာ ထုတ်လုပ်မှုအားနည်းလို့ဆိုတာ လူတိုင်းသိတာ
ကြောင် လျှပ်စစ်(၂)၀န်ထမ်းများ၏ခံစားချက်ကိုစာနာမိပါတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်