Subscribe to our RSS Feed

ပြန်ကြားရေး ၀န်ထမ်းများကို DVB က တာဝန်ပေးမယ် ဆိုတဲ့သတင်း မှားယွင်းကြောင်း ဦးရဲထွဋ် အခိုင်အမာ ပြောကြား


From : ဦးရဲထွဋ်

DVB က ပြန်ကြားရေးကလူတွေကို အလုပ်ခန့်မယ်ဆိုတဲ့ ရေးသားချက်တွေအင်တာနက်ပေါ်မှာ တွေ့ရ ပါတယ်။ ဒါ့ကြောင့် ပြန်ကြားရေးဝန်ကြီးဌာနနဲ့ DVB ဆက်ဆံရေးကို ရှင်းပြချင်ပါတယ်။

အစိုးရသစ်လက်ထက် DVB, BBC, RFA, VOA စတဲ့ပြည်ပအခြေစိုက်မီဒီယာများနဲ့ ပြန်ကြားရေးဝန်ကြီး ဌာနက တာဝန်ရှိသူများစတင်ထိတွေ့တဲ့အခါ မှာ ပြန်ကြားရေးဘက်က ပြည်ပအခြေစိုက်မီဒီယာများရဲ့ သတင်းမှားယွင်းမှုများနဲ့ပတ်သက်ပြီး ထောက်ပြမှုတွေပြုလုပ်ခဲ့ပါတယ်။ သူတို့ဘက်ကလည်း ပြည်တွင်း မီဒီယာဖြစ်ဖြစ်၊ ပြည်ပမီဒီယာဖြစ်ဖြစ် အစိုးရဘက်ကသာ သတင်းတွေ ပိုမိုထုတ်ပြန်ပေးမယ်၊ သတင်းထောက်တွေမေးမြန်းတာကို ဖြေကြားပေးမယ်ဆိုရင် သတင်းမှန်တွေ တင်နိုင်ဖို့၊ ဖြစ်စဉ်တစ်ခုမှာပါဝင်ပတ်သက်နေသူတွေအားလုံးရဲ့ အမြင်တွေကို တင်ပြဖို့အခွင့်အရေးပိုရ မယ်လို့ ပြန်ဆွေးနွေးပါတယ်။

ဒါ့ကြောင့် လူကြီးတွေက နိုင်ငံခြားသတင်းဌာနတွေ၊ သတင်းစာတွေက သတင်းထောက်တွေကို ပြည်ဝင် ခွင့်ဗီဇာတွေပိုထုတ်ပေးခဲ့သလို ပြည်တွင်းမီဒီယာများကိုလည်း သတင်းများထုတ်ပြန်ပေးနိုင်ဖို့အတွက် ၀န်ကြီးဌာနအလိုက် ပြောရေးဆိုခွင့်ရှိသူများသတ်မှတ်ပေးခဲ့ပါတယ်။ ဒါ့ကြောင့် ပြန်ကြားရေးဝန်ကြီး ဌာန အနေနဲ့ DVB အပါအ၀င် လာရောက်ဆက်သွယ်မေးမြန်းတဲ့ ပြည်တွင်း၊ပြည်ပသတင်းဌာနအားလုံးကို သတင်းထုတ်ပြန်ပေးခဲ့ပါတယ်။ တရားဝင်လာဆက်သွယ်တာမရှိရင်တော့ မတတ်နိုင်ဘူးပေါ့ဗျာ။

နောက်တစ်ခါ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ၀န်ကြီးရဲ့လမ်းညွှန်ချက်အရ နိုင်ငံပိုင်ရုပ်သံနဲ့ သတင်းစာ တွေမှာ သမားရိုးကျသတင်းများအပြင် သဘာဝဘေးကိစ္စတွေ၊ ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ စီးပွားရေး၊ လူမှုရေးသတင်းတွေဖော်ပြဖို့ ဆောင်ရွက်ပါတယ်။ ဒီအခါမှာ မြို့နယ်တိုင်းမှာ ရုံးရှိတဲ့ ပြန်ဆက်ဝန်ထမ်းများက သတင်းများပေးဖို့လိုပါတယ်။ ဒါ့ကြောင့် သတင်းရေးသားနည်းကို ပြည်တွင်းက စာနယ်ဇင်းဆရာကြီးများဖြစ်တဲ့ တက္ကသိုလ်မြတ်သူ၊ ဆရာ မောင်ဝံသ၊ ဆရာရဲနိုင်မိုးစတဲ့သူများနဲ့ သင်ကြားပါတယ်။ ဒါပေမယ့် ရုပ်သံသတင်းထောက်လုပ် ဖို့ အတွက်နဲ့ ရတဲ့သတင်းများကိုအင်တာနက်ပေါ်ကနေ ပေးပို့ဖို့အတွက်ကျတော့ DVB ကို အကူ အညီတောင်းပြီး သင်တန်းပို့ချပါတယ်။ ဒီလုပ်ငန်းမှာ DVB က အကျွမ်းကျင်ဆုံးဆိုတာ လူတိုင်းသိပါ တယ်။ နောင်မှာလည်း ရုပ်သံဆိုင်ရာသင်တန်းများကို နိုင်ငံတကာအဖွဲ့အစည်းများ၊ VOA, BBC, CCTV, NHK စတဲ့ နိုင်ငံတကာအသံလွှင့်ဌာနများနဲ့လည်း ဆက်ပြီး ပို့ချသွားမှာဖြစ်ပါတယ်။ ဒါဟာ နိုင်ငံ ပိုင်မီဒီယာများကို အသွင်သဏ္ဍန်ရော၊ အနှစ်သာရပါပြောင်းလဲရေးလုပ်ငန်းစဉ်ရဲ့အစိတ် အပိုင်းလည်းဖြစ်ပါတယ်။

ဒီနယ်သတင်းထောက်များက ပေးပို့တဲ့ရုပ်သံသတင်းများကို မြန်မာ့အသံမှာသာမက လိုအပ်တဲ့ ပြည်တွင်း၊ပြည်ပမီဒီယာများက သုံးနိုင်ဖို့အတွက် ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက်မှာ တင်ပေးမှာဖြစ်ပါတယ်။ အခုတော့ နေပြည်တော်နဲ့ပတ်သက်တဲ့ဓာတ်ပုံသတင်းများနဲ့ ရုပ်သံဖိုင်များ ကို စမ်းသပ်တင်ထားပြီးဖြစ်ပါတယ်။ ယူသုံးတဲ့လူလည်းရှိပါတယ်။ DVB ကိုလည်း လိုချင်ရင်ယူသုံးဖို့၊ သတင်းများနဲ့ပတ်သက်ပြီး အတည်ပြုဖို့လိုရင် တိုင်းဒေသကြီး၊ ပြည်နယ်တာဝန်ခံများကို ဆက်သွယ် မေးမြန်းနိုင်ကြောင်း အသိပေးထားပါတယ်။



ဒါ့ကြောင့် ပြန်ကြားရေးဝန်ထမ်းများကို DVB ကတာဝန်ပေးမယ်ဆိုတဲ့သတင်းမှားယွင်းကြောင်း အခိုင် အမာပြောလိုပါတယ်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်