Subscribe to our RSS Feed

NLD ပါတီဝင်များ ကျေနပ်မှုမရှိ၍ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီး များတွင် ဆန္ဒပြရန် စီစဉ်နေ

From : ဒီမို ပါပါကြီး

ပါပါကြီး ရင်လေးမိသော NLD ပါတီ အနာဂတ် အပိုင်း (၂)

ထားဝယ်မြို့ပေါ်ရှိ NLD ပါတီဝင်များ၊ ပုသိမ်မြို့ရှိ NLD ပါတီဝင်များ၊ မန္တလေးမြို့ရှိ NLD ပါတီဝင်များ NLD ညီလာခံ ကျင်းပရေး ကော်မတီဖွဲံစည်းမှု၊ အခြားပါတီတွင်း နေရာပေးမှုများကို ကျေနပ်မှုမရှိသဖြင့် ၄င်းတို့ပါတီအား ပြန်လည်ဆန္ဒပြမည်ဖြစ်ကြောင်း သက်ဆိုင်ရာ မြို့အသီးသီးတွင် အစည်းအဝေးများပြုလုပ်ခဲ့ကြောင်း သိရပါတယ်.........

ထိုသို့ ဆန္ဒပြရန်ဖြစ်ပေါ်ခဲ့ရခြင်းမှာ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် NLD ညီလာခံ ကျင်းပရေးကော်မရှင်ဖွဲ့စည်းခြင်းနှင့် ပါတီတွင်း နေရာပေးမှုများ ညီညွတ်မှုမရှိမှုအပေါ်တွင် ဒီမိုကရေစီနည်းလမ်းမကျဟုဆိုကာ ပါတီဝင်အချို့ ဆန္ဒပြမှုဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။

ယခုလိုပါတီတွင်းမညီညွှတ်မှုများ၊ သဘောထားကွဲလွဲမှုများကြောင့် ၄င်းတို့ပါတီအပေါ်ပြန်လည်ဆန္ဒပြမှုများမှာမြန်မာတစ်နိုင်ငံလုံးဖြစ်ပွားလာလျှက်ရှိလာနိုင်ပြီး ပါတီအတွင်း 1990 ခုနှစ်၊ ရွေးချယ်ခံကိုယ်စားလှယ်လောင်းများကို ဖယ်ထုတ်ပြီး နောက်ပေါက် နိုင်ငံရေးသမားများကို နေရာပေးထားခြင်းများ၊ ပါတီတွင်း ငွေကြေးသုံးစွဲမှုအပိုင်းများက စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

နောက်ပိုင်းမှာလဲ ပါတီတွင်းမကျေနပ်ချက်တွေကို ဆက်လက်ဖော်ထုတ်မဲ့ မြို့နယ်တွေအများကြီးကျန်ပါသေးတယ်.. ဒေါ်စုကြည်အနေနဲ့ 2015 ခုနှစ်မှာ၊ ပါတီမဲအပြတ်အသတ်နဲ့ အနိုင်ရမယ်၊ တိုင်းပြည်ကို အုပ်ချုပ်ရမယ်လို့ မျှော်မှန်းထားပေမယ့်လဲ 2012 ခုနှစ်ထဲမှာတင် ပါတီတွင်းအကွဲကွဲ အပြဲပြဲဇာတ်လမ်းတွေဖြစ်နေတဲ့အတွက် အများကြီးစိတ်မကောင်းဖြစ်နေရကြောင်းလဲ သိရှိရပါသည်။

NLD ပါတီဥက္ကဌ ဒေါ်စုကြည်ဟာ အသက် (67)နှစ်ကျော်ပြီ တဲ့အတွက် မနက်ဖြန်၊ သဘက်ခါ သေချင်သေ သွားနိုင်ပါတယ်.. သေခြင်းတရားကို ဘယ်သူမှ လွန်ဆန်လို့မရနိုင်ပါဘူး.. ပြည်သူတွေ ချစ်တာက ဒေါ်စုကြည် တစ်ယောက်တည်းကို ပါ.. အခုလိုမျိုး ဒေါ်စုကြည် ရှိတာတောင် တစ်ယောက် တစ်ပေါက် နဲ့ နေရာလု အာဏာလု ဖြစ်နေကြတာ..

မပြောကောင်းဗျာ ဒေါ်စုကြည်များ သေသွားခဲ့ရင် NLD ပါတီကြီး ပြိုကွဲသွားမှာ ကျိန်းသေပါဘဲဗျာ.. ပါပါကြိးအနေနဲ့ကတော့ သမိုင်းကြောင်းနောက်ခံရှိတဲ့ NLD ပါတီကြီး အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားမှာကို တွေးကြည့်ရင်း ရင်လေးမိတာတော့ အမှန်ပါပဲဗျာ..

ဒါပေမယ့်ဒေါ်စုကတော့ လွှတ်တော်ထဲမှာ နေရာပေးထားတာတောင် ဒုသမ္မတ မဖြစ်တော့လို့ မျက်နှာမကောင်း ဖြစ်ခဲ့တာတော့

ပါပါကြီးလဲ စိတ်မကောင်းဖြစ်ခဲ့တာ တကယ်ပါဗျာ...

နေရာလေး ပေးထားတုန်းကတော့ ဒီလိုမျက်နှာလေး..

နေရာလေး ပေးထားတုန်းကတော့ ပြုံးလို့

ဒါပေမယ့် သူနေချင်တာ ဒီနေရာ ဟုတ်ပြန်ဘူး

တနားပါတယ် မျက်နှာ လေးငယ်နေတာ

ငိုချလိုက်ပါ..လားဗျာ.. ဘာလို့ တင်းထားနေတာလဲ

ပြန်ပြန် နောက်လှည့်ပြီးတော့ပြန်

Myanmar Express

7 comments:

အမေစုလည်းမဲဆွယ်ကာလတုန်းကအကြွေးတွေ လည်ပင်းထိနေပြီ ။အဲဒါကြောင့်ကျွန်တော်တို့ပါတီတွင်းငွေရေး ကြေးရေးပြသနာတွေ အဆက်မပြတ်ဖြစ်လာတာပါ။


လွယ်နေတာ ။မင်းဘဏ္ဍာကိုယ့်ဟာမှတ်လို့ အကုန်ရှင်းပေးရင်ရီင်းပေး မဟုတ်ရင်ငါတို့လည်းဆန္ဒပြမှာဘဲ။

တိုင်းပြည်အာဏာ
စုကြည်ရလို့ကတော့ဖြင့်
ကုလားကိုအဖေရေ
သားတို့မှားပါပြီလို့ ခြေသလုံးဖက် တောင်းပန်လိုက်။




စီခနဲ့ဆို NLD တိုင်းပြည်ကောင်းစားအောင် ဘယ်သူတွေ ဘယ်လောက် လုပ်ပြီးပြီလဲ ဆန္ဒပြတိုင်း လိုချင်တာ ရမယ်ဆိုရင် ဆိုရင်....အပြုသဘော ဆောင်တဲ့အလုပ်နဲ့ သက်သေပြနိုင် ကြပါစေကွယ်

စီခနဲ့ဆို NLD ဆန္ဒ ပြလို့ကို မပြီးတော့ဘူး တိုင်းပြည် ကောင်းစားရေး ဘယ်သူတွေ ဘယ်လောက် လုပ်ပြီးပြီလဲ

whatever u guys said about her,she is still better than u guys

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်