Subscribe to our RSS Feed

ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၂ဝ၁၂ ခုနှစ် ပထမ ခြောက်လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစက

From : မြဝတီ

(နေပြည်တော် သြဂုတ် ၁၄)
ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်း သည် ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ ၂ဝ၁၂ ခုနှစ် ပထမ ခြောက်လပတ် လုပ်ငန်းညှိနှိုင်း အစည်း အဝေးသို့ တက်ရောက်၍ အမှာ စကား ပြောကြားသည်။

ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်းက အမှာစကားပြော ကြားရာတွင် ပြီးခဲ့သည့် လုပ်ငန်းဆောင် ရွက်မှုများမှ အားနည်း ချက်များကို သုံးသပ်ပြင်ဆင်ပြီး အားသာချက်များကိုပိုမို အားကောင်းအောင် ဆောင် ရွက်ကြရန်၊ အထက်ဌာနမှ ညွှန်ကြား ချက်များ လိုက်နာဆောင် ရွက်ရသည့် Top Down စနစ် ထက် အောက်ခြေမှ တင်ပြချက် များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ရသည့် Bottom Up စနစ်ကို ဦးစားပေး ကျင့်သုံး ဆောင်ရွက် သွားရန်၊ အမျိုးသား အကျိုးစီးပွား ဘက်တော်သား မီဒီယာ သမားများ အနေဖြင့် နိုင်ငံတော် အစိုးရ၏ ပြုပြင် ပြောင်းလဲမှု မဟာဗျူဟာ (Reform Strategy) လုပ်ငန်းစဉ် များ အောင်မြင်အောင် မီဒီယာကဏ္ဍ မှ အစွမ်းကုန် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက် သွားကြရန် အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်က ဦးစီးဌာန၏ ပထမ ခြောက်လပတ် လုပ်ငန်း ဆောင်ရွက်မှု အားနည်းချက် အားသာချက် များကို သုံးသပ် ဆွေးနွေး တင်ပြပြီး တိုင်း ဒေသကြီးနှင့် ပြည်နယ် ဦးစီးမှူးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းများ ဆောင် ရွက် ပြီးစီးမှုနှင့် ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်သွား ကြမည့် လုပ်ငန်းများကို ဆွေးနွေး တင်ပြ ကြ သည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်းက တင်ပြချက်များ အပေါ်သုံးသပ် ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြား သည်။

အဆိုပါ လုပ်ငန်း ညှိနှိုင်း အစည်း အဝေးသို့ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးဝင်း၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ် ဦးစီးမှူး များ တက်ရောက်ကြသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်