Subscribe to our RSS Feed

တိုက်တန်းနစ် 3D ဇာတ်ကား ဒဂုံ စင်တာ၂ တွင်ယခုလ ၁၇ ရက်နေ့တွင် ပြသမည်


From : The Voice

ကမ္ဘာကျော် ဒါရိုက်တာ ဂျိမ်းစ်ကမရွန် ရိုက်ကူးပြီး ကမ္ဘာတစ်ဝန်း တင်ဆက် ပြသခဲ့သော DRAMA AND ROMANCE ဆန်သော တိုက်တန်းနစ် ရုပ်ရှင်ဇာတ်ကားကို3D ဇာတ်ကားအဖြစ် ရန်ကုန်မြို့ ဒဂုံ စင်တာ ၂ တွင် ယခုလ ၁၇ရက်နေ့တွင် စတင် ပြသတော့မည် ဖြစ်ကြောင်း မင်္ဂလာ ရုပ်ရှင် ကုမ္ပဏီ မန်နေဂျာတစ်ဦးက ပြောကြားသည်။

အချိန် သုံးနာရီကျော် ရှိသော ယင်းဇာတ်ကားအတွက် ပုံမှန်ပြသ နေသော အချိန်ထက် လျော့နည်းသွားမည် ဖြစ်သောကြောင့် အချိန် အပြောင်းအလဲ ရှိကြောင်း ၎င်းက ပြောကြားသည်။

"ကမ္ဘာမှာတော့ ဒီဇာတ်ကား သရီးဒီအဖြစ်ပထမဆုံးပြတယ်ဆိုတာတော့မသိဘူးဗျ၊ပုံမှန် ငါးချိန်ကနေ လေးချိန်တော့ပြောင်းသွားတယ်" ဟု၎င်းကဆိုသည်။

ရုပ်ရှင်မင်းသား လီယိုနာဒိုဒီကပ်ပရီ နှင့် မင်းသမီး ကိတ်ဝင်းစလက် ပါဝင် သရုပ်ဆောင်ထားသော အဆိုပါ ဇာတ်ကားသည် နှစ်ဆယ်ရာစု အစောပိုင်း ကာလ ၁၉၁၂ ခုနှစ်က ဗြိတိသျှနိုင်ငံ ဆောက်သန်တန်မှ အမေရိကန်နိုင်ငံနယူးယောက်စီးတီးသို့ ခရီးသည်များ တင်ဆောင်လာသော RMS TITANIC ခရီးသည် တင်သဘောင်္ကြီးမှာ ယင်းနှစ်ဧပြီလ ၁၅ ရက်နေ့တွင် မြောက် အတ္တလန်တိတ်သမုဒ္ဒရာကို ဖြတ်သန်းနေစဉ် သမုဒ္ဒရာအတွင်း မျောပါနေသောရေခဲတုံး နှင့် တိုက်မိကာ သဘောင်္ဝမ်းကွဲ၍ နစ်မြှုပ်မှုဖြစ်စဉ်နှင့်အတူ အခြေခံ မတူသော ဘ၀နှစ်ခုတို့ ကြား ဆက်စပ် ပတ်သက်ခဲ့ပုံကို လွမ်းဆွတ် ကြည်နူးဖွယ် ရိုက်ကူးထားသည်။

Myanmar Express

2 comments:

ခင်ဗျားတို့ကလည်း မိုက်ကယ်အဲရစ်က အင်္ဂလန်မှာ ဘာအဆင့်မှရှိတာမဟုတ်ဘူး။ ဒီလိုသင်္ဘောစီးနိုင်ပါ့မလားဗျ။
အဲဒီပုံကြီးဖြုတ်လိုက်ပါဗျာ။

သေလိုက်ပါလား။အဲအချိန်မွေးမှာတောင်မဟုတ်သေးဘူး။ဒေါ်စုကအိုနေတဲ့ပုံကြီး။မဖြစ်နိုင်တာကိုမပြောနဲ့။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်