From :by Myit Makha Mediagroup
Myanmar Express
၂၀၁၄ခုနှစ်မှာ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ကြတော့မယ်လို့ သိရတယ် ။
၂၀၁၅
ရွေးကောက်ပွဲအမီ ပြီးစီးနိုင်ပါက အလွန်ပင် နိုင်ငံအတွက် အထောက်အကူပြု
မယ်လို့ ထင်ပါ တယ်။ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ရရှိဖို့ ပညာရေးဌာနက
ဆရာ/မများ စွာပါဝင်ပြီး လူထုထဲကို ထဲထဲ ၀င်ဝင် ရောက်ရှိ ချဉ်းကပ်ခွင့်ရတဲ့
အခွင့်အရေးကြီးမို့ များစွာသော အခွင့်အရေးများလည်း ဖော်ဆောင်ခွင့်
ရနိုင်မယ်လို့ ထင်ပါတယ်။ အချက်အလက် (Data) တွေ ရရှိလာတဲ့အခါ အချက်အလက်ဘဏ်
(Data bank)က ကြိုတင်စီစဉ်ပြီး လ.၀.ကက ဆိုင်ရာလုပ်ငန်းတွေနဲ့ အခွန်ဆိုင်ရာကဏ္ဍတွေမှာ အများကြီး အထောက်အကူပြုနိုင်မယ်လို့ ထင်ပါတယ် ။
ကျွန်တော်ဟာ
လွန်ခဲ့သောရက်အနည်းငယ်က လ.၀.ကရုံးကို မှတ်ပုံတင်ကိစ္စတစ်ခုနဲ့
ရောက်ရှိခဲ့တယ်။ အခုနေထိုင်သော (သန်းခေါင်စာရင်း)နေရပ်မှာ
တစ်မြို့နယ်ဖြစ်ပြီး၊ မူရင်းနိုင်ငံသား ကတ်ပြား ပြုလုပ်ခဲ့ရာမြို့မှာ အခြား
တစ်မြို့နယ်မှာ ဖြစ်ပါတယ်။ နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ခဲ့တဲ့
မြို့နယ်ကို မိတ္တူတစ်ခု ကိုယ်တိုင် သွား တောင်းရပါတယ်။ ရန်ကုန်အတွင်း
သွားလာမှုသာဖြစ်လို့ စရိတ် မထောင်းသာလှသော်လည်း ဤစနစ် ပုံစံကြီးကိုတော့
ပြင်သင့်ပြီဟု ထင်ပါတယ်။ ၀န်ကြီးဌာန မကွဲ။ လ.၀.က ချင်း အတူတူ အချက်အလက်များ
အချိန်နှင့် တပြေးညီ စုပေါင်းမှတ်တမ်း တင်ထားသော ကွန်ယက်စနစ် (Data update
bank network system) မရှိတဲ့ ဒုက္ခလို့ ယေဘုယျ နားလည်မိတယ်။
မလိုလားအပ်တဲ့ ပြည်သူတွေရဲ့ အချိန်ယုတ်လျော့ပြုန်းတီးရာ ရောက်ပါတယ်။ တစ်ချို့ အဆင် ပြောတာလည်း ရှိပါတယ်။ အဲဒီလို (Electronic/computer) အကူအညီဖြင့်ပြုပါက ၀န်ထမ်းများလျှော့ချမလို၊ တစ်ချို့ မလိုအပ်တော့
တာတွေ ဖြစ်လာနိုင်မယ်။ အစိုးရ၀န်ထမ်းတွေကို ဖြုတ်/လျှော့ဆိုတာ ပြသနာ အမှု
မရှိဘဲ မဖြစ်နိုင်။ အစဉ်အလာ မဟုတ်တာမို့ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြတာလည်း
ရှိပါတယ်။ ဒါကလည်း အခြား အခြားသော ပြည်သူ့ ၀န်ဆောင်မှုတွေ
ဖန်တီးနိုင်ပါသေးတယ်။ လိုလျှင်ကြံဆ၊ နည်းလမ်းရ မဟုတ်ပါ လား။
ဒါကြောင့်အလုပ်လက်မဲ့ပြသနာ ဆက်ဖြစ်စရာမရှိအောင် စီစဉ်နိုင်တာမို့ စိတ်ပူစရာမရှိပါ။ အထူးသဖြင့် ၀န်ထမ်းအချို့ ဌာနပြောင်း အထွေထွေအဆင်ပြေမှုများရော ထည့်မတွက်တော့ဘူးလား ဆိုတော့ တွက်ပါတယ် ။ ဒါပေမဲ့ပြည်သူ သန်း(၆၀)ကျော်ရဲ့ အထွေထွေအဆင်မပြေမှုကို ငဲ့ပြီးတော့ ဆုံးဖြတ်သင့်တယ် လို့ ထင်ပါတယ်။
ဒီမိုကရေစီသော
သဘောထက် တိကျသန့်ရှင်း၊ မရှုပ်ထွေးတဲ့(အစိုးရ)၀န်ထမ်းနဲ့ ဆက်ဆံရေးကို
အခြေခံလို အပ်ပါတယ်။ တစ်ပါတည်းလည်း တည်ငြိမ်ဖွံ့ဖြိုးပြီး စီမံရေးများကိုပါ
အကျုံးဝင်စေရမှာ ဖြစ်ပါတယ်။ (အစိုးရ)၀န်ထမ်းတွေနဲ့ ဆက်ဆံရာမှာ
အဆင်ပြေချောမွေ့စေဘို့ အဆင့်ဆင့်တိုင်းမှာလည်း တာဝန်ရှိပါတယ်။ ပြည်သူ(အရပ်သား) တွေဘက်က လည်း အရေးကြီးပါတယ်။
ဒီလိုရည်မှန်းချက်အတွက်
အောင်မြင်ဖို့ဆိုရာမှာ လွယ်ကူတယ်လို့မဟုတ်ပေမဲ့ မဖြစ်နိုင် တာမဟုတ်ပါ။
သည်လို ဆောင်ရွက်မှုတွေလုပ်ဖို့ နိုင်ငံရေးမှာ ပါဝင်လုပ်ဆောင်ကြတာပဲ
မဟုတ်ပါလား။ အထူးအားဖြင့် ၂၀၁၄ ပြည်လုံး ကျွတ်သန်းခေါင်စာရင်း ကောက်ယူရာမှာ
သုံးဖြစ်မဲ့အင်အားစုများစုဖွဲ့ခြင်း (Man-power Organising) အခွင့်အရေးကို
ယခုတင်ပြခဲ့တဲ့ အစီအစဉ်များ၊ စီမံကိန်းများအတွက် ကောင်းစွာ
အသုံးချနိုင်ခွင့် ရရှိနေတာကို သတိထား ဆောင်ရွက်နိုင်ပါတယ်။
အခွင့်အရေး အသုံးမချနိုင်သေးခင်မှာလည်း လုပ်နိုင်သေးတာတွေ ရှိပါတယ်။
အချက်အလက်များဌာနဆိုင်ရာအချင်းချင်း လွှဲပြောင်းတောင်းခံကြခြင်းဆိုတာ လိုအပ်တာကတော့ အ မှန်၊ သည်လို လိုအပ်ရာဌာနများရဲ့ အချက်အလက်ကွန်ယက်ကို ချိတ်ဆက် ပေးထားရင် အဆင် ပြေနိုင် ပါတယ်။
ဥပမာ
လ.၀.က က ရရှိလိုတဲ့ အကျင့်စာရိတ္တကောင်းကြောင်း ထောက်ခံစာကို
လာလျှောက်သူထံမှ တောင်းယူခြင်းထက် ထိုလျှောက်ထားသူ၏ (နယ်မြေ)ဌာနဆိုင်ရာရဲ့ ကွန်ပျူတာကွန်ယက်မှ အချက်အလက် ကို ချိတ်ဆက်ယူထားခြင်း မျိုးကိုဆိုလိုတာပါ။ အမျိုးသားလုံခြုံရေးနဲ့ ဆက်စပ်တဲ့အဖွဲ့များ (ဥပမာ “စ”
သုံးလုံး.. ၊ SB စတာတွေမှာ) သတင်းအချက် အလက်တွေ စုစည်းချိတ်ဆက်မှုတွေလည်း
ရှိရမှာပါ။ အမျိုးသားလုံခြုံရေးမို့ နာမည်၊ မှတ်ပုံတင်နံပါတ်စတဲ့ အခြေခံ
အချက်အလက်အချို့ (ကွန်ယက်ရှိတဲ့) ကွန်ပြူတာထဲ ရိုက်ထည့် လိုက်တာနဲ့
တစ်ဦးချင်းစီရဲ့ ကိုယ်ရေးရာဇ၀င်တွေ
ယ ခင်၊ လက်ရှိ (Update) တွေပေါ်လာမှာပါ။ ဒီပုံစံမျိုး ထပ်ထူ လ.၀.က၊
အခွန်ဌာနတွေကို အပြည့်အ၀ ပေးသင့်၊ မသင့်တော့ မပြောလိုပါဘူး။
ဒါပေမဲ့
ဆိုင်ရာဆိုင်ရာအချက်တွေကိုတော့ ပေးဝေစေချင်ပါတယ်။ ပေးခွင့်ရှိလို့လည်း
အတောင်းခံ ရတဲ့ ဌာန ကနေ လာလျှောက်သူ(အရပ်သား)ကိုတောင် ပေးလိုက်သေးတာပဲ
မဟုတ်ပါလား။ အစိုးရဌာန အချင်းချင်း တိုက်ရိုက်ပဲဆိုရင် ပိုတောင်ကောင်းမှာ
မဟုတ်ပါလား။ မှတ်ပုံတင်ပြရတာတင် မဟုတ်ဘဲ သန်းခေါင်စာရင်းပါ အမြဲတမ်းနီးပါး
ထပ် ထပ်ပြနေရတာ တော့ မလိုလား အပ်ဘူးလို့ မြင်ပါတယ်။
နိုင်ငံတစ်ချို့ မှာဆိုရင်
အခွန်ဌာန၊ လ.၀.က ဌာနတွေဟာ သတင်းအချက်အလက်တွေ ရဲထက် ပိုရှိ တယ်လို့
သိရပါတယ်။ အင်္ဂလန်မှာ တစ်ခါက အခွန်ဌာန၀န်ထမ်းတစ်ဦးရဲ့ ပေါ့ဆ
အားနည်းမှုကြောင့် အချက် အလက် (Data)များ ဌာနလွှဲပြောင်းပေးပို့စဉ် လမ်းမှာ ပျောက်သွားပါတယ် တော်တော့်ကို ပြဿနာ တက် သွားခဲ့ပါတယ်။ သန်းနဲ့ ချီသောသူတွေရဲ့ ကိုယ်ရေးရာဇ၀င်တွေ
နဲ့ ပတ်သက်တာမို့ ဤကဲသို့ ပေါ့ဆမှုကို အပြင်းအထန် ရှုတ်ချခဲ့ကြပါတယ်။
ကြားဖူးတာတစ်ခုကလည်း အမေရိကန်ရဲ့ အချို့ ဘဏ်လုပ်ငန်းတွေရဲ့ မိမိ တို့ရဲ့ ဆိုင်ရာအချက် အလက် တွေ ဟာ FBI ကရရှိထားတဲ့ အချက်အလက်တွေထက် အများကြီး သာတယ် လို့ ဆိုကြပါတယ်။
နိုင်ငံကူးလက်မှတ် (Passport) လုပ်ဖူးသူတိုင်း သိကြပါတယ်။ လ.၀.က၊ အခွန် …. စတဲ့ ဌာနတွေရဲ့ အတည်ပြုမှုတွေရမှ ဖြစ်မှာမို့ ပြေးရတာ အမောပါ။ ပြည်ထဲရေးဌာနကနေ လ.၀.က နဲ့ အခွန်ဌာနတွေရဲ့ အချက်
အလက်တွေကို ဆက်စပ် လုပ်ထားရင် ဖြစ်မှာပါ။ ပြည်သူတွေ စာရွက်သွားယူပြီး
လာပြစေတာလည်း သိချင်လို့ပဲ မဟုတ်ပါလား။ ဒီလိုပါပဲ။ လ.၀.က စတဲ့ဌာနတွေ မှ
အချို့ကိစ္စတွေမှာ ကွန်ပျူတာလှမ်းကြည့်ရင် ပို ကောင်းမှာပါ။
ခွင့်ပြုနိုင်တဲ့ အဆင့်(Level) အလိုက် ဆက်စပ်တွေကို
တောင်းခံတက်တဲ့ဌာနများအား ခွင့်ပြုပေးရန် ပိုကောင်းမှာပါ။
ဒါတွေဟာ
၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်း မတိုင်ခင် လုပ်နိုင်တာ
စဉ်းစားနိုင်တာ လေးတွေပါ။ ၂၀၁၄ မှသည် နောင်အနာဂတ်မှာလည်း ပြည်သူအများ
ဒုက္ခနည်းစေဖို့ ရေရှည် စီမံချက်အတွက် ရည်ရွယ်ပြီး သန်းခေါင် စာရင်း
ကောက်သင့်ပါတယ်။ သန်းခေါင်စာရင်းရမှ အစီအစဉ်တွေ ချရမှာကလည်း
တစ်ပိုင်းရှိနေဦးမှာပါ။
ပြည်သူများအတွက် ၂၀၁၄ သန်းခေါင်စာရင်းဖြစ်လာမှ ၂၀၁၅ ခုနှစ်နဲ့ နောက်ပိုင်းအတွက် ထပ်စဉ်းစားရမှာပါ။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်