From : ဆင်ဟွာ
အမေရိကန်နိုင်ငံ အရှေ့ဘက် ကမ်းခြေဒေသတွင် အင်အားပြင်းထန်သော စန္ဒီစူပါမုန်တိုင်း ရက်အတန်ကြာ တိုက်ခတ်ပြီးနောက် ယခုသီတင်းပတ် အတွင်း ယင်းဒေသ၌ အင်အားပြင်းထန်သောနောက်ထပ်မုန်တိုင်းတစ်ခု ထပ်မံတိုက်ခတ်နိုင်သည်ဟု အမေရိကန် မိုးလေ၀သပညာရှင်များက ခန့်မှန်းထားကြောင်း နိုဝင်ဘာ ၅ ရက် အင်တာနက် သတင်းတစ်ရပ်တွင် ဖော်ပြပါရှိသည်။ ယင်းဒေသတွင် အင်အားပြင်းထန်သော မုန်တိုင်းတိုက်ခတ်ရန်ဖြစ်နိုင်ခြေ များကြောင်း၊ အမေရိကန်အရှေ့မြောက်ပိုင်း၌ နိုဝင်ဘာ ၇ ရက်မှ ၈ ရက် အတွင်း လေပြင်းများတိုက်ခတ်ကာ မိုးများသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ရာသီဥတု သတင်းချန်နယ်က ထုတ်ပြန်ထားသည်။ အဆိုပါ မုန်တိုင်းသစ်သည် စန်ဒီမုန်တိုင်းထက် အင်အားပြင်းထန်မည် မဟုတ်ကြောင်း၊ သို့သော်လည်း မုန်တိုင်းကြောင့် ဆိုးရွားသော အကျိုးသက်ရောက်မှုများ ထပ်မံကြုံတွေ့နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ယခုအချိန်တွင် ကြက်ခြေနီအဖွဲ့အနေဖြင့် မကြာမီ ဖြစ်ပေါ်လာမည့် မုန်တိုင်းအတွက် သယ်ယူပို့ဆောင် ထောက်ပံ့ရေးများ၊ကျွေးမွေးမှုများကို ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ကြက်ခြေနီအဖွဲ့၏ သဘာဝဘေး အန္တရာယ်ဆိုင်ရာ လုပ်ငန်းအဖွဲ့ ဒုတိယအကြီးအကဲ ချာလီရှိမန်စကီက ပြောကြားခဲ့သည်။
Myanmar Express

1 comments:
Although we can control many things, we can't control natural disasters.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်