Subscribe to our RSS Feed

အမှန်တရား ဘက်တွင် တပ်မတော် ရှိပါသည်

From : မြဝတီ


မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အတွင်း ၂၀၁၂ ခုနှစ် မေလကုန် ပိုင်းနှင့် ဇွန်လဆန်း ပိုင်းတို့တွင် ဖြစ်ပွား ခဲ့သော ရာဇဝတ်မှု များ၏ လှိုင်းဂယက်ကြောင့် လူအုပ်စု အချင်းချင်း ဒေါသ အလျောက် အကြမ်းဖက် တိုက်ခိုက်မှု၊ မီးရှို့ ဖျက်ဆီးမှုများ ပေါ်ပေါက် ခဲ့ရပါသည်။ ဇွန်လ ၁၄ ရက်နေ့ အထိ သေဆုံးသူ ၅၀ ဦးနှင့် ဒဏ်ရာ ရရှိသူ ၅၄ ဦး ရှိကြောင်း၊ လူနေအိမ် ၂၂၃၀ အိမ်နှင့် ဘာသာရေး အဆောက် အအုံ ၁၄ ခု မီးလောင် ဆုံးရှုံး ခဲ့ရ ကြောင်းနှင့် ဒေသခံ ပြည်သူ ၆၁၄၆၂ ဦးမှာ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ ရကြောင်း တရားဝင် သတင်းများ က ဖော်ပြ ပါသည်။




လူစု လူဝေးဖြင့် အုပ်စုဖွဲ့၍ ဥပဒေမဲ့ ပြုမူ မှုကြောင့် ပျက်စီး ဆုံးရှုံး ခဲ့သည့် မြင်ကွင်းများ

ရခိုင် ပြည်နယ် အစိုးရ အနေဖြင့် ပဋိပက္ခများ အမြန်ဆုံး အေးငြိမ်း သွားစေရန် မြို့နယ် အချို့တွင် ပြစ်မှု ဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်၍ လည်းကောင်း၊ နိုင်ငံတော် သမ္မတက ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ ဥပဒေကဲ့သို့ အာဏာ တည်သည့် အမိန့်ကို ထုတ်ပြန်ပြီး အရေးပေါ် အခြေအနေ ကြေငြာ၍ လည်းကောင်း ဆောင်ရွက်ခဲ့ သလို တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဒေသခံ ပြည်သူ များ ပူးပေါင်း၍ ဥပဒေ စိုးမိုးရေး ကြိုးပမ်း ဆောင်ရွက် ခဲ့ကြသည့် အတွက် အချိန်တို အတွင်း တည်ငြိမ် အေးချမ်း မှုကို ပြန်လည် တည်ဆောက် နိုင်ခဲ့ ပါသည်။

ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားသည့်နှင့် နိုင်ငံတော် ကာကွယ်ရေး အတွက် အမြဲတမ်း အသင့် ဖြစ်နေသော တပ်မတော်သည် နာရီပိုင်း အတွင်း ဖြစ်စဉ် ဖြစ်ပွားရာ ကျေးရွာ များသို့ အရောက် ချီတက် နိုင်ခဲ့ ပါသည်။ ရခိုင် ပြည်နယ် ကဲ့သို့ ကုန်းတတန် ရေတတန်ဖြင့် သွားလာရေး ခက်ခဲသော ဒေသ အတွင်း တပ်မတော် စစ်ကြောင်း များသည် ပြည်သူ့ ဘဝ လုံခြုံ အေးချမ်းရေး ပြည်သူ၏ အသက် အိုးအိမ် စည်းစိမ် ကာကွယ်ရေး စိတ်ရင်း စေတနာမှန် များဖြင့် လှိုင်းကြား၊ လေကြား မုန်တိုင်းကြား မရှောင် အစွန် အဖျား ကျေးရွာများ အထိ သွားရောက်ပြီး လုံခြုံရေး တာဝန် များကို ထမ်းဆောင် ခဲ့ကြ ပါသည်။ ယင်းသို့ တပ်မတော်၏ စွန့်လွှတ်စွန့်စား တာဝန် ထမ်းဆောင် မှုကြောင့်ပင် အချိန်တို အတွင်း နယ်မြေ တည်ငြိမ် မှုကို ပြန်လည် ရရှိ ခဲ့ပါသည်။



သို့ရာတွင် ၂၀၁၂ ခုနှစ် အောက်တိုဘာလ အတွင်း ရခိုင်ပြည်နယ် အတွင်းရှိ ကျောက်တော် မြို့နယ်၊ မြောက်ဦး မြို့နယ်၊ ရသေ့တောင် မြို့နယ်၊ မင်းပြား မြို့နယ်၊ ပေါက်တော မြို့နယ်၊ မြေပုံ မြို့နယ်၊ ကျောက်ဖြူ မြို့နယ်၊ ရမ်းဗြဲ မြို့နယ်နှင့် သံတွဲ မြို့နယ် တို့တွင် မမျှော်လင့်ဘဲ ဆူပူ အကြမ်း ဖက်မှုများ ထပ်မံ ဖြစ်ပွား လာခဲ့ ပြန်ပါသည်။ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၁ ရက် နေ့က မင်းပြား မြို့နယ်၊ ပိုက်သည် ရွာတွင် နေထိုင်သော ဘင်္ဂါလီ လင်မယား နှစ်ဦး စကားများ ရန်ဖြစ်မှုကို အနီး ပတ်ဝန်းကျင် ကင်းဆိပ် ရွာမှ ရွာသား များက ဝိုင်းကြည့် ကြ၍ ယောက်ျား ဖြစ်သူမှ မကျေနပ်သည့် အတွက် ဝိုင်းကြည့် နေသူ များအား လေးခွဖြင့် ပစ်ခတ် ခဲ့ကြောင်း၊ ယင်း ပစ်ခတ် မှုကြောင့် ကင်းဆိပ် ရွာမှ ရွာသားများ စုရုံးပြီး ပိုက်သည် ရွာသို့ သွားရောက် လက်တုန့်ပြန် မီးရှို့ ခဲ့ရာမှ အစပြု၍ ဆူပူမှု ပဋိပက္ခ စတင် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိ ရပါသည်။ ယခင် ပဋိပက္ခများ ဖြစ်ပွားစဉ် ကတည်းက နယ်မြေ လုံခြုံရေး ဆောင်ရွက် နေခဲ့ပြီး တပ်ရင်း ဌာနချုပ် အသီး သီးသို့ ပြန်လည် ဝင်ရောက် အနားယူ နိုင်ခြင်း မရှိသေးသော တပ်မတော် စစ်ကြောင်းများ အနေဖြင့် ပဋိပက္ခများ ထပ်မံ ဖြစ်ပွား လာချိန်တွင် ဆူပူမှု ဖြစ်ပွားရာ နေရာ များသို့ အမြန်ဆုံး သွားရောက် ထိန်းသိမ်း ဆောင်ရွက် ခဲ့ရ ပြန်ပါသည်။

ဤနေရာ၌ လူအမျိုးမျိုး စိတ်အထွေထွေ ဟူသည့် စကားအတိုင်း တပ်မတော်၏ ရပ်တည် ဆောင်ရွက် မှုများ အပေါ် ဝေဖန်မှု အမျိုးမျိုး ကိုလည်း ကြားသိ ရပါသည်။ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၅ ရက် နေ့တွင် သံဃာတော် အပါး ၁၀၀ ခန့်နှင့် ရခိုင်လူမျိုး ၅၀ ခန့် ပူးပေါင်း၍ ရန်ကုန်ရှိ ဆူးလေ စေတီတော်တွင် စုစည်းကာ ဆန္ဒပြမှု တစ်ရပ်ကို ပြုလုပ် ခဲ့ကြ ပါသည်။ ယင်း ဆန္ဒ ပြမှုတွင် တပ်မတော် အနေဖြင့် ရခိုင် လူမျိုးများ ဘက်မှ ရပ်တည် ကာကွယ် ပေးရန် တောင်းဆိုချက်များ ပါဝင်ကြောင်း သိရှိ ရပါသည်။ အချို့သော သတင်း ဌာနများ အနေဖြင့်လည်း တပ်မတော်သည် ဘင်္ဂါလီ ကျေးရွာ များတွင်သာ အခြေချ၍ ဘင်္ဂါလီ များကိုသာ အကာအကွယ် ပေးနေ သယောင် ဝေဖန် ရေးသား နေမှုများလည်း တွေ့ရှိ ရပါသည်။ အခြေ အနေ မှန်ကို မသိရှိသူများ အတွက် အမှောင်ထဲတွင် လမ်းလျှောက် သလို ဖြစ်နေ ပါလိမ့်မည်။ စာရေးသူ လေ့လာ သိရှိ ထားသမျှ ရှင်းလင်း ရေးသား လိုပါသည်။





ကျောက်တော် မြို့နယ်၊ လက်ဆောင်ကောက်ရွာ အနီးမှ သိမ်းဆည်း ရမိခဲ့သည့်  ဒေသန္တရလုပ် ယမ်းထောင်း စိန်ပြောင်းကြီး

နိုင်ငံတော်သစ် ဆီသို့ ချီတက်ရာ ဒီမိုကရေစီ လမ်းကြောင်းသည် ဖန်သားပြင် ကဲ့သို့ ချောမွေ့၍ ဖဲသား ကဲ့သို့ နူးညံ့ နေမည်ဟု မယူဆ သင့်ပါ။ မျဉ်းဖြောင့် တစ်ကြောင်း ကဲ့သို့ ဖြောင့်ဖြူး နေလိမ့်မည် ဟုလည်း မျှော်လင့် မထား သင့်ပါ။ အကွေ့ အကောက် အဖု အထစ် အခက်ခဲ အချို့ကို ရင်ဆိုင် ဖြတ်သန်း ရမည်သာ ဖြစ်ပါသည်။ ရခိုင် ပြည်နယ် ကိစ္စသည် အကွေ့ အကောက် အဖု အထစ် တစ်ခုပင် ဖြစ်ပါ သည်။ ဒီမိုကရေစီ လမ်းကြောင်း ဖြောင့်ဖြူးရန် နိုင်ငံ တည်ငြိမ် အေးချမ်း ရေးနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး ဟူသည့် ဒေါက်တိုင်ကြီး ၂ ရပ် အပေါ်တွင် အခြေခံ သည်ဟု စာရေးသူ ရှုမြင် မိပါသည်။ လူတစ်ဦး ကမ္ဘာ မြေပေါ်တွင် ရပ်တည် နိုင်ရန် ခြေထောက် နှစ်ဖက် လိုအပ် သကဲ့သို့ပင် ဒီမိုကရေစီ နိုင်ငံ အဖြစ် ရပ်တည် နိုင်ရေး တွင်လည်း ယင်း အခြေခံ ဒေါက်တိုင် နှစ်ခု လိုအပ် ကြောင်းကို ခိုင်းနှိုင်း ပြ လို ပါသည်။ တစ်ဖက်ဖက် ယိုယွင်း ပါက ရေရှည် ရပ်တည်နိုင်မည် မဟုတ်သည် ကိုလည်း တွေးဆ သိမြင် နိုင်ပါ လိမ့်မည်။ စာရေး သူတို့ အနေဖြင့် တည်ငြိမ် အေးချမ်းမှု မရှိဘဲ ဒီမို ကရေစီကို မျှော်မှန်း၍ မရ နိုင်ပါ။

တိုင်းပြည် တည်ငြိမ် အေးချမ်းရေး အတွက် တစ်ဖက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက် ရမည် ဖြစ်သလို တစ်ဖက် တွင်လည်း နောက်ကွယ်မှ ကြိုးကိုင် လှုပ်ရှား နေသော လူ ပုဂ္ဂိုလ်နှင့် အဖွဲ့ အစည်း များ ကြောင့် မမျှော်လင့်ဘဲ ဖြစ်ပေါ် လာသည့် ဆူပူ အကြမ်းဖက်မှု များကို ထိရောက် လျင်မြန်စွာ ထိန်းချုပ် သွားရမည် ဖြစ်ပါသည်။



လူစု လူဝေးဖြင့် အုပ်စုဖွဲ့၍ ဥပဒေမဲ့ ပြုမူ မှုကြောင့် ပျက်စီး ဆုံးရှုံး ခဲ့သည့် မြင်ကွင်းများ

တပ်မတော်သည် ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင် ရာတွင် နိုင်ငံတော် အစိုးရနှင့် တစ်စိတ်တည်း တစ်ဝမ်းတည်း ပူးပေါင်း ဆောင် ရွက် နေသကဲ့သို့ ရခိုင် ပြည်နယ်တွင် ဖြစ်ပေါ် နေသော ဆူပူ အကြမ်းဖက် မှုများ ကိုလည်း အုပ်ချုပ်ရေး ဆိုင်ရာ အဖွဲ့ အစည်းများ၊ ဒေသ ခံ ပြည်သူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ပြည်တွင်း ပြည်ပ NGO အဖွဲ့ အစည်းများဖြင့် ပူးပေါင်း ထိန်းသိမ်း ဆောင်ရွက်လျက် ရှိပါသည်။ မည့်သည့် အဖွဲ့ အစည်းက တပ်မတော်နှင့် ပူးပေါင်း ဆောင်ရွက်သည် ဖြစ်ပါစေ ပင်ပန်း ကြမ်းတမ်းပြီး အန္တရာယ် များသည့် ကိစ္စများတွင် တပ်မတော် သည်သာ ရှေ့ဆုံးမှ ဦးဆောင်၍ အနစ်နာခံ ဖြေရှင်း ရစမြဲ ဖြစ်ပါသည်။ ယင်းသို့ ဦးဆောင် ဦးရွက် ပြုခြင်းဖြင့် မလိုသူ များ၏ အမုန်း ခံရ မှုများ ကိုလည်း ရရှိ ပါသည်။ တစ်ဦး တစ်ယောက်၏ ချစ်ခြင်း၊ မုန်းခြင်းသည် အဆိုပါ ပုဂ္ဂိုလ်၏ ပုဂ္ဂလိက ခံစားချက် တစ်ခု သာ ဖြစ်ပါသည်။ တပ်မတော်သည် ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်၏ ပုဂ္ဂလိက ခံစားချက်ထက် သန်း ခြောက်ဆယ်သော ပြည်သူ များ၏ မျက်နှာနှင့် လိုလားချက် များကိုသာ အလေး ဂရုပြု ရမည် ဖြစ်ပါသည်။

တပ်မတော်၏ သမ္ပဇဉ် တစ်ရပ် အနေဖြင့် မည်သည့် ဆောင်ရွက်ဖွယ် လုပ်ငန်း ကိစ္စကို မဆို စီမံချက် ရေးဆွဲပြီး မှသာ အကောင် အထည်ဖော် ဆောင်ရွက်လေ့ ရှိပါသည်။ စီမံချက် မရှိသော လုပ်ဆောင်မှု တပ်မတော်တွင် မရှိပါ။ စီမံချက်တွင် ရည်မှန်းချက် ဆို သည့် ခေါင်းစဉ် ပါရှိပြီး ၎င်းနောက်တွင် လုပ်နည်း ဆိုသည့် ခေါင်းစဉ် ရှိပါသည်။ ဆိုလိုသည်မှာ လုပ်ငန်း တာဝန် တစ်ခု အတွက် တိကျ သည့် ရည်မှန်းချက် ချမှတ်ပြီးမှ အကောင် အထည် ဖော်ခြင်း ဖြစ်ပါသည်။ ရခိုင် ပြည်နယ် အတွင်း ဆူပူ အကြမ်းဖက် မှုများ ထိန်း သိမ်းရေး စီမံချက်၏ ရည်မှန်းချက် ခေါင်းစဉ် အောက်တွင် သက်ဆိုင်ရာ တာဝန် ယူရသည့် နယ်မြေ အလိုက် တည်ငြိမ် အေးချမ်း မှု ဖော်ဆောင် နိုင်ရမည်ဟု တိကျစွာ ရေးဆွဲ ထားပါသည်။ လုပ်ဆောင်ရမည့် နည်းလမ်း အောက်တွင်လည်း ထိခိုက်၊ သေဆုံး၊ ပျက်စီးမှု အနည်းဆုံး ဖြစ်စေရမည် ဆိုသည်ကို ဦးတည်၍ ရေးဆွဲ ထားပါသည်။ ဤ အပိုင်းတွင် မည်သူ သာစေ၊ မည်သူ နာစေ ဆိုသည်များ မပါဝင်ပါ။ ဖြူဖြူ မည်းမည်း မှန်သည့် ဘက်မှာပဲ တပ်မတော် ရှိမည် ဖြစ်ပါသည်။

အမျိုး ဘာသာ၊ သာသနာ အတွက်ဟု ဆိုသည့် လူတစ်စုက ရန်ကုန်မြို့ ကြီးတွင် နေ၍ တပ်မတော်အား ပုတ်ခတ် ပြောဆို နေခြင်းသည် လက်ခံ နိုင်ဖွယ် ကိစ္စ မဟုတ်ပါ။ မျက်မမြင် ပုဏ္ဏားများ ကဲ့သို့ အခြေ အနေ မှန်ကို မြင်နိုင်စွမ်း မရှိသည့် အတွက် စိတ်ထင် ရာ ဝေဖန် ပြောဆို နေခြင်း ဟုသာ စာရေးသူ ယူဆ မိပါသည်။

ဤနေရာတွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း (၁၁) ပါ အရေးပေါ် ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက် များအား အနည်း ငယ် ရေးသား ဖော်ပြ လိုပါသည်။ ပုဒ်မ ၄၁၁ ပုဒ်မခွဲ (က) တွင် အရေးပေါ် အခြေ အနေ ကြေညာသည့် ကိစ္စရပ်၌ နိုင်ငံတော် သမ္မတ၏ လုပ်ပိုင်ခွင့် များကို လည်းကောင်း၊ ပုဒ်မခွဲ (ခ) တွင် ဥပဒေ ပြုခွင့် အာဏာနှင့် ပတ်သက်သည် များကို လည်းကောင်း ဖော်ပြ ထားရှိ ပါသည်။ ပုဒ်မ ၄၁၂ ပုဒ်မခွဲ (က) တွင် နိုင်ငံတော် သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေ ကဲ့သို့ အာဏာ တည်သည့် အမိန့် ထုတ်ပြန်၍ အရေးပေါ် အခြေ အနေ ကြေညာ နိုင်မှုကို လည်းကောင်း၊ ပုဒ်မခွဲ (ခ) တွင် ယင်းသို့ ညှိနှိုင်း ရာတွင် အဖွဲ့ဝင်များ စုံညီစွာ တက်ရောက် နိုင်ခြင်း မရှိ ပါက အဖွဲ့ဝင်များ ဖြစ်သော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီး တို့နှင့် ညှိနှိုင်းပြီး အရေးပေါ် အခြေ အနေ အချိန်မီ ထုတ်ပြန် ကြေညာ နိုင်မှုကို လည်းကောင်း ဖော်ပြ ထားရှိ ပါသည်။ ပုဒ်မ ၄၁၃ ပုဒ်မခွဲ (က) တွင် အရေးပေါ် အခြေအနေ ကြေညာချက် အကျိုး သက်ရောက်သည့် နယ်မြေ ဒေသ အတွင်း မူလ အခြေ အနေသို့ အမြန် ပြန် လည် ရောက်ရှိ စေခြင်းငှာ သက်ဆိုင်ရာ အဖွဲ့ အစည်းများ၊ အဖွဲ့အစည်း ဝင်များက တည်ဆဲ ဥပဒေများ နှင့်အညီ တာဝန် ထမ်းဆောင် ရာတွင် ထိရောက်မှု ရှိစေရန် တပ်မတော်၏ အကူ အညီကို ရယူ ဆောင်ရွက် နိုင်မှုကို လည်းကောင်း၊ ပုဒ်မခွဲ (ခ) တွင် နိုင်ငံတော် သမ္မတသည် လိုအပ် ပါက စစ်အုပ်ချုပ်ရေး အမိန့် တစ်ရပ် ထုတ်ပြန် နိုင်ပြီး ယင်း စစ်အုပ်ချုပ်ရေး အမိန့်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား အုပ်ချုပ်ရေး ဆိုင်ရာ လုပ်ပိုင် ခွင့်နှင့် တာဝန် များကို လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာ ရေး၊ တရားဥပဒေ စိုးမိုးရေးတို့နှင့် သက်ဆိုင်သည့် တရား စီရင်ရေး ဆိုင်ရာ လုပ်ပိုင် ခွင့်နှင့် တာဝန်များကို လည်းကောင်း သတ်မှတ် ပေး၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ယင်း လုပ်ပိုင်ခွင့်နှင့် တာဝန်များ ကို မိမိ ကိုယ်တိုင် ကျင့်သုံး ဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက် အာဏာပိုင် တစ်ဦးဦးကို ကျင့်သုံး ဆောင်ရွက် စေခြင်း ပြုနိုင်မှုကို လည်းကောင်း ဖော်ပြ ထားရှိ ပါသည်။ တပ်မတော် အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတိုင်း လိုက်နာ ဆောင်ရွက် သွားမည်ပင် ဖြစ်ပါသည်။ အငြင်းပွားဖွယ် ပြဿနာ တစ်စုံ တစ်ရာ ရင်ဆိုင် လာရ ပါကလည်း နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဘက်မှသာ မားမား မတ်မတ် ရပ်တည် သွားမည် ဆိုသည်ကို အခိုင်အမာ ပြောကြား လိုပါသည်။



ရခိုင် ပြည်နယ်တွင် ဖြစ်ပေါ် နေသော ပဋိပက္ခများ အတွင်း အုပ်စုဖွဲ့ ဆူပူ အကြမ်းဖက် မှုများနှင့် ပတ်သက်၍ ဥပဒေ ကြောင်း အရ လေ့ လာ မိသမျှ ကိုလည်း ဖော်ပြ လိုပါ သေးသည်။ ပြစ်မှုဆိုင်ရာ ဥပဒေ အခန်း (၈) ပုဒ်မ (၁၄၁) တွင် ဥပဒေနှင့် ဆန့်ကျင်သော အစု အဝေး ဆိုသည်ကို အဓိပ္ပါယ် ဖွင့်ဆို ထားပြီး ထို အစု အဝေးတွင် ပါဝင်သူ ဖြစ်ပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၄၃) အရ ထောင်ဒဏ် ၆ လ အထိ လည်းကောင်း၊ ထို အစု အဝေးတွင် သေစေ လောက်သော လက်နက်ကို စွဲကိုင်ကာ ပါဝင်ပါက ထောင်ဒဏ် ၂ နှစ် အထိ လည်းကောင်း ချမှတ် နိုင်သည်ဟု ပြဋ္ဌာန်း ထားပါသည်။ ပုဒ်မ (၁၄၇) အရ ရုန်းရင်း ဆန်ခတ် မှုကို ကျူးလွန် ပါက ထောင်ဒဏ် ၂ နှစ် အထိ လည်းကောင်း၊ သေစေ လောက်သော လက်နက်ကို စွဲကိုင်၍ ရုန်းရင်း ဆန်ခတ် မှုကို ကျူးလွန် ပါက ပုဒ်မ (၁၄၈) အရ ထောင် ဒဏ် ၃ နှစ် အထိ လည်းကောင်း ချမှတ် နိုင်ကြောင်း ပြဋ္ဌာန်း ထားပါသည်။ ပုဒ်မ (၁၅၂) တွင် ရုန်းရင်း ဆန်ခတ် မှုကို နှိမ် နင်း နေသော ပြည်သူ့ ဝန်ထမ်းကို လက်ရောက်မှု ကျူးလွန်ပါက သို့မဟုတ် ဟန့်တားပါက ထောင်ဒဏ် ၃ နှစ် အထိ ချမှတ် နိုင်ကြောင်း ပြဋ္ဌာန်း ထားပါသည်။

အထက်ပါ ပြစ်ဒဏ်များသည် လူစု လူဝေးတွင် ပါဝင်ရုံ၊ လက်နက် ကိုင်ဆောင်ရုံ အတွက် သာလျှင် ပြဋ္ဌာန်း ထားခြင်း ဖြစ်ပြီး ထိုမှ တစ်ဆင့် ဘေးဖြစ်စေ တတ်သော လက်နက်ဖြင့် သို့မဟုတ် နည်းဖြင့် တစ်ဦး တစ်ယောက်သော သူအား နာကျင် စေပါက သာမန် နာကျင်မှု ဆိုလျှင် ပုဒ်မ (၃၂၄) အရ ထောင်ဒဏ် ၃ နှစ် အထိ ချမှတ်နိုင်ပြီး အပြင်းအထန် နာကျင်မှု ဆိုပါက ပုဒ်မ (၃၂၆) အရ တစ်သက် တစ်ကျွန်းဒဏ် အထိ ပြစ်ဒဏ် ချမှတ် နိုင်ကြောင်း ပြဋ္ဌာန်း ထားပါသည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၄၃၆) တွင် မည်သူမဆို၊ ကိုးကွယ် ဝတ်ပြုသော နေရာ အဖြစ်ဖြင့် သော် လည်းကောင်း၊ နေအိမ် အဖြစ် ဖြင့်သော်လည်းကောင်း၊ ပစ္စည်းများ သိုလှောင် ထိန်းသိမ်းသော နေရာ အဖြစ် ဖြင့်သော် လည်းကောင်း၊ သာမန် အားဖြင့် အသုံး ပြုသော အဆောက် အအုံကို ဖျက်ဆီးရန် အကြံဖြင့် ဖြစ်စေ၊ မိမိက ထိုသို့ ပျက်စီး စေမည် ဖြစ်တန် ရာသည်ကို သိလျက်နှင့် ဖြစ်စေ မီးဖြင့်၊ သို့တည်းမဟုတ် ပေါက်ကွဲ စေတတ်သော အရာဖြင့် အကျိုး ဖျက်ဆီးမှုကို ကျူးလွန်လျှင် ထိုသူကို တစ်သက် တစ်ကျွန်း ဒဏ် ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ ချမှတ် ရမည့် အပြင် ငွေဒဏ်လည်း ချမှတ် နိုင်ကြောင်း ပြဋ္ဌာန်း ထားပါသည်။



ရခိုင် ပြည်နယ် အတွင်း တည်ငြိမ် အေးချမ်း ရေးနှင့် တရား ဥပဒေ စိုးမိုးရေးကို ထိခိုက် ပျက်ပြား စေရန် လူစု လူဝေးဖြင့် ဥပဒေမဲ့ ပြုမူမှု များသည် အကြမ်းဖက် လုပ်ရပ်များပင် ဖြစ်ပါသည်။ တပ်မတော်သည် နိုင်ငံတော်နှင့် နိုင်ငံသား တို့၏ အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရန် အဓိက တာဝန် ရှိသည့် အတွက် ရခိုင် ပြည်နယ် အတွင်း တစ်ကျော့ပြန် အကြမ်းဖက် ပဋိ ပက္ခများကို ထိန်းသိမ်းရန်  ဥပဒေနှင့် အညီ ဆောင်ရွက် နေခြင်းသာ ဖြစ်ပါသည်။ မြို့ပြ အုပ်ချုပ် ရေးတွင် ဝင်ရောက် ကူညီခြင်း (Aid to Civil Power) မှ သည် စစ်ဘက် အုပ်ချုပ်ရေး အဆင့်သို့ မရောက်အောင် ဆောင်ရွက် နေသကဲ့သို့ ထိခိုက် သေဆုံးမှု၊ ပျက်ဆီး ဆုံးရှုံးမှု အနည်းဆုံးဖြင့် ထိန်းသိမ်း နိုင်အောင်လည်း ဆောင်ရွက်လျက် ရှိပါသည်။



၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ အရ ဆောင်ရွက် ခြင်းနှင့် ဘာသာ/လူမျိုး မဟူ အတူ တကွ နေရေး/ မနေ ရေးသည် နိုင်ငံရေး /အုပ်ချုပ်ရေး အရ ဖြေရှင်းရန် ဖြစ်ပြီး လတ်တလော လိုအပ်ချက်မှာ တည်ငြိမ် အေးချမ်း ရေးနှင့် ဆူပူ အကြမ်း ဖက်မှု မဖြစ်ရေး သာ ဖြစ်ပါသည်။ တပ်မတော် အနေဖြင့် နိုင်ငံတော် အတွက် ဘေး အန္တရာယ် ကျရောက်သည့် အချိန်တိုင်း တစ်နည်းအားဖြင့် ဒို့တာဝန် အရေး သုံးပါးကို ထိပါး နှောက်ယှက် လာသည့် အချိန်တိုင်း အသက် သွေး ချွေးများ ပေးဆပ်၍ ကာကွယ် ခဲ့ရ စမြဲ ဖြစ်သည်မှာ သမိုင်း တစ်လျှောက် မည်သူမျှ ငြင်းပယ်၍ မရသော အမှန်တရား ဖြစ်ပါသည်။ ဤသည်မှာ တပ်မတော်၏ တုနှိုင်းမဲ့ ဂုဏ်ဒြပ်ပင် ဖြစ်ပါသည်။ သမိုင်း အစဉ် အလာ ကောင်းခဲ့သော တပ်မတော်သည် မျက်မှောက် ခေတ်တွင်လည်း ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းကြောင်း အတွက် အနှောင့် အယှက် ဖြစ်စေသည့် ဆူပူ အကြမ်းဖက် မှုများကို နည်းလမ်း တကျ ထိန်းသိမ်းလျက် ရှိပါသည်။ မလိုသူ များ၏ ဝေဖန် ပုတ်ခတ်မှုများ ရှိနေမည် ဖြစ်သော်လည်း ပဋိပက္ခ ဖြစ်နေသော အုပ်စု နှစ်စုအား ထိန်းသိမ်း ရာတွင် အုပ်စု တစ်ခုခု ဘက်မှ ရပ်တည် ပေး လိမ့်မည် မဟုတ်ပါ။ တပ်မတော်သည် အခြေခံ ဥပဒေနှင့် အမှန်တရား ဘက်တွင်သာ အခိုင်အမာ ရပ်တည် နေမည် ဖြစ်ပါသည်။ အများ ပြည်သူ လိုလားသည့် ဒီမိုကရေစီ လမ်းကြောင်းကို ဆူပူ အကြမ်းဖက်မှု များကြောင့် မထိခိုက် စေရန်၊ တည်ငြိမ် အေးချမ်း ရေးနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး ဒေါက်တိုင် နှစ်ခု မြဲမြံ နေစေရန် တို့အတွက် ဝေဖန်ရေး သက်သက်သာ ဆောင်ရွက် နေကြမည့် အစား ရခိုင် ပြည်နယ် အတွင်းမှ တာဝန်ရှိ အဖွဲ့ အစည်း များနှင့် အမြန်ဆုံး ပူးပေါင်း ဆောင်ရွက် သင့်ပြီ ဖြစ်ပါကြောင်း ရေးသား ဖိတ်ခေါ် ရပါသည်။


Myanmar Express 

2 comments:

အပိုတွေပြောမနေနဲ့ ဒီဘင်္ဂါလီတွေနဲ့ ဘယ်လိုမှအတူမနေနိုင်ဘူး ဒီသူခိုးဓားပြ မိစ္ဆာဒိဌိတွေ ကိုလုံးဝကိုမောင်းထုတ်ပစ်ရမယ်

Rakhine people and Myanmar people need Myanmar Patriotic leader , true leader and hero leader who defend Rakhine people and against illegal Bangladesh muslims in Rakhine state and Myanmar. Myanmar army , soldiers and polices in Rakhine state should not shoot our own ethnic brother Rakhine people . Only shoot illegal Bangladesh Muslim rebels , muslim terrorists and muslim separatists.
One true and patriotic Myanmar leader will appear in Myanmar to defend our own ethnic and brother Rakhine people and against Illegal Bangladesh muslim invaders , muslim rebels , muslim separatists and terrorists if Myanmar government , army and solders and polices continue shoot our own ethnic Rakhine people.

Myanmar government must do the following step by step to prevent Myanmar from Islamization of muslims in Rakhine state and Myanmar.
(1) Myanmar government must fire 3 Bangladesh muslim spy representatives from Myanmar Hluttaw immediately.
(2 ) Arrest and Prison all Myanmar army officers , immigration officers , polices in Myanmar Bangladesh borders and Myanmar muslims and some traitor Myanmar in all towns and cities of Myanmar who support illegal Bangladesh muslims to enter Myanmar illegally immediately .
(3) Deport all Bangladesh muslims from Rakhine state and Myanmar immediately.
(4 ) Ban Mosques in Myanmar and destroy all mosques in Myanmar.
(5 ) Control all Myanmar muslim population in Myanmar ( 1 wife and 1 child for 1 muslim ).
(6) Build big and strong border wall in Myanmar Bangladesh border. Shoot all Bangladesh muslims who cross Border illegally on the spot like India.
(7 ) Myanmar government establish good transportation to Rakhine state and establish good economy in Rakhine state and support all Myanmar people and Rakhine people from mainland Myanmar move to Muslim majority towns and cities after deportation of all Bangladesh muslims to Bangladesh.
(8) Kill and Wipe out all muslim Terrorists and separatists in Rakhine state.


Myanmar government must condemn Bangladesh government, BGP , Bangladesh immigration officers in Myanmar Bangladesh border , Bangladesh opposition party leaders and pro Rohingya organizations in Bangladesh because they support Bangladesh muslims to enter Myanmar illegally and they want Rakhine state from Myanmar. They support muslim separatists in Rakhine state. Myanmar government kill and wipe out all muslim separatists in Rakhine state , Myanmar.
Myanmar government deport and expel all Bangladesh muslims to Bangladesh and support all Myanmar and Rakhine people from mainland Myanmar move to all muslim majority towns ( Maungdaw and Buthidaung ) after expel all muslims from Rakhine state.


Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်