Subscribe to our RSS Feed

အိုဘားမား မြန်မာသို့ လာလည်မည်ဟု အေအက်ဖ်ပီသတင်းဖော်ပြ

From : 7day

ဒုတိယသက်တမ်းအတွက် ပြန်လည်ရွေးကောက်ခံခဲ့ရသော အမေရိကန်သမ္မတ အိုဘားမားသည် ယခုလကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန်ရှိကြောင်း အမည်မဖော်လိုသူ မြန်မာအစိုးရ တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီသတင်းသို့ ပြောကြားသည်။

သတင်း၌ ယင်းအရာရှိက "သမ္မတအိုဘားမားဟာ သမ္မတ(ဦးသိန်းစိန်)နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ဆုံသွားမှာပါ။ သူ နိုဝင်ဘာ

၁၉ မှာ ရန်ကုန်ကို ရောက်ပါမယ်"ဟု ပြောသည်။ အသေးစိတ်အချက်များကိုမူ လုံခြုံရေးအကြောင်းပြချက်များကြောင့် မသိရကြောင်းလည်း ၄င်းကဆက်ပြောသည်။ မြန်မာနှင့် အမေရိကန်တို့သည် ယမန်နှစ်က သမ္မတဦးသိန်းစိန်၏ အရပ်သားတစ်ပိုင်းအစိုးရ တက်လာပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး ထူးခြားစွာ ကောင်းမွန်လာခဲ့သည်။ အိုဘားမားသည် ဒုတိယသက်တမ်းအတွက် ရွေးကောက်ပွဲအနိုင်ရပြီးနောက် နိုဝင်ဘာ ၂၂ ရက် (ကျေးဇူးတော်နေ့)မတိုင်ခင် ပြည်ပခရီးများ ထွက်ဖွယ်ရှိသည်။ အိမ်ဖြူတော်ဘက်ကမူ မြန်မာသို့ အိုဘားမား၏ ခရီးစဉ်နှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မှ မပေးချေ။

ကမ္ဘောဒီးယားအာဏာပိုင်များကမူ အိုဘားမားသည် ဖနွမ်းပင်မြို့တော်၌ ကျင်းပသော အာဆီယံ ထိပ်သီးစည်းဝေးပွဲတွင် အရှေ့တောင်အာရှခေါင်းဆောင်များ၊ ဒေသတွင်း မိတ်ဖက်နိုင်ငံများဖြစ်သော တရုတ်၊ ရုရှားတို့နှင့်အတူ တက်ရောက်ရှိသည်ဟု ဆိုသည်။ အာဆီယံထိပ်သီးအစည်းအဝေး၊ အရှေ့အာရှထိပ်သီးအစည်းအဝေးပွဲမှာ နိုဝင်ဘာ ၂၀ တွင် ပြီးဆုံးမည်ဖြစ်သည်။

From : popular

အိုဘားမား မြန်မာနိုင်ငံသို့ နိုဝင်ဘာလနှောင်းပိုင်းတွင် လာမည်ဟုဆို

အမေရိကန်သမ္မတဘားရတ်အိုဘားမားသည် ယခုလနှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့လာရောက်လိမ့်မည်ဟု မြန်မာအစိုးရအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ အေအက်ပီသတင်းတွင် ဖော်ပြထားသည်။

အမ
ည်မဖော်လိုသူ အစိုးရအရာရှိ တစ်ဦး၏ ပြောကြားချက်အရ သမ္မတအိုဘားမားသည် ။မြန်မာနိုင်ငံသို့နိုဝင်ဘာလ ၁၈ရက် သို့မဟုတ် ၁၉ရက်တွင် ရောက်ရှိမည်ဖြစ်၍ လုံခြုံရေးကိစ္စရပ်များကို ပြုတင်ပြင်ဆင်နေရသော်လည်း ယင်းအစီအစဉ်မှာ အတည်မပြုရသေးကြောင်းသိရသည်။

သမ္မတအိုဘားမား၏ မြန်မာခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတဦးသိန်းစိန် ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် တွေ့ဆုံသွားမည်ဟု ၄င်းကဆိုသည်။
သမ္မတအိုဘာမား၏ ခရီးစဉ်သည် အမေရိကန်သမ္မတတစ်ဦး၏ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ခရီးစဉ်ဖြစ်သည်။သို့ရာတွင် ယင်းသတင်းနှင့် ပတ်သတ်၍ အမေရိကန်ဘက်မှ အတည်ပြုခြင်းမရှိသေးပေ။

သို့ရာတွင် အိမ်နီးချင်း နိုင်ငံများဖြစ်သော ထိုင်းနှင့် ကမ္ဘောဒီယားနိုင်ငံများ အမေရိကန်သမ္မတ အိုဘားမား ခရီးစဉ်အတွက် ပြင်ဆင်နေကြကြောင်း ထုတ်ပြန်ထားသည်။အိုဘားမားမြန်မာနိုင်ငံသို့ လာရောက်မည့် အစီအစဉ်မှာ အကောင်အထည်ပေါ်လာဖွယ်ရှိသည်ဟု သုံးသပ်ကြသည်။

  Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်