From : the voice
အိန္ဒိယနယ်စပ်နှင့် ဆက်စပ်နေသော စစ်ကိုင်းတိုင်း ကလေးမြို့တွင် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၆ နာရီ ဝန်းကျင်တွင် ခိုးဝင်လာသော ဘင်္ဂါလီ ခြောက်ဦးကို ဖမ်းဆီးရမိကြောင်း ယင်းမြို့နယ် ရဲစခန်းမှ သိရသည်။
ကလေးမြို့တောင်ပိုင်းရှိ ခုံတိုးမြို့သာနှင့် ကြန်သာ ကျေးရွာတို့တွင်
ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး မြောက်စည်းကျေးရွာ ရဲစခန်းတွင်
စစ်ဆေးနေကြောင်း ၄င်းတို့ထံမှ သိရသည်။
“ရွာသားတွေက သတင်းပေးလို့ ဖမ်းမိတာပါ၊ ခုံတိုးမြို့သာမှာက (၄)ယောက်၊ ကြန်သာမှာက ( ၂)ယောက် မိပါတယ်” ဟု ကလေးမြို့ရှိ အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့မှ ဆရာတော် ဦးပဏ္ဍဝံသက The Voice Weekly သို့ အတည်ပြု မိန့်ကြားသည်။
ကလေးမြို့နယ်အတွင်းသို့ ၂၀၁၂ ခုနှစ်အတွင်း ဘင်္ဂါလီများ ခိုးဝင်လာမှု
ပိုမို များပြားခဲ့ပြီး သက်ဆိုင်ရာ အာဏာပိုင်များမှလည်း သတိထား စောင့်ကြည့်နေရကြောင်း ဒေသခံများက တူညီစွာ ပြောကြားသည်။
www.MyanmarExpress.net

.jpg)
2 comments:
ဖမ်းမိတာတွေအားလုံး အဖွားကြီးဆီပို့လိုက်
...................
သူ့ဘဲကကုလားကြီးဗျ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်