Subscribe to our RSS Feed

ကေအိုင်အေက ရေပေါက်တံတားအား မိုင်းထောင်ဖောက်ခွဲ

  ၃၀-၁၂-၂၀၁၂ ရက်နေ့ ၀၂၀၀ အချိန် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ တောင်နီဘူတာနှင့် မင်းကုန်းဘူတာကြား မြစ်ကြီးနား-မန္တလေးရထားလမ်း၊ မိုင်တိုင်အမှတ်(၆၆၈/၂၂)ရှိ အရှည်(၂၀)ပေခန့် တံတားအမှတ်(၆၄၇) ရေပေါက်တံတားတွင် ကေအိုင်အေသောင်း ကျန်း သူများထောင်ထားသည့် မိုင်း(၁)လုံး ပေါက်ကွဲခဲ့သည်။ မိုင်းပေါက်ကွဲမှုကြောင့် အနောက်ခြမ်းရှိ ရထားသံလမ်းအောက်ခြေ (၆)လက်မခန့် ပဲ့ထွက်၍ ဇလီဖားတုံး(၅)တုံး ပျက်စီးခဲ့ပြီး တံတားအောက်ခံသံဘောင်(၁)ပေခန့် ကွေးသွားခဲ့သော်လည်း ရထားများ အရှိန်လျှော့မောင်းနှင်၍ရသဖြင့် အစုန်/အဆန်ရထားများ ပုံမှန်ပြေးဆွဲလျက်ရှိသည်။

မိုင်းပေါက်ကွဲသည့်နေရာသို့ ပင်းဘောရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မှ တပ်မတော်သားများ လုံခြုံရေးဆောင်ရွက် ပေးလျှက်ရှိပြီး မြန်မာ့မီးရထားမှ တာဝန်ရှိသူများက သွားရောက်ပြုပြင် ခဲ့ရာ ၁၀၄၅ အချိန်တွင် ပြီးစီးခဲ့သဖြင့် ရထားများ ပုံမှန်သွားလာ လျက်ရှိကြောင်း သတင်းရရှိသည်။


www.MyanmarExpress.net
 

4 comments:

It does not do any good to destroy the properties of the state.The more you do like this,the more you will be against by the public.

ရန်ကုန်မှာ စစ်ရပ်စဲဖို့ ဆန္ဒပြသူတွေကို ပြင်ခိုင်းလိုက်ရင်ကောင်းမယ်

ဟုတ် တယ် အား တိုင်း ထွက် အော် နေ တဲ့ အား အော် ရမ်း အော် တွေ ကို ပြင် ခိုင်း သင့် တယ် အော် တိုင်း ထိပ် ဆုံး က ပါ ရဲ မူး ကို တောင် ပြန် လုပ် ဖို့ လုပ် တဲ့ မ အာ ပြဲ ကို ဦး ဆောင် ခိုင်း ပြီး ပြင် ခိုင်း

သူတိုကအော်တာပဲတပ်တာလေ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်