Subscribe to our RSS Feed

ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌနှင့် ခေါင်းဆောင်အချို့ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံမည်

From : popular

ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၏ ဥက္ကဌ အပါအ၀င် ထိပ်ပိုင်းခေါင်းဆောင်အချို့သည် သမ္မတ ဦးသိန်းစိန်၏ ဖိတ်ခေါ်ချက်အရ နေပြည်တော်သို့ သွားရောက်တွေ့ဆုံရန် ထိုင်း-မြန်မာနယ်စပ်မှ ယနေ့ စတင် ထွက်ခွာသွားပြီဖြစ်ကြောင်း KIC(ကရင်သတင်းပြန်ကြားရေးဌာန)မှ သိရသည်။

ယခုခရီးစဉ်ကို ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးမှ ဦးဆောင်၍ ကျန်ပါဝင်သူ ခေါင်းဆောင်များမှာ အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း၊ တွဲဖက် အတွင်းရေးမှူး(၂) ပဒိုမန်းမန်းမန်း၊ ပဒိုမန်းငြိမ်းမောင်နှင့် ပဒိုစောလှထွန်းတို့ ဖြစ်ကြပြီး အသေး စိတ်ကို KIC မှ ဆက်လက်သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်းသိရသည်။


   www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်