From : http://www.oppositeyes.info/2013/01/blog-post_6785.html
www.MyanmarExpress.net
နိုင်ငံတော်
အစိုးရ အနေဖြင့် ကချင် ပြည်နယ်၏ ဒေသတွင်း လုံခြုံရေး၊ တည်ငြိမ် အေးချမ်း ရေးနှင့်
ဖွံ့ဖြိုး တိုးတက်ရေးတို့ အတွက် စီမံ ဆောင်ရွက် ပေးလျက် ရှိသကဲ့သို့ KIA
အဖွဲ့နှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိေ စရန် ရည်မှန်းလျက် တွေ့ဆုံ ဆွေးနွေးမှုများ
ဆောင်ရွက်လျက် ရှိသော်လည်း KIA အဖွဲ့ အနေဖြင့် ဒေသ ဖွံ့ဖြိုးရေးနှင့် လုံခြုံရေး
လုပ်ငန်းဆောင်ရွက် နေမှုများ အပေါ် နည်းမျိုး စုံဖြင့် တိုက်ခိုက် ဖျက်ဆီးမှုများ
လုပ်ေ ဆာင်မြဲ လုပ်ဆောင် လျက် ရှိသည်။ ၂ဝ၁၂ခုနှစ် ဒီဇင်ဘာ ၃ဝရက် ညနေပိုင်းက ဖားကန့်မြို့နယ်
ဒေသအခေါ် ဝါကျဲရွာနှင့် ကထန်ရွာ အကြားရှိ လုံးခင်း- တောမှော်သွားလမ်း (လုံးခင်း
ရဲစခန်းနှင့် လေးမိုင်ခန့် အကွာ)၌ လမ်း အသုံးပြု သူများ ထိခိုက်ေ စရန် ရည်ရွယ်လျက်
KIA အဖွဲ့က မိုင်းထောင်စဉ် ပေါက်ကွဲမှု ဖြစ်ပွားရာ KIA အဖွဲ့မှ မိုင်းထောင်သူ တစ်
ဦး သေဆုံးခဲ့သည်။
ဒေသ
ဖွံ့ဖြိုးရေးနှင့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက် နေမှု အပေါ် KIA အဖွဲ့က
နည်းမျိုး စုံဖြင့် တိုက်ခိုက် ဖျက်ဆီးမှုများ လုပ်ဆောင်မြဲ လုပ်ဆောင်လျက်ရှိ
ထို့ပြင်
ယင်းနေ့ ညနေပိုင်း တွင်ပင် မိုးကောင်းမြို့နယ် မရမ်းကျေးရွာ ဘုန်းတော်ကြီး
ကျောင်း၌ အခြေပြု၍ လုံခြုံရေး ဆောင်ရွက်လျက် ရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင်
များအား KIA တပ်ရင်း(၁၁) လက်အောက်ခံ ကျောက်ကြီး စခန်း တိုက်နယ်မှူး တန်ဂွမ်း ဦးစီး
အဖွဲ့မှ အင်အား ၂ဝ ခန့်က ဒေသ အခေါ် လသာကွင်း နေရာမှ လက်နက်ငယ် များဖြင့်
ချောင်းမြောင်း ပစ်ခတ် ခဲ့သည်။ အဆိုပါ ဖြစ်စဉ်တွင် မရမ်း ကျေးရွာနေ ဦးအင်ဖော့
ဆင်ဝါး ၃ဝနှစ် (ဘ) ဦးအင်ဖော့ ဇော်အောင်၏ ယာ ဘက်ပေါင်တွင် လက်နက်ငယ် ထိမှန်ဒဏ်ရာ
(မစိုးရိမ်ရ) ရရှိ ခဲ့ကြောင်းနှင့် မိုးကောင်း ပြည်သူ့ ဆေးရုံ၌ ဆေး ကုသမှု ခံယူလျက်
ရှိကြောင်း သိရသည်။
ထို့အတူ
KIA အဖွဲ့သည် ဒီဇင်ဘာ ၃၁ရက် နံနက်ပိုင်းက မိုးမောက်မြို့နယ် မြို့သစ် ရဲစခန်း၏
အရှေ့ဘက် (၁)မိုင် ခန့်အကွာရှိ တောင်ကုန်းများမှ နေ၍ မြို့သစ်ကျေးရွာ
ပတ်ဝန်းကျင်သို့ လက်နက်ကြီး များဖြင့် ပစ်ခ တ်ခဲ့ရာ လက်နက်ကြီး ခြောက်လုံး ကျရောက်
ပေါက်ကွဲ ခဲ့ကြောင်း၊ ယင်းနေ့ ညပိုင်းက ချီဖွေငယ် ရေအား လျှပ်စစ်စက်ရုံမှ
ဝိုင်းမော် ပင်မ ဓာတ်အားပေး စက်ရုံသို့ သွယ်တန်းထားသည့် ဓာတ်အားလိုင်းဓာတ်တိုင်
အသစ်များအနက် မန်ဝိန်းကျေးရွာ အနီးရှိ ဓာတ်တိုင် အမှတ် (၁၇၉)၏ အောက်ခြေကို မိုင်းသုံးလုံး
ကပ်၍ ဖောက်ခွဲ ဖျက်ဆီး ခဲ့ကြောင်းနှင့် ဓာတ်တိုင်မှာ ၇ဝ ဒီဂရီခန့် တိမ်းစောင်းသွား
ခဲ့ကြောင်း သက်ဆိုင်ရာ ပြည်နယ်မှ သတင်း ရရှိသည်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်