From : http://www.kachindailynews.com/2013/01/blog-post_9181.html
ကေအိုင်အေနဲ့ အစိုးရတပ်တွေတိုက်ပွဲတွေဖြစ်နေတာ ၁၉လရှိနေပြီးဖြစ်ကာ ၂ဖက်အကျအဆုံးများစွာ ရှိနေပါသည်။ ကေအိုင်အေတွေရဲ့ဝါဒဖြန့် အင်တာနက်စာမျက်နှာတွေမှာတော့ အစိုးရတပ်ဘက်က စစ်သား တွေ ပက်ပက်စက်စက်ကို ကျဆုံးနေပြီး ကေအိုင်အေတွေက ဘုရားသခင်၏ စောင့်ရှောက် မှုကြောင့် အောင်ပွဲ တွေရရှိနေပါသည်။ စခန်းကုန်းတွေကိုလည် ပြန်လည်တိုက်ခိုက်သိမ်းပိုက်နေတာပါပဲ။ အင်အားနည်းနည်းသာ ရှိတဲ့ ရိက္ခာပို့ တဲ့ အစိုးရတပ်တွေကို တိုက်ပြီး အင်တာနက်ပေါ်မှာ ဘယ်နိုင်တယ်ဘယ်လိုတိုက်တယ်ဆိုတာ ၀ါဒဖြန့်ချိနေပြန် ပါတယ်။ အစိုးရဘက်က ရိက္ခာ ပို့ဖို့ ဖယ်ရှားပေး ပါ တောင်းဆိုတော့ စစ်ကြေငြာတယ်ဆိုပြီး စစ်ပြင်ဆင်ပါသည်။
www.MyanmarExpress.net

အင်တာနက်စာမျက်နှာ တစ်ခုမှာ အစိုးရတပ်မှ
အမြောက်အရာရှိတစ်ဦးက အရပ်ဘက် ပစ်မှတ်တွေကို ကေအိုင်အေ ကတိုက်ခိုက်လျှင် အမြောက်နှင့်
ပြန်လည်ပစ်ခတ်မည်ဟု ပြောဆိုခဲ့ပါသည်။ အဲဒီပြောဆိုပြီး နောက်တစ်နေ့က စပြီး ကေအိုင်အေက
မန္တလေး မြစ်ကြီးနား ရထားလမ်းကို ၂ကြိမ်ထက်မနည်း မိုင်းထောင် ဖောက်ခွဲလို့ ပြည်သူတွေထိခိုက်ပြီး
လမ်းပန်းဆက်သွယ်ရေး ပြတ်တောက် ခဲ့ရပါသည်။ ကေအိုင်အေဘက်က ပြောရေးဆိုခွင့်ရှိသူ၏ ပြောနေကြစကားအတိုင်း
စစ်ပစ္စည်းတွေ တင်လာလို့မိုင်းခွဲတာပါလို့ ဒါပေမယ့်လည်း အိပ်စင်ရထားက စစ်ပစ္စည်းတွေတင်တာဖြစ်နိုင်ပါ့မလား။
အခုလည်း အစိုးရတပ်တွေပစ်လိုက်တဲ့ လက်နက်ကြီး
လိုင်ဇာကို ကျလို့ လူ၃ဦးသေဆုံးကာ လူ ၆ဦး ဒဏ်ရာရတယ်လို့ သတင်းတွေတွေ့နေရပေမယ့် အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက
ဒီနေ့မနက်ပိုင်းမှာ လက်နက်ကြီးရော လေယာဉ်ရော ပစ်ခတ်မှုမရှိကြောင်း ဖော်ပြထားပါသည်။
အမှန်တကယ် ၁၂၀မမ အမြောက်ကြီးကျည်ကျရင်
ချိုင့်ခွက်တွေအနက်ကြီးဖြစ်နေရမှာပါ။ အစိုးရတပ် နှင့်နီးစပ်သူတွေကို စုံစမ်းကြည့်တဲ့အခါမှာဒီနေ့မှာ
အမြောက်ပစ်ခတ်ခြင်း မရှိကြောင်း သိရှိရသည်။ ကေအိုင်အေ
ဌာနချုပ်မှ အရာရှိတစ်ဦးမှ ၀ါဒဖြန့်ရန်အတွက် စခန်းကုန်းပေါ်ကနေ မြို့အစပ် ကို ပစ်ခိုင်းတာပါပဲ
ဒါပေမယ့် ပစ်ခတ်တာ တိကျမှုမရှိဘဲ လူတွေထိကုန်တာ ဖြစ်ကြောင်း ကချင်ကို ချစ်တဲ့ ခေါင်းဆောင်တွေက
ကချင်လူမျိုး တွေကိုသတ်ပြီး ၎င်းတို့အာဏာတည်မြဲဖို့အတွက် ၀ါဒဖြန့်လုပ်ဆောင်မှု ကတော့ တော်တော်လေးကို
ရက်စက်တဲ့ လုပ်ရပ်ပါပဲ။ သူတို့လုပ်ရပ်တွေကို ဘုရားသခင်ကတော့ ဒဏ်ခတ်မှာသေချာပါတယ်။ ကေအိုင်အေကို
မကျေနပ်လို့ ဟိုတနေ့က ဆန္ဒပြတဲ့သူတွေကို ချိန်းခြောက်တဲ့ သဘောရော၊ ၀ါဒဖြန့်ဖို့ အတွက်
ရော တစ်ချက်ခုတ် နှစ်ချက်ပြတ်တဲ့ ကေအိုင်အေခေါင်းဆောင်တွေ၏ ကိုယ်လူမျိုးကိုကိုယ်လုပ်တဲ့လုပ်ရပ်ကတော့
တော်တော်လေးကို စိတ်ပျက်စရာ ကောင်းသည်ဟု လိုင်ဇာ မြို့ခံတစ်ဦးကဆိုပါသည်။

2 comments:
ဘယ်ကိုပဲ ပစ် ပစ် အခု ကေ အိုင် အေ ကို မြန် မြန် တိုက် ပေး ပါ အ ခု လို သူ တို့ က မိုင်း ခွဲလိုက် နည်း နည်း ပစ် လိုက် ဘယ် အ ချိန် ထိ လဲ ငြိမ်း ချမ်း ရေး အ ရ ဆွေး နွေး မှာ လား ဒီ လူ နည်း စု ကို အ မြစ် ပြတ် ချေ မှုန်း မှာ လား က ချင် လူ မျိုး အား လုံး ရဲ့ သ ဘော ထား က ချင် ပြည် နယ် နေ ပြည် သူ တွေ ရဲ့ သဘော ထား နဲ့ ဆုံး ဖြတ် ပေး ပါ
ယခင် စစ်အစိုးရပြောရင် သတင်းလိမ်တယ်လို့ဆိုပါတယ်။ အခုခေတ် အစိုးရ ထုတ်ပြန်တဲ့ သတင်းကို တော ယုံကြည်တယ်။ KIA သုပုန်တွေ လိမ်ပြီး သတင်းဝါဒ ဖြန့်နေတာ။ ၁၂၀ မမ ကျည်ဆံ က ဗျော်အိုးမှ မဟုတ်တာ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်