Thursday, January 03, 2013
ME
.jpg)
”လိုင်ဇာကို သိမ်းဖို့ မရှိပါဘူး။ သမ္မတကြီးက ကတိပေးပြီးသားပဲ။
သမ္မတကြီးပေးတဲ့ ကတိက လူကြီးပေး တဲ့ ကတိပဲ” ဟု ပြည်ထောင်စုဝန်ကြီးက
ပြောသည်။လက် ရှိ တွင် လိုင်ဇာနှင့်အနီးတစ်ဝိုက် ၌ ဒီဇင်ဘာ
၂၈ ရက်မှစ၍ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ထိခိုက်မှု
လည်းပိုများကြောင်း၊ အနီးကပ်တိုက်ပွဲ ဖြစ်သောကြောင့် ပခုံး ထမ်းလောင်ချာ
များ အသုံးပြုကာ တိုက်နေကြကြောင်း ကေအိုင်အေမှပြောရေးဆိုခွင့်ရှိသူ
ဦးလနန်က ပြောသည်။ ”အဓိက ကတော့ လဂျားယန်နား တစ်ဝိုက်ကိုပေါ့။ အဓိက
ပစ်မှတ်ထားပြီး ပစ်တဲ့ ပုံစံမျိုးပါ။ ဗုံးကြဲလာတာမျိုးလည်း ရှိတယ်” ဟု
¤င်းက ပြောသည်။ ”စစ်အရှိန်မြှင့်ပြီးလိုင်ဇာကို
တိုက် တာဖြစ်လာတယ်ဆိုရင် ကချင်လူထု ကြားမှာ လူမျိုးရေးမုန်းတီးမှုတွေ
ပိုဖြစ် လာနိုင်တယ်။ လိုင်ဇာရဲ့ အနေအထား ကိုကြည့်တော့ အပြင်စည်း ပတ်ပတ်
လည်မှာ ဒုက္ခသည်စခန်းတွေ၊ ဒီဒုက္ခ သည်စခန်းေ တွ ခံနေတဲ့အပေါ်မှာ
စစ်ဆင်ရေးလုပ်ရင် ဒီလူတွေ အများကြီး သွားထိခိုက်နိုင်တယ်” ဟု ၄င်းက ပြော
သည်။ ဒီဇင်ဘာ ၂၃ ရက်မှစ၍ ကွတ်ခိုင်မြို့ပေါ်သို့ ဂါလွိန်၊ နားချမ်
စသည်တို့မှ ဒုက္ခသည် ၂၉ဝ ကျော်ရောက် ရှိလာပြီး ကွတ်ခိုင် ဃ့ကမခ့ တွင်
ခိုလှုံနေကြကြောင်း၊ နောက်ထပ် လည်း စစ်ပြေးဒုက္ခသည် များ ထပ်ရောက်လာရန် ရှိေ
ကြာင်း ကချင်ဒေသခံတစ်ဦးက ပြော သည်။”မနေ့က (ဒီဇင်ဘာ ၃ဝ) မှာ
လေးကြိမ်ပစ်တယ်။ အခုလည်း ပစ် နေတာပဲ” ဟု အဆိုပါဒေသခံက ပြောသည်။လက်ရှိတွင်
ဒုက္ခသည် စခန်း အနီးကို လက်နက်ကြီးများနှင့် ပစ် ခတ်မှု မရှိသေးသော်လည်း ဒုက္ခ
သည် စခန်းပေါ်မှ ပျံသန်းကာ ပစ်မှတ်ကိုရှာခြင်းမျိုး ဖြစ်၍ ဒေသခံ များ အထိ
တ်တလန့် ဖြစ်နေကြသည် ဟု ဦးလနန်က ပြောသည်။အဆိုပါ ကိစ္စနှင့်ပတ်သက်၍
ကချင်ဒေသခံတစ်ဦးက ”ထိုးစစ် မဆင်ဘူးလို့ ပြောထားတယ်ဗျာ၊ ဒါပေမဲ့ လေ
ယာဉ်ပျံတွေ သုံးထား တယ်၊ ဖားကန့်ဘက်မှာလည်း ဖြစ်နေတယ်။ နိုင်ငံရေးဘက်မှာ
လုပ်နေကြတဲ့သူတွေ အာရုံစိုက် သင့်ပြီ။ ၈၈ မျိုးဆက်တို့ လွှတ် တော်တို့က
တာဝန်ရှိသူတွေ ကွင်း ဆင်းလေ့လာသင့်တယ်” ဟု ¤င်း ၏ အမြင်ကို ပြောသည်။ Peace
Center မှ ပဋိပက္ခ ဖြေရှင်းရေးပညာရှင် ဒေါက်တာ မင်းဇော်ဦးက တိုက်ပွဲ များ
ပြင်းထန် လာပါက အနည်းနှင့်အများ ပြည် သူကို ထိခိုက်နိုင်သည့်အတွက်
ပြည်သူများကို အကာအကွယ်ပေး နိုင်ရေး နှစ်ဖက်စလုံးက ဆောင် ရွက်ရန်
လိုကြောင်း
ပြောသည်။တိုက်ပွဲများ ပြင်းထန်လာပါက ငြိမ်းချမ်းရေး
သဘာဝများ လျော့ ကျသွားသည့် သဘောရှိကြောင်း၊ မည်သည့်ဘက်က မှားသည် မှန်
သည်ကို အဖြေ ထုတ်နေမည့် အစား တိုက်ပွဲများ ပြင်းထန်လာ သည့် အကြောင်းရင်းကို
သိရန် လို အပ်ကြောင်း၎င်းကပြောသည်။”တိုက်ပွဲချက်ချင်း
ရပ်ဆိုင်းဖို့ ဆိုရင် ဒီလိုအချိန်မှာ ကေအိုင်အို ဘက်က တပ်မှူးတွေနဲ့
တပ်မတော် ဘက်က တပ်မှူးတွေ စားပွဲဝိုင်းပေါ် တက် မြေပုံချပြီး ဆွေးနွေးမှပဲ
ရတော့မယ်” ဟု ၄င်းကပြော သည်။လိုင်ဇာကို တိုက်သည့်အခြေ အနေ ဖြစ်လာပါက
အစိုးရမှ တွေ့ဆုံဖြေရှင်းသည့် ပုံသဏ္ဌာန် မကျင့်သုံးဘဲ စစ်ရေးအရ ဖြေရှင်း
သည့်ပုံသဏ္ဌာန်ကျင့်သုံးသည့် ပုံရိပ်မျိုးဖြစ် လာနိုင်ကြောင်း ၄င်းက
ပြောသည်။လိုင်ဇာနှင့် ၁ဝ မိုင်ဝန်းကျင် တွင် ဒီဇင်ဘာ ၂၈ ရက်မှစ၍ တိုက်ပွဲ
များ ဖြစ်ပွားနေပြီး ဒီဇင်ဘာ ၃ဝ ရက်တိုက်ပွဲတွင် ကေအိုင်အေ ဘက်မှ ၎
ဦးကျပြီး ထိခိုက်ဒဏ်ရာ ရသူ ၅ ဦးခန့် ရှိကြောင်း၊ လက် နက်ကြီး (၈၄-မမ)
ထိမှန်သူ ၃ဝ ဦးခန့်ရှိကြောင်းဦးလနန်က ပြော သည်။ ”စစ်တပ်ဘက်မှာလည်း ထိ
ခိုက်မှုတော့ များမယ်ထင်တယ်။ ဦးရေတော့ တိတိကျကျ ပြောလို့ မရနိုင်ဘူး။
မနေ့ကဆို ကိုက် ၅ဝ အကွာမှာ ပစ်ကြတာ ဆိုတော့ သူတို့ဘက်ကလည်း ထိခိုက်မှာ တော့
အမှန်ပဲ” ဟု ၄င်းက ပြောသည်။သမ္မတရုံး ပြည်ထောင်စုဝန် ကြီး ဦးအောင်မင်းက
၂ဝ၁၃ ခုနှစ် အတွင်းUNFC အပါအဝင် ကေအိုင်အိုနှင့် တွေ့ဆုံဆွေးနွေး၍
ငြိမ်းချမ်းေ ရးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွား မည်ဟု
ဇန်နဝါရီ ၁ ရက်တွင် ပြောသည်။
www.MyanmarExpress.net
8 comments:
မုဆိုးမတွေတော့များဦးမှာပေါ့ မတိုက်ပဲအဆိပ်ပင်ရေလောင်းထားရင်...
လိုင်ဇာကို သိမ်းပြီး မြေလှန်ပစ်ရမှာ ။
ကြားက မြေဇာပင်ဖြစ်ရတဲ့ ပြည်သူကို သနားပေမယ့်
လုပ်ကို လုပ်စေချင်တယ်။အကြမ်းဖက်နေတဲ့ KIAကို
သိပ်မပြောဘဲ အစိုးရဖက်ပဲ ပြောနေကြတယ်။
ပြုန်းတီးသွားတဲ့ လူအင်အား |လက်နက်ခဲယမ်းနဲ့
ညီတဲ့ဖျက်ဆီးမှု့တွေ လိုင်ဇာမှာလုပ်ရမယ်။
power is at the flow of gun point!
Who said that?
လိုင်ဇာကို ပိတ်ဆို့ထား ပြီး ဒုက္ခသည်များကို ထွက်ခွာဖို့ အချိန်ကန့်သတ်ပေးပါ။အခြေအနေပေးပါ ပြီးလျှင် kia ကို အမြစ်ပြတ်ချေမှုန်းပါ
ဆုံးဖြတ်ချက် မှားမယ်နော် kia လုံးဝအပြတ်တိုက်သင့်တယ် ပြည်သူ့ အသံနားထောင်တဲ့ အစိုးရ ဆိုရင်လေ
ဆုံးဖြတ်ချက် မှားမယ်နော် kia လုံးဝအပြတ်တိုက်သင့်တယ် ပြည်သူ့ အသံနားထောင်တဲ့ အစိုးရ ဆိုရင်လေ
Apyoke tike pyit ya mae,lay kyae nay tae kg lay.
၈၈ မျိုး ဆက် ဆို တဲ့ လူ တွေ ကို ဘာ လို့ ကွင်း ဆင်း ခိုင်း တာ လည်း အ ရင် လည်း သူ တို ရောက် မှ စစ် တပ် ဘက် ကို ခြုံ ခို လို့ တစ် မျိုး ပေါါ တင် တစ် မျိုး လုပ် သွား ခံ ရ တာ သူ တို့ စ နက် ကင်း ပါ့ မ လား ချ သာ ချ စစ် တပ် ကို ရှေ့ တိုး လို့ မ ရ အောင် သစ် ထူး လိမ် က တစ် မျိုး မီ ဒီ လိမ် ပေါင်း စုံ နဲ့ လူ အ ခွင့် ရေး ဆို ပြီး အော် ခိုင်း မယ် သ မ္မ တ ကြီး ကို အ ရေး ဆို ပေး မယ် လို့ ပြော ခဲ့ လို့ ဒီ ထက် ဒီ ထက် ပို ဆိုး လာ တာ အ ခု လည်း kia ဘာ လုပ် လုပ် မ ပြော ခဲ့ ဘဲ စစ် တပ် လုပ် တာ တစ် ခု သူ တို့ ကြံ ပြီး ဖွ တာ ဆယ် ခု
kia က လည်း သူ့ လူ မျိုး ကို ကောင်း စား ရေး တစ် ကယ် ဖြစ် စေ ချင် တစ် ကယ် ချစ် ရင် စစ် ပွဲ ရပ် ပြီး ငြိမ်း ချမ်း ရေး ဆွေး နွေး မှာ
ဘယ် လို့ မှ မညှီ ဘဲ ငါ့ ဆွေ မျိုး ကောင်း စား ရေး လုပ် နေ တာ ဆို ရင် နောင် အ နာ ဂါတ် က ချင် ပြည် နယ် မှာ ရှိ သော လူ မျိုး ပေါ်င်း စုံ စိတ် အေး ချမ်း သာ စွာ ဂေါင်း ပြား အောင် အိပ် ရ အောင် ဘယ် သူ တွေ ဘာ အော် အော် အ န္တ ရယ် မှန် သ မျှ င ပွေး မှန် သ မျှ အ ကုန် ရှင်း
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်