Subscribe to our RSS Feed

နေရောင်ခြည်ဖြင့် ဖုန်းအားသွင်းလို့ရပြီ

From : Myanmar 1

ယနေ့အခါ နိုင်ငံပေါင်း ၅၀ မှာ အသုံးပြုနေတဲ့ Wakawaka တံဆိပ် နေရောင်ခြည်စွမ်းအားသုံး မီးအိမ်ကို တီထွင်ထုတ်လုပ်ပြီး အောင်မြင်မှုရခဲ့တဲ့ နယ်သာလန် မှ non-profit ကုမ္ပဏီ Wakawaka Foundation က မကြာခင်မှာ စမတ်ဖုန်းနဲ့ တက်ပလက်တွေကို အဆင်ပြေစွာ အားသွင်းနိုင်မဲ့ Wakawaka Power နေရောင်ခြည်စွမ်းအင်သုံး အားသွင်းစက်ကို ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။ အဲဒီစက်လေးကို နေရောင်တစ်ရက်လောက် ပြပေးပြီးရင် စမတ်ဖုန်းနဲ့ တက်ပလက်တွေကို သာမက စက်မှာပါတဲ့ LED စာကြည့်မီးကိုလည်း အချိန် ၈ နာရီ ကြာအထိ ကောင်းကောင်း သုံးနိုင်တယ်လို့ ဆိုထားပါတယ်။ အဆိုပါ Wakawaka ကုမ္ပဏီ ဟာ Kickstarter ခေါ်တဲ့ ဆိုရှယ်ရံပုံငွေရှာပေးတဲ့ ၀က်ဆိုက်ကနေ ဒီဇင်ဘာ ၁၂ ရက်နေ့ကစပြီး မတည်ငွေ ဒေါ်လာ ၅ သောင်း ကိုပဲ ရှာဖွေခဲ့တာ ယနေ့အထိ နောက်ဆုံးသတ်မှတ်ရက် ၈ ရက်သာ လိုတော့တဲ့အချိန်မျာ ဒေါ်လာ ၂ သိန်း ၄ သောင်း နီးပါး ရရှိလျက်ရှိပြီး ကူညီအားပေးသူပေါင်း ၃၄၈၇ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ Wakawaka Power ပရောဂျက်ကို ထောက်ပံ့ကူညီလိုသူ က ၁ ဒေါ်လာနှင့်အထက် ကြိုက်သလောက် ထည့်ဝင်နိုင်ပြီး ၄၉ ဒေါ်လာနှင့် အထက် ထည့်သူကို အဲဒီ အားသွင်းစက် limited edition တခု အိမ်အရောက်ပို့ပေးမှာ ဖြစ်ပြီး ဒီနှစ် မေလထဲလောက်မှာ ထွက်လာမယ်လို့ ဆိုပါတယ်။ နောက်ပြီး ယခုဒုတိယပရောဂျက်ကို ဟေတီနိုင်ငံမှာ အစိတ်အပိုင်းတချို့ကို ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဟေတီနိုင်ငံက လွန်ခဲ့တဲ့ ၃ နှစ်ခန့်က ငလျင်ဒဏ် အကြီးအကျယ်ခံခဲ့ရပြီး ယနေ့ထိ လူပေါင်း ၃၇၀၀၀၀ ကျော် လျှပ်စစ်မီးမရှိဘဲ နေထိုင်ရဆဲဖြစ်ပါတယ်။ ဒါကြောင့် Wakawaka Power အားသွင်းစက် ၁ ခု ရောင်းလိုက်တိုင်း ဟေတီနိုင်ငံ ဒုက္ခသည်တွေ အတွက် Wakawaka Solar Lamp တခု ပေးသွားမယ်လို့ ယင်းကုမ္ပဏီ က ဆိုထားပါတယ်။


 www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်