Subscribe to our RSS Feed

KIA သောင်းကျန်းသူ အကြမ်းဖက်အဖွဲ့မှ (၂၀၁၁)ခုနှစ်မှ ယမန်နေ့ထိ အကြမ်းဖက်ဖေါက်ခွဲဖျက်ဆီးမှုများ

၁။       မြန်မာ့ဆက်သွယ်ရေး တာဝါတိုင် ဖျက်ဆီးခံရမှု (၈)ခု။

၂။       ချီဖွေငယ် စီမံကိန်းရှိ ဓါတ်အားပေးစက်ရုံးနှင့် တာဝါတိုင် ဖျက်ဆီးမှု(၁)ကြိမ်။

၃။       ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းပိုင် ပူတာအိုလမ်းကြောင်းပေါ်ရှိ ဆောက်လုပ်ရေး စက်/ ယာဉ် ယန္တရားများ (၂၁)စီးဖျက်ဆီးခြင်း။

၎။       ဖားကန့်ဒေသရှိ ကျောက်မျက်Companies ပိုင် စက်/ယာဉ်ယန္တရားများ စုစုပေါင်း(၁၁၀)စီး ဖျက်ဆီးခဲ့ခြင်း။

၅။       ပူတာအိုခရိုင် ၊ ခရာဇီဒမ်းရွာ(ရ၀မ်တိုင်းရင်းသားများ) အား ရွာလုံးကျွတ်မီးရှို့ခဲ့ခြင်း။

၆။       အစိုးရဌာန အဆောက်အဦးများ ဖောက်ခွဲတိုက်ခိုက်ခံရမှု(၁၉)ကြိမ်၊သိမ်းယူထားသော အစိုးရ အဆောက်အဦး(၂)ခု (လဂျားယန်မှ လ၀ကရုံးနှင့် ရဲသတင်းတပ်ဖွဲ့ရုံး)

၇။       ပြည်သူ့စစ်စခန်း တိုက်ခိုက်ခံရမှု(၂)ကြိမ်၊ (မိုးကောင်းမြို့နယ် တောင်နီ ရဲစခန်းနှင့် မိုးညှင်း  မြို့နယ် နန့်မွန် ကျေးရွာ ရဲစခန်း)။

၈။       ပူတာအိုသို့သွားရောက်သော ဌာနဆိုင်ရာ ယာဉ်တန်းမှ ဌာနဆိုင်ရာယာဉ်(၂၀)စီးအနက် (၃)စီး အား မီးရှို့ဖျက်ဆီးခြင်း ကျန်ယာဉ်ပေါ်ရှိ ပစ္စည်းများအား မီးပုံရှို့ခြင်း။

၉။       ရထားလမ်း မိုင်းထောင်ဖေါက်ခွဲခြင်း စုစုပေါင်း(၅၂)ကြိမ် အနက်၊ (၂၉)ကြိမ်တွင် ရထား လမ်း/တံတားများထိခိုက်ပျက်ဆီးခဲ့ပြီး လုံခြုံရေး ရဲတပ်ဖွဲ့ဝင် (၁)ဦး သေဆုံးကာ ၊ မီးရထား ၀န်ထမ်း (၃)ဦး၊ အရပ်သား ကျား(၃)ဦးထိခိုက်ဒဏ်ရာရရှိခြင်း။

၁၀။     KIAအကြမ်းဖက်သောင်းကျန်းသူ အဖွဲ့မှ အရပ်သားကျား(၁၅၁၅)ဦး၊ မ(၁၂၉)ဦး၊ ၀န်ထမ်း ကျား (၂၉)ဦး၊ မ (၁)ဦး လူသစ်စုဆောင်းခဲ့ပြီး  လူသစ်စုဆောင်း(၁၁၃၁)ဦး အား စစ်ရေးဆိုင် ရာ ပေါ်တာအဖြစ် အသုံးပြုလျက်ရှိနေခြင်း။

၁၁။      KIAအကြမ်းဖက်သောင်းကျန်းသူ အဖွဲ့မှ မိုင်းထောင်ဖေါက်ခွဲပစ်ခတ် တိုက်ခိုက်မှုကြောင့်    အရပ် သား ကျား(၁၈၃)ဦး၊ မ(၄၆)ဦး နှင့် ၀န်ထမ်း(၃၀)ဦး၊စုစုပေါင်း(၂၅၃)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အရပ်သား ကျား(၆၂)ဦး၊ မ(၁၄)ဦး ၊ ၀န်ထမ်းကျား(၁၄)ဦးနှင့် မ(၁) ဦး  စုစုပေါင်း (၉၆)ဦး   သေဆုံးခဲ့ပါသည်။

၁၂။     KIAအကြမ်းဖက်သောင်းကျန်းသူ အဖွဲ့မှ ပေ(၁၀၀) အောက်တံတား(၄၁)စီး၊ ပေ(၁၀၀) အထက် တံတား(၈၃)စီး၊ စုစုပေါင်း(၁၂၄)စီး အားဖေါက်ခွဲဖျက်ဆီးခဲ့ပြီး (အချို့တံတားများမှာ (၂/၃/၄) ကြိမ် ဖေါက်ခွဲဖျက်ဆီးခံရ။

၁၃။     ပြည်နယ်အတွင်းရှိ နေရာဒေသအနှံအပြားတွင် ဆက်ကြေးငွေများ အတင်းအဓမ္မ ကောက်ခံမှု

          မရေတွက်နိုင်အောင်ပင်ရှိကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။
 

2 comments:

မူရင်း Link က http://khitthit.blogspot.com/2013/01/kia_6959.html ဖြစ်ပါသည်။

မူ ရင်း လင့် က http://khitthit.blogspot.com/2013/01/kia_6959.html ဖြစ် ပါ သည်။
ထပ် မံ လည်း ဖေါ် ထုတ် သွား ပါ မည်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်