From : http://www.kachindailynews.com/2012/12/kia_8533.html
၂၀၀၆ ခုနှစ် ဇွန်လ ၂၀ ရက်နေ့က KIO ဗဟိုကော်မတီ ပြန်လည် ဖွဲ့စည်းချိန်တွင် ဥက္ကဋ္ဌအဖြစ် တင်မြောက် ခံရတဲ့ ဦးဇောင်းဟရား သည် အများဆန္ဒနှင့် အညီ အစဉ်အလာအရ ဥက္ကဋ္ဌ ရာထူးကို ရရှိခဲ့သော်လည်း ဂျိန်းဖော လူမျိုး မဟုတ်ဘဲ လောဝေါ် လူမျိုးတစ်ဦး ဖြစ်ခြင်းကြောင့် ဂျိန်းဖော လူမျိုး ကြီးစိုးနေသည့် KIO ဗဟို ကော်မတီတွင် သူ၏ သြဇာလွှမ်းမိုး နိုင်မှု မရှိသကဲ့သို့ စစ်ရေး ဘက်တွင်လည်း KIA ကို ထိန်းချုပ်နိုင်မှု မရှိကြောင်း တွေ့ရှိရသည်။ ဂျိန်းဖော လူမျိုး ခေါင်းဆောင် ၂ ဦးဖြစ်သည့် KIO ဗဟို ကော်မတီဝင် နှင့် KIC ဒုဥက္ကဋ္ဌ ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့်ရှိ အင်ဘန်လ နှင့် စစ်ဦးစီးချုပ် အဆင့်ရှိ ဂမ်ရှောင် တို့သာ စစ်ရေး ၊ နိုင်ငံရေးဘက်တွင် သြဇာ လွှမ်းမိုးလျက် ရှိသည်ကို တွေ့ရသည်။
ဇောင်းဟရား
အင်ဘန်လသည် ဂျိန်းဖော လူမျိုးကြီး ၀ါဒကို အကောင် အထည်ဖော်ရန် KIA အဖွဲ့အတွင်း ဇိုင်းဝါး ၊ လော့ဝေါ် ၊ လာချိတ် ၊ လီဆူး ၊ ရ၀မ် ဘာသာစကား များကို သုံးစွဲခြင်း မပြုရန် အဖွဲ့တွင် ရုံးသုံးစာ နှင့် စကားအား ဂျိန်းဖော ဘာသာ တစ်ခုတည်းသာ သုံးစွဲရမည်ဟူသည့် အမိန့်အား KIA စစ်ဦးစီးချုပ် အဆင့်ရှိ ဂမ်ရှောင်မှ တစ်ဆင့် ထုတ်ပြန်ခဲ့သည်။ ၄င်းသည် KIA ရှိ ဂျိန်းဖော လူမျိုးများ၏ လေးစား ထောက်ခံမှုကို ရယူလိုပြီး KIA အား ချုပ်ကိုင်ရန် အတွက် ကြိုးစားလျက် ရှိသည်ကို တွေ့ရသည်။ အင်ဘန်လသည် ငွေကြေး ချမ်းသာကြွယ်ဝမှု နှင့် အာဏာကို မက်မောသူ တစ်ဦးဖြစ်ပြီး KIA အဖွဲ့ တစ်ချို့ကိစ္စ ရပ်များတွင် ကိုယ်ပိုင် ဆုံးဖြတ်ခွင့် မရှိဘဲ ၄င်းကိုယ်တိုင် ဆုံးဖြတ် လုပ်ကိုင်လျက် ရှိသည်ကို တွေ့ရှိရသည်။
အင်ဘန်လ
KIA၏ သြဇာ လွှမ်းမိုးလျက် ရှိသည့် နောက်ထပ် ဂျိန်းဖော လူမျိုး
ခေါင်းဆောင် တစ်ဦးဖြစ်သော စစ်ဦးစီးချုပ် ဂမ်ရှောင်သည် ကချင်ပြည်နယ် အတွင်းရှိ
ရှမ်းလူမျိုးများအား လူမျိုးရေးအရ ဖိနှိပ်မှုများ ရှိခဲ့သည်။ ၁၉၉၀ ခုနှစ် သြဂုတ်လ၌
KIA ရင်း(၆)ရင်းမှူး တာဝန်ထမ်းဆောင် ခဲ့သည့် အချိန်တွင် ဂမ်ရှောင် သည်
မူးယစ်ဆေးဝါး ကာကွယ် တားဆီးရေး အကြောင်းပြချက် ဖြင့် ဖားကန့်ဒေသမှ လူ(၄၀)ကျော်အား
ဖမ်းဆီးခဲ့သည်။ ဂမ်ရှောင်နှင့် KIA ထောက်လှမ်းရေး တာဝန်ခံ ခေါင်လွန်းတို့
ခေါင်းဆောင်ကာ အဆိုပါ ရှမ်းလူမျိုး အများဆုံး ပါသည့် လူ(၄၀) ကျော်အား စပေါ့ချောင်းဖျား၌
တစ်အိမ်လျှင် တစ်ယောက်နှုန်း မကြည့် မနေရ ဆင့်ခေါ်ထားသည့် လူအများရှေ့တွင် အစုလိုက်
အပြုံလိုက် သတ်ဖြတ်ခဲ့သည်။ KIA အင်ဘန်လ၏ ညွှန်ကြားချက် ဖြစ်သည့် KIA
အဖွဲ့အစည်းအတွင်း ရုံးသုံး ဘာသာစကား နှင့် စာအား ဂျိန်းဖောဘာသာ စကား တစ်ခုတည်းသာ
သုံးစွဲရန်အပြင် KIA သို့ ရောက်ရှိလာသော အခြားလူမျိုးစု များကို ဂျိန်းဖော
အမည်ပြောင်းရန် တွန်းအားပေးသည့် ကိစ္စရပ်များ နှင့် ပတ်သက်၍ တဖြည်းဖြည်း သဘောထား
ကွဲလွဲလာခဲ့ ကြသည်။ ကချင်လူမျိုးစု (၅)စု ဖြစ်သည့် ဇိုင်ဝါး ၊ လောဝေါ် ၊ လာချိတ် ၊
လီဆူး ၊ ရ၀မ် လူမျိုးများသည် အဆိုပါ ညွှန်ကြားချက်များကို အကောင်အထည် ဖော်ရန်
ဂမ်ရှောင်အား တာဝန်ပေးထားခြင်း နှင့်ပတ်သက်၍ ကျေနပ်မှု မရှိသဖြင့် တရုတ်နိုင်ငံ
အတွင်းရှိ ကချင် တိုင်းရင်းသား ခေါင်းဆောင် များသည် ဂမ်ရှောင်အား လူမျိုးစု
(၅)စုဘက်မှ ရပ်တည်ပေးရန် တောင်းဆိုခဲ့ကြသည်။ အင်ဘန်လ၏ ဂျိန်းဖော လူမျိုးကြီး
ဝါဒနှင့် ပတ်သက်၍ KIA အတွင်း သဘောထား ကွဲလွဲလျက် ရှိပြီး တရုတ်နိုင်ငံရှိ ကျန်
လူမျိုးစု (၅)စု၏ ခေါင်းဆောင် များမှလည်း ကန့်ကွက် လျက်ရှိသည်ကို တွေ့ရသည်။
ဂမ်ရှောင်
KIA သည် ဂျိန်းဖော လူမျိုးကြီး ၀ါဒကို ရှေ့တန်းတင် လာသည့်အပြင်
ကျန်မျိုးနွယ်စုများ အပေါ် ဖိနှိပ်မှုများနှင့် တိုက်ခိုက်မှုများ ပြုလုပ်လာသဖြင့်
ကချင်ပြည်နယ် အတွင်းရှိ ကျန်တိုင်းရင်းသား များ၏ ထောက်ခံမှုသည် တဖြည်းဖြည်း
ကျဆင်းလာကြောင်း တွေ့ရှိရ သည်။ ပြည်ထောင်စု မြန်မာနိုင်ငံတွင် ဒီမိုကရေစီ စနစ်
ထွန်းကား လာသည်နှင့်အမျှ ပြည်နယ် တိုင်းဒေသကြီး အသီး သီးရှိ ဒေသခံပြည်သူ များ၏
ထောက်ခံမှုကို မရရှိပါက မည်သည့် နိုင်ငံရေး အဖွဲ့အစည်း ၊ လက်နက်ကိုင် အဖွဲ့အစည်း
မဆို ရေရှည် ရပ်တည်ရန် ခက်ခဲလာမည် ဖြစ်သည်။
လူမျိုးရေးကို အခြေခံ၍ ပေါ်ပေါက်လာသည့် KIA သည် ဂျိန်းဖော
လူမျိုးကြီးဝါဒကြောင့် ပြည်ပရှိ ကချင်လူမျိုးခွဲများ ၊ ဒေသခံ ကချင်မျိုးနွယ်စု
များနှင့် အခြားတိုင်းရင်းသား များ၏ ထောက်ခံမှု ကျဆင်းလာသဖြင့် KIA
ခေါင်းဆောင်ပိုင်းသည် ၄င်းတို့၏ အာဏာတည်မြဲရေး နှင့် ရေရှည် ရပ်တည် နိုင်ရေး
တို့အတွက် လက်နက်ကိုင် လမ်းစဉ်နှင့် ပြည်တွင်းစစ်ကိုသာ ဆက်လက် ဆင်နွှဲရန်
ကြိုးပမ်းလျက် ရှိပြီး နိုင်ငံတော် အစိုးရ၏ စေ့စပ် ဆွေးနွေးမှုများအား အကြောင်း
အမျိုးမျိုးပြ ငြင်းပယ်နေကြောင်း တွေ့ရှိ ရသည်။ ယခု နောက်ဆုံး အကြောင်းပြချက်မှာ
ဆွေးနွေးပွဲတွင် NLD ပါတီ ပါဝင်ပါမှ အောင်မြင်မည်ဟု ပြောဆိုနေကြောင်း တွေ့ရသည်။
၎င်းအပြင် KIO ရှိ ဗဟိုကော်မတီ ၀င်များကြားတွင် ဂျိန်းဖော နှင့်
ကျန်တိုင်းရင်းသားများ အချင်းချင်း ယုံကြည်မှု ကင်းမဲ့လာကာ အပြိုင်အဆိုင်
အာဏာလွန်ဆွဲ အားပြိုင်မှုများ ဖြစ်ပေါ်လျက် ရှိပြီး ယခင် ဦးစခုန်တိန့်ယိန်း နှင့်
ဦးလဆန်အောင်ဝါ အဖွဲ့တို့ ခွဲထွက်သကဲ့သို့ ပြိုကွဲနိုင်သည့် အက်ကြောင်းများ
ပေါ်ပေါက် လာနိုင်သည်ကို တွေ့ရှိရသည်။




3 comments:
No wonder Burmese War criminals try to split KIO /KIA due to the heavy causalities of Burmese solders. What Burmese criminal army doing is forced to kill its solders just to get Kachin hilltops.
Without Kachin State,the shape of our country will not really be beautiful.All of our people always want to see the beautiful shape of our country.It is our Tatmadaw men who try their best for the existance of the shape Myanmar forever.Be good to our Myanmar soldiers.
The beautiful prefect shape of our country shows that unity is strength.Oh' the war-lords of KIA,do you think you can destroy the union spirit of our people? It is not too late to change your course and to talk about peace.If not, good fortune will never be on your side.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်