From :7day
ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေခွင့်ရတော့မည်ဖြစ်၍ လက်ရှိထုတ်ဝေနေသော သတင်းဂျာနယ် ရှစ်စောင် သတင်းစာထုတ်ရန် ပြင်ဆင်လျက်ရှိသည်။
သတင်းဂျာနယ်များထဲမှ 7Day News ၊ Eleven MediaGroup ၊ မြန်မာတိုင်း(မ်)၊ Messenger ၊ Popular News ၊ The Voice၊ ရန်ကုန်တိုင်း(မ်)နှင့် ဒီလှိုင်းဂျာနယ်တို့က နေ့စဉ်သတင်းစာ ပြောင်းလဲထုတ်ဝေရန် ပြင်ဆင်မှု
များ ပြုလုပ်နေပြီဖြစ်ကြောင်း အဆိုပါ ဂျာနယ်များ၏ တာဝန်ရှိသူများက ပြောကြားသည်။
သတင်းစာများကို နှစ်သက်ရာဘာသာစကားတစ်မျိုးမျိုး နှင့်
ထုတ်ဝေနိုင်သည့်အတွက် မြန်မာတိုင်းမ်ဂျာနယ်အနေဖြင့် အင်္ဂလိပ်ဘာသာကို
ဦးစားပေးမည်ဖြစ်ပြီး အင်္ဂလိပ်၊ မြန်မာနှစ်မျိုးလုံးနှင့်
ထုတ်ဝေခွင့်ရရှိပါကလည်း ထုတ်ဝေဖြစ်မည်ဟု ထင်ကြောင်း အယ်ဒီတာ(မြန်မာ)
ဦးဇော်မြင့်က ပြောကြားသည်။
သတင်းစာထုတ်ဝေခွင့် ရရှိရန်အတွက် ယခင်ကတည်းက မျှော်မှန်း၍ ကြိုတင်ပြင်ဆင်မှုများလည်း ပြုလုပ်ထားသည်ဟု ၎င်းက ဆိုသည်။
“ကျွန်တော်တို့ဂျာနယ်အနေနဲ့က သတင်းစာထွက်ဖို့အတွက်ကို အစောကြီးကတည်းက ကဏ္ဍမျိုးစုံ ပြင်ဆင်ထားတာပါ။ အားလုံးကိုလည်း ကြိုတင်ကြေညာထားပါတယ်။ လူအင်အား၊ စက်အင်အားတွေ ပြင်ဆင်ထားပါတယ်။ ဒါတင်မကသေးဘူး။ ကျွန်တော်တို့က မာလ်တီမီဒီယာအထိ ထွက်ဖို့ကို ပြင်ဆင်ထားပါတယ်” ဟု Weekly Eleven ဂျာနယ် အယ်ဒီတာချုပ်ဦးဝေဖြိုးကဆိုသည်။
အပတ်စဉ်ဂျာနယ်မှ နေ့စဉ်ထုတ်အဖြစ် ပြောင်းလဲရမည်ဖြစ်၍ လူအင်အားသာမကစက်ပိုင်းဆိုင်ရာနှ င့် ဖြန့်ချိရေးပိုင်းဆိုင်
ရာပြင်ဆင်မှုများလည်း လိုအပ်ကြောင်း သတင်းဂျာနယ်နှင့် ပုံနှိပ်လုပ်ငန်းရှင်များက ပြောသည်။ ပြင်ဆင်မှုများတွင် သတင်းထောက်များကို သတင်းစာပညာနှင့် ပတ်သက်၍ အရည်အသွေးမြင့်လာစေရန် သင်တန်းပေးခြင်းများ ပြု
လုပ်ပြီး ပုံနှိပ်စက်နှင့် အယ်ဒီတာအဖွဲ့များလည်း ပို၍ အင်အားကောင်းလာစေရန် ပြင်ဆင်ထားသည်ဟု Messenger News မှ တာဝန်ခံအယ်ဒီတာ ဦးအောင်ပေါ်ထွန်းက ပြောသည်။
သတင်းခန်းအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ၊ လေ့ကျင့်မှုများ ပြုလုပ်ထားပြီး နေ့စဉ်ထုတ်အဖြစ် ပြောင်းလဲရန် ရာနှုန်းပြည့် နီးပါး စိတ်ကျေနပ်မှု မရရှိသော်လည်း အားလုံးနီးပါး ပြင်ဆင်ထားပြီဖြစ်ကြောင်း ပေါ်ပြူလာသတင်းဂျာနယ် အယ်ဒီတာချုပ် ဦးဖိုးနိုင်လင်းက ပြောသည်။
အခြေအနေကြောင့်သာ နိုင်ငံ၏မူဝါဒအရ ဂျာနယ်အမည်ခံပြီး ထုတ်နေရသော်လည်း ဂျာနယ်ထုတ်နေရသည်ဟု မယူဆဘဲ သတင်းစာတစ်စောင် ထုတ်နေသည်ဟုသာ ယူဆလုပ်ကိုင်ခဲ့သောကြောင့် သတင်းစာထုတ်ဝေခွင့်ရ
မည့်နေ့ရက်အမီ ထုတ်ဝေနိုင်ရန်ပြင်ဆင်လျက်ရှြိေ ကာင်း ရန်ကုန်မီဒီယာဂရုပ်၏ ဥက္ကဋ္ဌဦးကိုကိုက ပြောကြားသည်။
ကြုံတွေ့လာနိုင်သည့်အခက်အခဲအချို့နှင့်
ပတ်သက်၍ The Voice ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက
“အစိုးရပိုင်းတွေနဲ့ လုပ်ရတဲ့အလုပ်တွေမှာ မျှတမှုရှိအောင်၊
တိကျခိုင်မာမှုရှိအောင် သတင်းယူရတဲ့အခါမှာ အခက်အခဲတွေ ရှိနိုင်တယ်။ အခုထိကို
ဒီအပိုင်းတွေက အဆင်မချောသေးဘူး။ တာဝန်ခံ ဖြေကြားမှုတွေ မရှိသေးဘူး။
ဌာနဆိုင်ရာ
တွေမှာ တာဝန်ယူမှုတွေ၊ တာဝန်သိတာတွေ မရှိကြသေးတော့ ထပ်ပြီးအခက်အခဲတွေ ဖြစ်နေနိုင်ပါတယ်” ဟု ပြောကြားပါသည်။
“ကျွန်တော် ထင်တာကတော့ အဓိကကျတဲ့ အခက်အခဲက လူသားအရင်းအမြစ်အပိုင်းဖြစ်မလား လို့
တွေးမိတယ်။ အပတ်စဉ် လုပ်တဲ့အနေအထားတောင် တော်တော်လေး ကသီလင်တဖြစ်တဲ့
အနေအထားရှိတယ်။ လူသားအရင်းမြစ် နည်းတဲ့အတွက် အပတ်စဉ် ဂျာနယ်သစ်တွေ
ပေါ်လာတဲ့အခါမှာ အသုတ်လိုက်ပြောင်းတာတွေကို တွေ့ရတယ်။ အဲဒီတော့ နေ့စဉ်အဖြစ်
လုပ်မယ်ဆိုရင် အခုအဓိကကျတဲ့ အပတ်စဉ်ထုတ်ဂျာနယ်ကြီးတွေကတော့ ထုတ်ကြမှာပဲ။
အဲဒီအခါမှာ လူသားအရေအတွက်နဲ့ အရည်အသွေးနဲ့က တော်တော်လေးကို ကွာဟချက်အနေအထား
ဖြစ်လာမယ်လို့။ ဒါကတစ်ခုပေါ့။ နောက်တစ်ခုကတော့
သတင်းခန်းစီမံခန့်ခွဲမှုပိုင်းက နေ့စဉ်သတင်း စာသွားဖို့အတွက် ပုဂ္ဂလိက
ဂျာနယ်တွေမှာ သတင်းခန်းစီမံခန့်ခွဲမှုနဲ့ စနစ်ကျနမှု ရှိရဲ့လားဆိုတာ
နည်းနည်းသံသယဖြစ်မိတယ်။ အဲဒါက အဓိက အခက်အခဲဖြစ်မ လားလို့ ထင်ပါတယ်” ဟု
သတင်းစာဆရာ ဦးရဲမိုးကသုံးသပ်ပြောကြားသည်။
ကြုံတွေ့လာနိုင်သည့် အခြားအခက်အခဲများမှာ အချိန်မှီရိုက်နှိပ်နိုင်မည့် ပုံနှိပ်စက်၊ တစ်နိုင်ငံလုံးသို့ အချိန်မီဖြန့်ချိနိုင်ရန်၊ ဈေးကွက်ရရှိရန်၊ ကြော်ငြာရရှိရန် စသည့် အချက်များ ဖြစ်လာနိုင်ကြောင်း ဂျာနယ်များမှ တာဝန်ရှိသူများက သုံးသပ်ပြောသည်။
Venus News နှင့် True News ဂျာနယ်များအနေဖြင့်မူ နေ့စဉ်သတင်းစာများ ထုတ်ဝေသွားရန် အစီအစဉ်မရှိကြောင်း သတင်းရရှိသည်။
ဆယ်စုနှစ်လေးခုကျော်ကြာ ထုတ်ဝေခွင့်ပိတ်ထားခဲ့သော ပုဂ္ဂလိကနေ့စဉ်သတင်းစာများကို ဧပြီ ၁ ရက်မှစ၍ ပြန်လည်ထုတ်ဝေခွင့်ပြုမည်ဖြစ်ပြီး ထုတ်ဝေလိုသူများသည် ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ ပြန်ကြားရေးဝန်ကြီးဌာနသို့ ထုတ်ဝေခွင့်လျှောက်ထားနိုင်ပြီ ဖြစ်သည်။
www.MyanmarExpress.net
ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေခွင့်ရတော့မည်ဖြစ်၍ လက်ရှိထုတ်ဝေနေသော သတင်းဂျာနယ် ရှစ်စောင် သတင်းစာထုတ်ရန် ပြင်ဆင်လျက်ရှိသည်။
သတင်းဂျာနယ်များထဲမှ 7Day News ၊ Eleven MediaGroup ၊ မြန်မာတိုင်း(မ်)၊ Messenger ၊ Popular News ၊ The Voice၊ ရန်ကုန်တိုင်း(မ်)နှင့် ဒီလှိုင်းဂျာနယ်တို့က နေ့စဉ်သတင်းစာ ပြောင်းလဲထုတ်ဝေရန် ပြင်ဆင်မှု
များ ပြုလုပ်နေပြီဖြစ်ကြောင်း အဆိုပါ ဂျာနယ်များ၏ တာဝန်ရှိသူများက ပြောကြားသည်။
သတင်းစာများကို နှစ်သက်ရာဘာသာစကားတစ်မျိုးမျိုး
သတင်းစာထုတ်ဝေခွင့် ရရှိရန်အတွက် ယခင်ကတည်းက မျှော်မှန်း၍ ကြိုတင်ပြင်ဆင်မှုများလည်း ပြုလုပ်ထားသည်ဟု ၎င်းက ဆိုသည်။
“ကျွန်တော်တို့ဂျာနယ်အနေနဲ့က သတင်းစာထွက်ဖို့အတွက်ကို အစောကြီးကတည်းက ကဏ္ဍမျိုးစုံ ပြင်ဆင်ထားတာပါ။ အားလုံးကိုလည်း ကြိုတင်ကြေညာထားပါတယ်။ လူအင်အား၊ စက်အင်အားတွေ ပြင်ဆင်ထားပါတယ်။ ဒါတင်မကသေးဘူး။ ကျွန်တော်တို့က မာလ်တီမီဒီယာအထိ ထွက်ဖို့ကို ပြင်ဆင်ထားပါတယ်” ဟု Weekly Eleven ဂျာနယ် အယ်ဒီတာချုပ်ဦးဝေဖြိုးကဆိုသည်။
အပတ်စဉ်ဂျာနယ်မှ နေ့စဉ်ထုတ်အဖြစ် ပြောင်းလဲရမည်ဖြစ်၍ လူအင်အားသာမကစက်ပိုင်းဆိုင်ရာနှ
ရာပြင်ဆင်မှုများလည်း လိုအပ်ကြောင်း သတင်းဂျာနယ်နှင့် ပုံနှိပ်လုပ်ငန်းရှင်များက ပြောသည်။ ပြင်ဆင်မှုများတွင် သတင်းထောက်များကို သတင်းစာပညာနှင့် ပတ်သက်၍ အရည်အသွေးမြင့်လာစေရန် သင်တန်းပေးခြင်းများ ပြု
လုပ်ပြီး ပုံနှိပ်စက်နှင့် အယ်ဒီတာအဖွဲ့များလည်း ပို၍ အင်အားကောင်းလာစေရန် ပြင်ဆင်ထားသည်ဟု Messenger News မှ တာဝန်ခံအယ်ဒီတာ ဦးအောင်ပေါ်ထွန်းက ပြောသည်။
သတင်းခန်းအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ၊ လေ့ကျင့်မှုများ ပြုလုပ်ထားပြီး နေ့စဉ်ထုတ်အဖြစ် ပြောင်းလဲရန် ရာနှုန်းပြည့် နီးပါး စိတ်ကျေနပ်မှု မရရှိသော်လည်း အားလုံးနီးပါး ပြင်ဆင်ထားပြီဖြစ်ကြောင်း ပေါ်ပြူလာသတင်းဂျာနယ် အယ်ဒီတာချုပ် ဦးဖိုးနိုင်လင်းက ပြောသည်။
အခြေအနေကြောင့်သာ နိုင်ငံ၏မူဝါဒအရ ဂျာနယ်အမည်ခံပြီး ထုတ်နေရသော်လည်း ဂျာနယ်ထုတ်နေရသည်ဟု မယူဆဘဲ သတင်းစာတစ်စောင် ထုတ်နေသည်ဟုသာ ယူဆလုပ်ကိုင်ခဲ့သောကြောင့် သတင်းစာထုတ်ဝေခွင့်ရ
မည့်နေ့ရက်အမီ ထုတ်ဝေနိုင်ရန်ပြင်ဆင်လျက်ရှြိေ
ကြုံတွေ့လာနိုင်သည့်အခက်အခဲအချိ
တွေမှာ တာဝန်ယူမှုတွေ၊ တာဝန်သိတာတွေ မရှိကြသေးတော့ ထပ်ပြီးအခက်အခဲတွေ ဖြစ်နေနိုင်ပါတယ်” ဟု ပြောကြားပါသည်။
“ကျွန်တော် ထင်တာကတော့ အဓိကကျတဲ့ အခက်အခဲက လူသားအရင်းအမြစ်အပိုင်းဖြစ်မလား
ကြုံတွေ့လာနိုင်သည့် အခြားအခက်အခဲများမှာ အချိန်မှီရိုက်နှိပ်နိုင်မည့် ပုံနှိပ်စက်၊ တစ်နိုင်ငံလုံးသို့ အချိန်မီဖြန့်ချိနိုင်ရန်၊ ဈေးကွက်ရရှိရန်၊ ကြော်ငြာရရှိရန် စသည့် အချက်များ ဖြစ်လာနိုင်ကြောင်း ဂျာနယ်များမှ တာဝန်ရှိသူများက သုံးသပ်ပြောသည်။
Venus News နှင့် True News ဂျာနယ်များအနေဖြင့်မူ နေ့စဉ်သတင်းစာများ ထုတ်ဝေသွားရန် အစီအစဉ်မရှိကြောင်း သတင်းရရှိသည်။
ဆယ်စုနှစ်လေးခုကျော်ကြာ ထုတ်ဝေခွင့်ပိတ်ထားခဲ့သော ပုဂ္ဂလိကနေ့စဉ်သတင်းစာများကို ဧပြီ ၁ ရက်မှစ၍ ပြန်လည်ထုတ်ဝေခွင့်ပြုမည်ဖြစ်ပြ
www.MyanmarExpress.net

.jpg)
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်