From : http://amayeainn.blogspot.com/2013/01/kia_2.html
တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေသော KIA အဖွဲ့သားများအား တပ်ရင်း ၂၅ တပ်ရင်းမှူး ဗိုလ်မှူး ၀မ်တူးမှ လိုက်လံခေါ်ယူလျက်ရှိကြောင်း သိရပါသည်။ လဂျားယန်တိုက်ပွဲများတွင် KIA အဖွဲ့မှ အကျဆုံးများသဖြင့် ထွက်ပြေးတိမ်းရှောင်နေသော KIA စစ်သည်များအား ဇန်န၀ါရီလ ပထမပတ်အတွင်း တပ်မဟာ (၃)သို့ လာရောက်သတင်းပို့ရန် အမိန့်ထုတ်ပြန်ထားထားပါသည်။ သတင်းမပို့ဘဲ ကျန်ရှိေ နကြောင်း လိုက်လံစစ်ဆေးတွေ့ရှိရပါက ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်း ဗိုလ်မှူး ၀မ်တူးမှ အမိန့် ထုတ်ပြန်ထား ပါသည်။
www.MyanmarExpress.net

အစိုးရမှ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်
KIA အဖွဲ့ဝင်များ သွေးပျက်ထိတ်လန့်ပြီး ထွက်ပြေးခဲ့ကြ ရပါသည်။ အချို့မှာ တိုက်ပွဲအတွင်းသေဆုံးသည်ဟုအကြောင်းပြကာ
ထွက်ပြေးတိမ်းရှောင်လျက် ရှိသဖြင့် ယခုကဲ့သို့ အမိန်များထုတ်ပြန်နေရခြင်းဖြစ်ကြောင်းလည်း
သိရပါသည်။ လိုင်ဇာစစ်ဌာနချုပ်အား အစိုးရမှ ဆက်လက်တိုက်ခိုက်မည်ကို စိုးရွံ့နေသဖြင့်
စစ်ဘေးဒုက္ခသည်များအားလည်း လူသားတံတိုင်းအဖြစ် လိုင်ဇာပတ်ဝန်းကျင်တွင် နေရာချထားကြောင်း၊
KIA စစ်သည်များအားလည်း အင်အားစုစည်းကာ လိုင်ဇာဌာနချုပ်အား ကာကွယ်ရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း
သိရပါသည်။ KIA စစ်သည်များမှာ အတင်းအဓမ္မ လူသစ်စုဆောင်းထားသူများဖြစ်သဖြင့် အခွင့်သာပါက
အစိုးရထံ လက်နက်ချ အလင်းဝင်ရန် ကြိုးပမ်းနေကြကြောင်း သတင်းရရှိပါသည်။

1 comments:
မတု ပါ မဲ့ ဘယ် လို နည်း နဲ့ မှ မရ ပါ ပြည် တွင်း မှာ ရှိ တဲု့ပြည် သူ တွေ က စိတ် နာ နေ ပြီနော် Kia သူ ပုန် တွေ ဆက် လုပ် နေ ရင် ပြည် သူ သတ် လို့ သေ မယ် နော်
Media သ မား တွေ သ တင်း တွေ ပိုင် ရှင် တွေ သူ ပုန် တွေ ပြော သ မျှ ရေး ကြ ပေါ့ ခင်း ဗျား တို့ လုပ် သမျှ အ မှား တွေ ကို နောင် မှ တောင်း ပန် ရုံ နဲ့ မရ ဘူး နော်
ပြော သူ လက် ခံ သူ ပိုင် ရှင် အကုန် လုးံ မှာ တာ ဝန် ရှိ တယ် နော်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်