Subscribe to our RSS Feed

မြောက်ပိုင်းပါဂျောင်ဒေသ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအတွက် ၎င်းတို့ကော်မရှင်မှ လာမည့်မေလတွင် အစီရင်ခံစာ ထုတ်ပြန်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ပြောကြား

From : eleven

မြောက်ပိုင်းပါဂျောင်ဒေသ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအတွက် ၎င်းတို့ဖွဲ့စည်းထားသော စုံစမ်းရေးကော်မရှင်မှ လာမည့်မေလတွင် အစီရင်ခံစာ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီက ဇန်န၀ါရီ ၃ ရက်က Myanmar Peace Centre တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

ယခု စုံစမ်းရေးကော်မရှင်ကို ၂၀၁၁ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ အစီရင်ခံစာ ထွက်ရှိလာသည့်အချိန်ကျမှသာ မည်သို့ ဆက်လက်ဆောင်ရွက်ကြမည် ဆိုသည်ကို ဆုံးဖြတ်မည်ဖြစ်ကြောင်း၊ ဇန်န၀ါရီ ၂ ရက်ကလည်း မြောက်ပိုင်းကိစ္စတွင် ပါဝင်ခဲ့သူများနှင့် တွေ့ဆုံခဲ့ပြီး ABSDF ၏ အလံတော်အောက်တွင် အတူတကွ ဆက်လက်ချီတက်ရန် သဘောတူခဲ့ကြောင်း ABSDF မှ တာဝန်ရှိသူများက ပြောသည်။
''မြောက်ပိုင်းဖြစ်စဉ် ဖြစ်ရပ်မှန်တွေ ပေါ်ပေါက်ရေးအတွက် ၂၀၁၁ ခုနှစ်ကနေစပြီး ကော်မရှင်တစ်ရပ်ဖွဲ့ပြီး ဆောင်ရွက်ခဲ့ပါတယ်။ ဖြစ်စဉ်မှာ ပါဝင်သူတွေကို ဆက်သွယ်ပြီး လုပ်ဆောင်နေပါတယ်။ ၂၀၁၃ ခုနှစ် မေမှာ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ဖို့ စီစဉ်နေပါတယ်'' ဟု ရဲဘော်ဆန်နီက ပြောသည်။
 ဖြစ်ခဲ့ပြီးသော ကိစ္စများသည် တော်လှန်ရေးတွင် ဖြစ်တတ်သည်သာ ဖြစ်ကြောင်း၊ တစ်ခုချင်းစီကို ပြောမည်ဆိုပါက ဇယားများ ရှုပ်သွားမည်ဖြစ်ကြောင်း၊ ဘယ်သူတွေ ဘာတွေလုပ်ခဲ့ကြသည် ဆိုသည်ကို သိကြောင်း၊ ယင်းအဖြစ်အပျက်များသည် ABSDF အဖွဲ့အစည်းတစ်ခုတည်းတွင် ဖြစ်သည်မဟုတ်ကြောင်း၊ နစ်နာခဲ့သူများကိုလည်း တောင်းပန်ရန် ရှိကြောင်း၊ ယင်းကိစ္စကြောင့်သာမဟုတ်ဘဲ ဒီမိုကရေစီ အရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သူများမှာ တစ်ထောင်ကျော်အထိ ရှိကြောင်း စသည်ဖြင့်လည်း ABSDF (ဗဟို) ဥက္ကဋ္ဌ ရဲဘော်သံခဲက ပြောသည်။
စစ်သုံ့ပန်းများအား စစ်ဆေးနေသည့် ဗွီဒီယိုဖိုင်များ လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ခြင်းနှင့် ပတ်သက်၍ မီဒီယာများက မေးမြန်းရာတွင် ရဲဘော်သံခဲက ၎င်းတို့အဖွဲ့အစည်းအတွင်း ယင်းကဲ့သို့ ရိုက်တင်ရန် မရှိကြောင်း၊ သို့သော် မီဒီယာခေတ်တွင် မည်သည့်အရာကိုမျ ဖုံးကွယ်ထား၍ မရကြောင်း၊ ပဋိပက္ခများ ရှိနေ၍သာ ယင်းသို့ ဖြစ်ပွားရခြင်းဖြစ်ကြောင်း စသည်ဖြင့် ပြန်လည်ဖြေကြားခဲ့သည်။
  
ယခုအကြိမ် လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး အစရှိသည်တို့အတွက် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် ပြည်တွင်းနိုင်ငံရေး အင်အားစုများနှင့် သဘောတူညီမှု ရရှိခဲ့ကြောင်း၊ အင်အားစုအားလုံး ပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတစ်ခုအား လွှတ်တော်ပြင်ပတွင် ပေါ်ပေါက်လာရေး သဘောတူကြိုးပမ်းသွားမည်ဖြစ်ကြောင်း ရဲဘော်သံခဲက ဆက်လက်ပြောကြားသည်။
ABSDF (ဗဟို) ဥက္ကဋ္ဌ ရဲဘော်သံခဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်က ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ မြ၀တီလမ်းကြောင်းမှ ၀င်ရောက်လာခဲ့ခြင်း ဖြစ်သည်။
ABSDF ၏ နှစ်ပတ်ခန့်ကြာမြင့်ခဲ့သည့် ယခုခရီးစဉ်အတွင်း အစိုးရအဖွဲ့တာဝန်ရှိသူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ အပါအ၀င် ဒီမိုကရေစီ အင်အားစုများ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် အပါအ၀င် တိုင်းရင်းသားအင်အားစုများ၊ ကျောင်းသားလူငယ် အဖွဲ့အစည်းများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် တွေ့ဆုံခဲ့သည်။


 www.MyanmarExpress.net
 

3 comments:

ရောမပြောပါနဲ့ တိုက်ပွဲ ဝင်ရင်းကျတာ ကဖြစ်လဲ။ တစ်ချက်ဆိုတစ်ချက်ပေါ့။ စစ်ဆေးခံရစဉ် ခံစားမှုနဲ့မတူပါ။မဟုတ်တာကိုစွပ်စွဲပြောဆိုတာစိတ်ကို ညဉ်းပမ်းမှု ၊ခန္ဓာကို ငြင်းပမ်းရက်စက်တာ ဘယ်လောက်ထိကမ်းကုန်ခဲ့လဲဆိုတာ မင်းတို့အသိဆုံး၊ မင်းတို့အစီရင်ခံစာရေးချင်ရင် လွန်ခဲ့တဲ့အနှစ်၂၀ ကတည်းက ရေးပေါ့ ခုမှ လူရာထဝင်ချင် မဖုံးနိုင်မဖိနိုင်မှ စုံစမ်း စစ်ဆေး အစီရင်ခံ ဆုံးဖြတ်ဆောင်ရွက် ရိုးတယ်ကွာ။ကဲအပြစ်ရှိသူဆို ဘယ်လိုအပြစ်ပေးမလဲ ။တော်လှန်ရေးဖြစ်စဉ်တွင်းအမှားအယွင်းရှိခဲ့လို့ သင်ပုနိးချေမယ် ဒီကောင်တွေက ဒီမိုကရေစီ သူရဲကောင်းတွေ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ ဆက်လက်ပါဝင်မယ် ဟုတ်လား။ အဲလောက်ထိအောက်တန်းကျတယ်ဆိုလုပ်ပေါ့။ကျောင်းသားစိတ် ခေါင်းဆောင်စိတ်ရှိသေးရင် ဟာရာကီရီ လုပ်လိုက်ပေါ့ ABSDF ကို ဖျက်သိမ်းပေါ့ ။ကျောင်းသားစိတ်မရှိတဲ့အတွက် ကျောင်းသားတပ်မတော်နာမည်မသုံးတော့နဲ့။မင်းတို့ကိုတော့ပြည်သူတွေကချဉ်နေပြီကွ။မင်းတို့ကို သပိတ်မှောက်ကျောင်းသားဟောင်းတွေ (လုပ်ဖော်ကိုင်ဖက်သံယောစဉ်)ဆူလွယ်နပ်လွယ်နိုင်ငံရေးသမားတွေ ခါတော်မှီ အဖွဲ့အစည်းတွေ ကနေရာပေးကောင်းပေးမယ် ဒါပေမယ့် အသိဥာဏ်နဲ့သိက္ခာရှိတဲ့ပြည်သူတွေက မင်းတို့ကို ရွံ တယ်ကွ။

သံခဲ ခွေး အောက်တန်းစား
မင်း တို့ အခု စားခွက် ပျောက် တော့ မှ ကြံရာ မရ ဖြစ်ပြီး
ဘာတွေ လိမ်ဆင် လုပ်ဦးမှာ လဲ။
ခွေးမသား ပါးစပ်က တောင်းပန် ရုံနဲ့ ပြီးမှာလား
ခွေး မိုးသီး ခွေး အောင် နိုင် တို့ကို ဘယ်လို သတ်ပေးမှာ လဲ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်