From : http://www.kachindailynews.com/2013/01/kia_2336.html
www.MyanmarExpress.net
KIAလက်နက်ကိုင်တပ်ဖွဲ့နဲ့ နိုင်ငံတော်အစိုးရတို့
ငြိမ်းချမ်းရေးဆွေးနွေးပွဲ(၁၁)ကြိမ် ပြုလုပ်ပြီး သည့်တိုင် ထူးခြား ထင်ရှားတဲ့ အဖြေရလာဒ်တစ်ခု
ပေါ်ထွက်မလာခဲ့ပါဘူး။ ၂၀၁၂ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ နှစ်ဦးနှစ်ဖက် အဆင့်မြင့် စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေပါဝင်ပြီး
တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင် ထားပေမယ့် KIA ဘက်က စစ်ဘက် ခေါင်းဆောင် ပိုင်းက တက်ရောက်မှုမရှိတာကြောင့်
ဆွေးနွေးပွဲ ပျက်ပြား သွားခဲ့ရ ပါတယ်။ အဲဒီ နောက်ပိုင်းမှာ နှစ်ဘက်တိုက်ပွဲ တွေ ပြင်းထန်လာခဲ့ပြီး
နှစ်ဖက်စလုံးမှာ ကျဆုံးမှုတွေရှိ နေခဲ့ပါတယ်။ စစ်တပ်က ပစ်ခတ် တိုက်ခိုက်မှုတွေပြင်းထန်
လာတာမို့ KIA ခေါင်းဆောင်ပိုင်း အနေနဲ့ တရုတ် ပြည်ဘက်ကို တိမ်းရှောင် နေကြ ပါတယ်။
KIA တပ်ဖွဲ့တွေမှာ ကျဆုံးမှုတွေပိုမိုများပြားလာပြီး
ထွက်ပြေးတာတွေ၊ အစိုးရထံမှာ လက်နက် ချတာတွေ ရှိနေတာ ကြောင့် KIA စစ်ဦးစီးချုပ်က
တရုတ်ပြည်ထဲမှာ အရင်ကတည်းက ရောက်နေတဲ့ လီဆူး လူမျိုးတွေကို KIA တပ်မှာ အမှုထမ်းဖို့
အတင်းအဓမ္မ ခေါ်ဆောင်နေပါတယ်။ လီဆူးလူမျိုးတွေကို KIA အဖွဲ့ရဲ့ ရှေ့တန်းတိုက်ပွဲတွေအတွက်
အသေခံတပ်ဖွဲ့အဖြစ် ဖွဲ့စည်းပေးပြီး တိုက်ခိုင်းနေပါတယ်။ ရှေ့တန်းစခန်း
တွေ မှာရှိနေတဲ့ ဂျိမ်းဖော လူမျိုးတွေရဲ့ နေရာမှာ
လီဆူးလူမျိုးတွေနဲ့ အစားထိုးခြင်း ဖြစ်ပါ တယ်။ ``ခိုင်းတဲ့အတိုင်း
လုပ်တတ်တဲ့ လီဆူးလူမျိုးတွေကို အစားထိုးခြင်း ဖြစ်တယ်``လို့ KIA တပ်ရင်းမှူး တစ်ဦးဖြစ်တဲ့
ဗိုလ်မှူး မဒွမ်နော်ကပြောပါတယ်။


1 comments:
Kia lee lar?
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်