Subscribe to our RSS Feed

ရေအောက်မြင် အချက်ပြ လေယာဉ်သုံး၍ ဓမ္မစေတီ ခေါင်းလောင်း ရှာဖွေခြင်း မိုးမကျမီ စမည်

From : popular

ဓမ္မစေတီ ခေါင်းလောင်း ရှိနိုင်မည့် နေရာများ၌ ခန့်မှန်း ဆယ်ယူခြင်းကို ယခုနှစ် မိုးမကျမီ အကောင်အထည် ဖော်သွားမည်ဟု ယင်းလုပ်ငန်း၌ ပါဝင် ဆောင်ရွက်နေသူ စာရေးဆရာ ချစ်စံဝင်းက ပြောသည်။

လက်ရှိတွင် နှစ်ပေါင်း ၄ဝဝ ကျော် အတွင်း မြစ်ကြောင်း ပြောင်းလဲမှုများကို သုတေသနပြုလျက် ရှိပြီး လိုအပ်သည့် အချက်အလက် များကို ရှာဖွေ စုဆောင်းနေ သည်ဟု ၄င်းက ပြောသည်။

ရေအောက်တွင် နှစ်ပေါင်း ၄ဝဝ ကျော်နစ်မြုပ်လျက် ရှိသော ဓမ္မစေတီ ခေါင်းလောင်းအား အမေရိကန် ဒေါ်လာ ၁ဝ သန်း အကုန်အကျ ခံကာ ဆယ်ယူပေးသွား မည် ဖြစ်ကြောင်း ၂ဝ၁၂ ခုနှစ် ဇွန်လ ၃ဝ ရက်နေ့တွင် စင်ကာပူ နိုင်ငံရှိ S.D Mark International LLP ကုမ္ပဏီမှ အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်၍ ပြော ကြား ခဲ့ခြင်း ဖြစ်သည်။

ယင်းလုပ်ငန်း၌ ပါဝင်ဆောင် ရွက်နေသည့် စာရေးဆရာ ချစ်စံဝင်းက ”သူတို့ဘက်က လက်လျှော့ သွားတာ မဟုတ်ဘူး။ တခြား အစီအစဉ်တွေ ရှိလို့ ခေတ္တ ကြာနေတဲ့ သဘောပါ” ဟုလက်ရှိ အနေအထား ကို ပြောသည်။
ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူရာတွင် စင်ကာပူ ကုမ္ပဏီမှ သမိုင်းဝင် ပစ္စည်း ရှာဖွေရေးနှင့် ရေငုပ် ကျွမ်းကျင်သူ သြစတြေးလျ နိုင်ငံသား၊ ဗြိတိန်လူမျိုး ကပ္ပတိန် မိုက်ကယ် မိုက်ဟယ်ဂျာကို ငှားရမ်း သွားမည်ဟု စင်ကာပူ ကုမ္ပဏီမှ CEO က အဆိုပါ အလုပ်ရုံ ဆွေးနွေး ပွဲတွင် ပြောကြားခဲ့သည်။

စင်ကာပူ ကုမ္ပဏီမှ လက်ရှိ အချိန်တွင် မြန်မာနိုင်ငံရှိ သမိုင်းသု တေသနသို့ ထပ်မံ ဆက်သွယ်မှု မရှိသေးကြောင်း၊ ငွေကြေးပိုင်း ဆိုင်ရာ စုဆောင်းနေသည့် အနေ အထား ရှိကြောင်း အဆိုပါ ဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ပြော သည်။

ဓမ္မစေတီ ခေါင်းလောင်း ရှာဖွေ ရာ၌ ရေအောက်နစ်မြုပ် ပစ္စည်းများ အား အချက်ပြနိုင်သည့် လေ ယာဉ်ပျံ များလွှတ်ကာ လေယာဉ်မှ အချက်ပြသည့် နေရာတွင် ရေငုပ် ၍ ရှာဖွေ သွားမည်ဟု ဆရာ ချစ်စံဝင်း က ထပ်လောင်းပြောသည်။

ဓမ္မစေတီ ခေါင်းလောင်းသည် တန်ချိန်ပေါင်း ၂၉ဝ ရှိပြီး နှစ်ပေါင်း ၅၂ဝ ကျော် ကြာမြင့်ပြီ ဖြစ်သည်။ အဆိုပါ ခေါင်းလောင်းကို ငဇင်ကာက ရွှေတိဂုံ စေတီတော် ရင်ပြင်မှ သန်လျင်သို့ သယ်ယူစဉ် ငမိုးရိပ်ချောင်း အဝ ပန်းအလွဲမြစ် ထဲသို့ ပြုတ်ကျ နစ်မြုပ်ခဲ့ခြင်း ဖြစ် သည်။


 . www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်