Subscribe to our RSS Feed

ကျော်ကိုကိုနှင့် မီဒီယာများ တွေ့ဆုံနိုင်ရန် စီစဉ်နေ

From : 7 day

ပဏာမ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းမှ ထုတ်ပယ်ခြင်းခံရသော တိုက်စစ်မှူးကျော်ကိုကိုအား မီဒီယာများနှင့် တွေ့ဆုံပေးရန်အတွက် စီစဉ်နေကြောင်း ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း အမှုဆောင်အရာရှိချုပ်က ပြောသည်။

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကိုသည် နည်းပြ၏ သင်ကြားမှုများကို အကြိမ်ကြိမ် ဝေဖန်ပုတ်ခတ်မှုများ ပြုလုပ်ခဲ့ သည့်အပြင် အသင်း၏ အုပ်ချုပ်သူနှင့် နည်းပြအဖွဲ့ဝင်များအပေါ် ရိုင်းပျသည့် အပြုအမှုများ လုပ်ဆောင်ခဲ့သည်ဆိုကာ ဖေဖော်ဝါရီ ၂၀ ရက်တွင် ပဏာမလက်ရွေးစင် အသင်းမှ ထုတ်ပယ်ခြင်း ခံရသည်။

“ကျွန်တော်တို့ဘက်က ကျော်ကိုကိုနဲ့ တွေ့ပြီးတော့ ဆွေးနွေးနေပါတယ်။ သူတကယ်ပဲ မှားသလား။ မှားရင်တောင်းပန်ဖို့ အတွက် ဖြစ်သင့်တာက မြန်မာတို့က သူကိုမီဒီယာနဲ့ တွေ့ပေးပြီး သူ့ရဲ့ စိတ်ခံစားချက်ကို ပြောပြစေချင်ပါတယ်” ဟု ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း အမှုဆောင် အရာရှိချုပ် ဦးမင်းဆွေဦးက ပြောသည်။

ထိုကဲ့သို့ ပဏာမ လက်ရွေးစင်အသင်းမှ ထုတ်ပယ်ရခြင်းမှာ ကျော်ကိုကိုသည် နည်းပြချုပ်၏ အသင်းဗျူဟာများအပေါ်တွင် အမြဲလိုလို ဆင်ခြေပေးခြင်း၊ မကျေနပ်သည့် အပြုအမှုများ ပြုလုပ်ခြင်း၊ အသင်းအစည်းအဝေးများ ပြုလုပ်ချိန်တွင် မလေးမစား အပြုအမူများ ပြုလုပ်ကာ အစည်းအဝေးမှထွက်ခြင်း၊ နည်းပြချုပ်အား ပမာမခန့်များ ပြုလုပ်ခြင်းတို့ကြောင့် ဖြစ်ကြောင်း နည်းပြအဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုးဆုံးအပြုအမူမှာ ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်း လေ့ကျင့်ရေးကွင်းမှ ပြန်လာချိန်တွင် နည်းပြများ ရေးဆွဲထားသည့် တစ်နေ့တာအချိန်ဇယားစာအုပ်ပေါ်၌ အုပ်ချုပ်သူနည်းပြများအပေါ် ရိုင်းပျစော်ကားသည့် အဓိပ္ပာယ်သက်ရောက်သော စကားလုံးများကို ရေးသားခဲ့ခြင်းကြောင့် နည်းပြချုပ်က ယခုကဲ့သို့ အသင်းမှ ပြန်လည်စေလွှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ တိုက်စစ်မှူးကျော်ကိုကိုအား 7Day News မှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းကိုင်ခြင်း မရှိခဲ့ပေ။

အသင်း၏ နည်းပြချုပ် ပက်ဆောင်ဟွာကမူ ကျော်ကိုကို၏ အနာဂတ်နှင့်ပတ်သက်၍ မည်သို့မျှ မဖြေနိုင်သေးကြောင်း၊ မိမိအနေဖြင့် နိုင်ငံအတွက် ပေးဆပ်ချင်စိတ်ရှိမည့် ကစားသမားတိုင်းကို အမြဲကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ယင်းကိစ္စနှင့်ပတ်သက်ပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ထံ တင်ပြသွားမည်ဖြစ်ကာ ဥက္ကဋ္ဌ၏ အဆုံးအဖြတ်ပေါ်တွင် မူတည်၍ ထပ်မံဆုံးဖြတ်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုလေ့ကျင့်မှု ပြုလုပ်နေသော ပဏာမမြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် မတ် ၂ ရက်တွင် ယှဉ်ပြိုင်မည့် AFC Challenge Cup ခြေစစ်ပွဲအတွက် ရည်ရွယ်၍ လေ့ကျင့်နေခြင်း ဖြစ်သည်။


  www.MyanmarExpress.net
 

8 comments:

မီဒီယာနဲ့တွေ့ပြီး သူများမကောင်းကြောင်း သူကောင်းကြောင်းပဲပြောဦးမှာပေါ့ ဒါပေမဲ့ဒီကောင်ဘာပြောပြော ဒီကောင့်ဥပတိရုပ်ကယုံကြည်စရာ အကြောင်းမရှိပါဘူး

မလုပ်သင့်တာတွေလုပ်ခဲ့ပြီးပြီ မီဒီယာတွေနဲ့တွေ့ပြီး မပြောသင့်တာတွေထပ်ပြောပါလိမ့်မယ် ငါတို့ကတော့မင်းဘာပြောပြောမယုံတော့ဘူးကွာ

ဥက္ကဌဦးဇော်ဇော်ဟာ သမာသမတ်ကျတဲ့ ပုဂ္ဂိုလ်ပါ ။ကစားသမားတွေ စည်းကမ်းလိုက်နာဖို့ ပြောပြီးသား ။
ကျော်ကိုကို အတွက်မျှော်လင့်ချက်သိပ်မရှိ။
ဒီကောင် သူ့ ကိုယ်သူ ဘာစီလိုနာ မှာကစားနေတဲ့
မက်ဆီများ မှတ်နေသလားမသိ။
ဘဝင်ရူး, ရူးသွားပြီထင်တယ်။
ထုတ်ပစ်လိုက် ရာသက်ပန်။

ဘာလိုတယ်လီ လိုကောင်မျိုးနေမှာ ခြေစွမ်းကိုပြောတာမဟုတ်ဘူး ကြပ်မပြည့်တာကိုပြောတာ လူကဘာကောင်မှမဟုတ်သေးဘူး မမြင်ဘူးတဲ့ ငွေ ကိုင်ရတော့ စောက်ဘဝင်မြင့် သွားတာ မင်းတို့ကောင်တွေကို မတန်မရာ လစာတွေပေးထားတာ နိုင်ငံ့ဘော်လုံးအသင်း မြင့်တက်လာမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ကွ စောက်သုံးမကျတဲ့ ဖွတ်ကျားကောင်ကို ကလပ်အသင်းကပါ ထုပ်ပယ်သင့်တယ် ဒါမှ ဘဝမှန်ပြန်ရောက်မှာ မဗျိုင်းလိုကောင်

စည်းကမ်းနဲ့ စိတ်ဓါတ်မကောင်းရင် စီရော်နယ်ဒိုလိုမက်ဆီလိုတော်ကောင်းနေပါစေမရွေးသင့်ပါ။ငကန်းသေငစွေလာလိမ့်မယ်။

ဘုန်းကြီးထိပ်ခေါက်ပီးတော့မှပြန်ကန်တော့တဲ့ကောင်တွေများနေတယ်
ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်းက တိုက်စစ်မှူးကျော်ကိုကိုက ၇ိုင်းစိုင်းစော်ကားပီးတော့မှ ဦးဇော်ဇော် အပါအဝင် တာဝန်ရှိသူများနှင့် မြန်မာဘောလုံးပရိသတ်ကို တောင်းပန်ပါတယ် လုပ်ပြန်ပီ
အ၇င်အပတ်ကလဲ playboyအဖွဲ့ကသီချင်းဆိုတဲ့ ကုလားသန်းနိုင်က (၉)မိုင်ဂေါက်ကလပ်ဥက္ကဌ လူကြီးလူကောင်း ၇ဲချုပ်ဟောင်းဗိုလ်မှူးကြီးစိုးဝင်းကို မိုက်နဲ့ အကြိမ်ပေါင်းများစွာ ဂလေဂချေလိုဆဲပီးမှ တောင်းပန်ပါတယ်တဲ့

သူတောင်းစား ကျော်ကိုကို
အခုမှလာငိုမပြနဲ့ မြန်မာအသင်းမှာ
မင်းရှိမှဖြစ်မယ်ထင်နေတာလား ဘဝင်ရှူးရဲ့
ဒို့မြန်မာ ဆိုတာ တက်မရှိလည်းလက်နဲ့လှော်တဲ့ စိတ်ဓါတ်
ရှိတယ် သမုဒ္ဒရာကိုမမြင်ဘူးတဲ့ဖားသငယ်လို ကိုယ်နေတဲ့နွားချေရာခွက်ကို ပင်လယ်ကြီးထင်နေသ
လားကွဲ့ ရှက်စရာကောင်းတဲ့သတ္တဝါရဲ့

မ အေလိုး စောက်ခွေး ကျော်ကိုကို
အခုမှ ဘဝပျက် လမ်းဘေးရောက်တော့မယ်
ဆိုမှ ကြောက်ပြီး လာတောင်းပန်တဲ့ ခွေးးး
မင်း လိုကောင် ကို တသက်စာ မှတ်သွားအောင်
ထုတ်ပယ်ပစ် ရမယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်