Subscribe to our RSS Feed

ကိုးနှစ်နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနှင့် အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး သဘောတူညီချက်ရရှိ

From : 7day

မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့သည် နှစ်ပေါင်းကိုးနှစ်နီးပါး ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် နှစ်နိုင်ငံပူးတွဲ၍ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ဆောင်ရန် သဘောတူညီခဲ့သည်။

မြန်မာနိုင်ငံပိုင်မီဒီယာမှ ကြေညာချက်ထဲတွင် နှစ်နိုင်ငံစလုံးသည် ယခုနှစ်ဆန်းမှ စတင်ကာ နိုင်ငံတွင်း ဘိန်းစိုက်ပျိုးမှု စစ်တမ်းကောက်ယူရေး၊ မူးယစ်ဆေးတိုက်ဖျက်မှု ဆန့်ကျင်ရေးလုပ်ငန်းများကို ပူးတွဲလေ့ကျင့်ရေးတို့ကို လုပ်ဆောင်သွားမည်ဟု ဖော်ပြခဲ့သည်။ နေပြည်တော်၌ ပြုလုပ်ခဲ့သော သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ယခုသဘောတူညီချက်အား “ကျွန်တော်တို့ နှစ်နိုင်ငံစလုံးရဲ့ ဆက်ဆံရေးတစ်ခုလုံးမှာ နောက်ထပ်ရှေ့တိုးတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီစာချုပ်ကြောင့် ၀မ်းမြောက်နေမိပါတယ်”ဟု သတင်းထောက်များအား ပြောသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှူး ဗိုလ်မှူးမြင့်သိန်းကလည်း နှစ်နိုင်ငံ ပူးတွဲစစ်တမ်းကောက်ယူခြင်းသည် ပြည်တွင်း၌ ဘိန်းစိုက်ပျိုးမှုနှင့် ထုတ်လုပ်မှုတို့ကို သိရှိရန် သတင်းအချက်အလက် ကောင်းစွာပေးအပ်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မှု အောင်မြင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။ မြန်မာသည် ကုလသမဂ္ဂအဖွဲ့ကြီး၏ အဆိုအရ ကမ္ဘာ့ဘိန်းစိုက်ပျိုးမှု အများဆုံးနိုင်ငံဖြစ်သော အာဖဂန်နစ္စတန်နောက်တွင် ဒုတိယနေရာမှလိုက်နေပြီး ကမ္ဘာ့ဘိန်းအထွက်၏ ၂၅ ရာခိုင်နှုန်းကို စိုက်ပျိုးနေကြောင်း သိရသည်။ မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် ၂၀၀၄ ခုနှစ်အထိ ဘိန်းစိုက်ပျိုးမှု စစ်တမ်းကောက်ယူလေ့လာရေးကို ပူးပေါင်းဆောင်ရွက်ခဲ့ဖူးသည်။


 . www.MyanmarExpress.net
 

1 comments:

တ ကယ် လုပ် မှာ လား က ချင် အ ရှေ့ မြောက် ဝ SSA နယ် ကို စစ် ဆင် ရေး လုပ် လိုက် ပါ ဘိန်း ပင် တွေ ဆေး ပြား တွေ သိန်း ဂ ဏန်း မ မိ ရင် ပြော ပါ ဝ KIA SSA ဒါ တွေ လုပ် ပြိး လက် နက် ကိုင် သောင်း ကြမ်း နေ တာ ပါ

ပြည် မ နယ် ပယ် နယ် စပ် ဆေး ပြား တွေ ပြန့် နှံ နေ ပါ ပြိ
လူ ငယ် တွေ လဲ ပျက် စီး ကုန် ပါ ပြိ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်