Subscribe to our RSS Feed

မြန်မာ့ဆိုင်းဝိုင်းများဖြင့် အဖွင့်/အပိတ်ပြုလုပ်မည့် ဆီးဂိမ်းပြိုင်ပွဲ

From :Myit Makha Mediagroup 


၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်း နေပြည်တော်၌ကျင်းပမည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲ/ ပိတ်ပွဲအခမ်းအနားများ၌  မြန်မာ့ယဉ်ကျေးမှု၏ ခမ်းနားထည်ဝါမှုကို ဖော်ဆောင်သည့်အနေဖြင့် မြန်မာ့ဆိုင်းဝိုင်း(၁၁) ဝိုင်းအား ထည့်သွင်းဖျော်ဖြေသွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှသတင်းထုတ်ပြန်ချက်အရသိရသည်။

သွားပြီးတော့ လျှောက်ဖြစ်မှာပါ။ ဒါပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ မေးကြည့်ရဦးမယ်။ ဥပမာ တီးရမယ့်အချိန်တွေက ဘယ်လို ကန့်သတ်ထားလဲဆိုတာမျိုးပေါ့။ သဘင်(ဗဟို)ကိုမေးကြည့် ပါဦးမယ်ဟု မွန်ပြည်နယ်ကိုကိုနိုင်ဆိုင်းဝိုင်းမှ ဆိုင်းဆရာ ဦးကိုကိုနိုင်ကပြောသည်။
 ပါဝင်မည့် ဆိုင်းပညာရှင်များအနေဖြင့် ဆိုင်းဝိုင်းတစ်ဝိုင်းလျှင် မြန်မာ့ရိုးရာဆိုင်းဝိုင်း အပြည့်အစုံနှင့် ဆိုင်းပညာရှင်(၈)ဦးထက် မပိုပဲ ပါဝင်တီးခတ်နိုင်ရမည်ဖြစ်ပြီး (ကျား/မ) မရွေး၊ အသက်အရွယ် အကန့်အသတ်မရှိ လျှောက်ထားနိုင်ကြောင်း သိရသည်။

လျှောက်ထားမည့် ဆိုင်းဝိုင်းများအနေဖြင့် ၀ိုင်းခေါင်းဆောင်နှင့်အဖွဲ့ဝင်များ၏ ရောင်စုံပတ်စ်ပို့ဓာတ်ပုံ(၃)ပုံ၊ ကိုယ်ရေးမှတ်တမ်းများ၊ ဆက်သွယ်ရန်လိပ်စာအပြည့်အစုံနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ၏ ထောက်ခံချက်များ ပါရှိရမည်ဖြစ်ပြီး လာမည့် ဧပြီလ(၃၀)ရက်နေ့ထိ လျှောက်ထားနိုင်ကြောင်း သိရသည်။

အခုလို Sea Game မှာ ဆိုင်းဝိုင်း(၁၁)ဝိုင်းနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် တီးခတ်ရမယ် ဆိုတော့ ကောင်းပါတယ်။ မြန်မာ့ဆိုင်းကို ကမ္ဘာကလည်း သိသွားတာပေါ့။ အရင်ကဆိုရင် ဆိုင်းဆိုတာ ဆို၊ က၊ ရေး၊ တီး မှာလောက်ပဲ နေရာရခဲ့တာပါ။ ဒီလိုအစီအစဉ် ကောင်းပါတယ်ဟု ဆိုင်းဆရာ ဦးကိုကိုနိုင်ကပြောသည်။
 ရွေးချယ်ခံရသည့် ဆိုင်းဝိုင်းများအနေဖြင့် ပွဲကြိုကာလ(တစ်ပတ်ခန့်)နှင့် ဖွင့်ပွဲအခမ်းအနေားကျင်းပစဉ် ကာလအတွင်း ၀တ်စုံ၊ စားရေးသောက်ရေး၊ တည်းခိုနေထိုင်ရေး၊ သယ်ယူပို့ဆောင်ရေးအစီအစဉ်များ ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လျှောက်ထားလိုသော ဆိုင်းပညာရှင်များအနေနှင့် ကြိုတင်ပြင်ဆင်လေ့ကျင့်ရေးကော်မတီရုံး၊ ယဉ်ကျေးမှုဝန်ကြီးဌာန (၀၆၇-၄၀၈၄၅၄)၊ (၀၆၇-၄၀၈၀၃၅)၊  ရန်ကုန်(ဇတ်ရုံ) (၀၁-၃၉၅၁၅၇)၊ မန္တလေး(ဇတ်ရုံ) (၀၂-၆၁၁၆၈) တို့တွင် ဆက်သွယ်မေးမြန်း လျှောက်ထားနိုင်သည်။  
  www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်