Subscribe to our RSS Feed

မိမိမိုင်းမိမိနင်းမိ၍ KIA တပ်ဖွဲ့ဝင်ဒဏ်ရာရ

From :http://www.mgkyautkhae.blogspot.com/2013/02/kia_19.html

ရွှေကူမြို့နယ်၊ မြို့လှမြို့နယ်ခွဲအနီးတွင် ဖေဖော်ဝါရီလ ၁၇ရက်နေ့ ၁၀နာရီခန့်တွင် KIA မှ ထောင်ထားသော မိုင်းပေါက်ကွဲခြင်းကြောင့် KIA တပ်ဖွဲ့ဝင်၂ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါသည်။


မြို့လှ၏ အရှေ့မြောက်ဘက် တောထဲတွင် ဖြစ်ပွားခဲ့တာဖြစ်ပြီး မိုင်းဒဏ်ရရသွားသော တပ်ဖွဲ့ဝင်များကို ၎င်းတို့ စခန်းဖြစ်သည့် ဒါဝယ်စခန်းတွင်ဆေးကုသနေကြာင်း တပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးပြောပြချက်အရ သိရှိရ ပါသည်။ အစိုးရတပ်များအတွက် ထောင်ထားသည်ဟု ၎င်းတို့က ဆိုကြသော်လည်း ပတ်ဝန်းကျင်အနီးအနားမှ ဒေသခံများသာ မိုင်းထိဒဏ်ရာရနေကြရပါသည်။

၎င်းတို့၏မကောင်းမှုလုပ်နေသောကြောင့် ဘုရားသခင်က ဒဏ်ခတ်တာဖြစ်ကြောင်း၊ မိမိတို့လူမျိုးကို မိမိတို့က ကာကွယ်မှုမပြုဘဲ နှိပ်စက်မှုတွေပြုလုပ်နေသောကြောင့် ယခုကဲ့သို့ ဘုရားက သတိပေးတာ ဖြစ်သည်ဟု မြို့လှမှာရှိသော သင်းအုပ်ဆရာတစ်ဦးကပြောဆိုသွားပါသည်။

  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်