ပြီးခဲ့တဲ့ ၁၈ ရက်နေ့က NLD ပါတိကို နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ဖို့ ဆုံးဖြတ်ချက် ချအပြီး ပထမဆုံးခြေလှမ်းအနေနဲ့ အဒဖ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံအတွက် သေရေးရှင်ရေး အရေးပါတဲ့ အနုပညာအရေးတွေ စတင်လုပ်ကိုင်လာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ သာမန်လူတစ်ယောက် မဟုတ်ဘူးလို့ တော်တော်များများက လက်ခံထားကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သာမန်လူတွေ တွေးသလိုမတွေး တတ်၊ သာမန်လူတွေ လုပ်သလို မလုပ်တတ်တာတော့ အမှန်ပါပဲ။ ဒါကြောင့် သာမန်လူတွေ အားလုံး အောင်မြင်သွားချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ခြေကားယား လက်ကားယားနဲ့ ကျန်ခဲ့မြဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၁ နိုဝင်ဘာ ၁၃ ရက်နေ့က အကျယ်ချုပ်က လွတ်မြောက်လာပြီးပြီးချင်းမှာ နိုင်ငံအတွက် သေရေးရှင်ရေး အရာပါတဲ့ အလုပ်တစ်ခုဖြစ်တဲ့ twitter နဲ့ facebook သုံးခြင်းကို လုပ်မယ်လို့ ပထမဆုံး ကြွေးကြော်ခဲ့ဖူးပါတယ်။
အခုလည်း အဒဖ ကို မှတ်ပုံတင်ဖို့ ဆုံးဖြတ်ပြီးပြီးချင်းမှာပဲ ခရစ်ယာန်ဘာသာဝင် အဆိုတော်တွေနဲ့ အတူ နိုင်ငံအတွက် သေရေးရှင်ရေး အရေးပါတဲ့ အနုပညာ လုပ်ငန်းတွေ လုပ်ဖို့ ပထမဆုံး တွေ့ဆုံခဲ့ပါတယ်။
အဒဖ အတွင်းမှာ နေ့စဉ်နဲ့အမျှ သီချင်းဆိုပွဲ၊ ဓာတ်ပုံပွဲ၊ ကာတွန်းပွဲ၊ ရုပ်ရှင်ပွဲ နဲ့ ဈေးရောင်းပွဲတွေကိုလည်း တစ်နှစ်အတွင်းမှာ ဆက်တိုက်ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ အဲဒီလုပ်ငန်းတွေအတွက် လူ ၁၀ သိန်းလောက် ပါတီဝင်အဖြစ်လက်ခံပြီး အနုပညာအလုပ်တွေ ဆက်တိုက်တိုးချဲ့လုပ်ကိုင်သွားဖို့ ရှိကြောင်းလည်း ပါတီဝင်တစ်ဦးက ဆိုပါတယ်။
လက်တလောအားဖြင့် ဗုဒ္ဓဘာသာ ဝင်အများဆုံးနေထိုင်တဲ့ မြန်မာနိုင်ငံကို ဗုဒ္ဓရဲ့ ဓာတ်တော် စွယ်တော်မြတ် ကြွရောက်အပူစော်ခံနေတာကြောင့် သက်ကြီးများသာမက လူငယ်များပါ သွားရောက်ဖူးမျှော်ကာ အလုပ်ရှုပ်နေချိန်ဖြစ်ပါတယ်။ အသက် ၆၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကတော့ စွယ်တော်မြတ်ကိုတော့ သွားရောက်ဖူးမျှော်ခြင်းမရှိပဲ ဒီအရွယ်ရောက်မှာ သီချင်း အဆိုတော်တွေနဲ့တွေ့ပြီး အလုပ်ရှုတ်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ အနုပညာရှင်တွေကတော့ ခရစ်ယာန်ဘာသာဝင်အများစုဖြစ်နေပြီး ဗုဒ္ဓဘာသာဝင် အနုပညာရှင်တွေနဲ့ လက်ရှိနာမည်ကြီးပရိတ်သက်အကြိုက်အနပညာရှင်တွေ တစ်ယောက်မှ မလာခဲ့ကြဘူး လို့ သိရပါတယ်။

3 comments:
ဟုတ်ပဗျာ ခုထိ ဘာမှကို လုပ်တာမတွေ့ရဘူး အရပ်တစ်ကာလှည့်ပြီး တော်ကီလိုက်ပွားတာပဲ တွေ့နေရတယ်။ ဘာမှကို မယ်မယ်ရရ မလုပ်သေးဘူး။ ဖောရှောတွေလိုက်လုပ်နေတာကြီးပဲ။ အဲဒါနဲ့ပဲ ကျော်သူ အလုပ်ဖြစ်သွားမှာမြင်ရောင်တယ်။ သူကိုယ်တိုင်းမောင်းပေးမှာပါ။
ဒေါ်စုကဘုရားတောင်ရှိခိုးတတ်တာမှမဟုတ်တာ...ဘာမှမလုပ်တတ်ပါဘူးဖောပြီးတော့ချောတော့မှာပါ....
အဖော်ပြုဖို့ ဒေါ်စု...
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်