မနေ့တစ်နေ့ကမှ အမြင်မှန်ရပြီး မှတ်ပုံတင်တဲ့ အဒဖ က ပါတီဝင် ၁၀ သိန်း လက်ခံမယ်လို့ ကြွေးကြော်နေပါတယ်။ ပါတီဝင်လျှောက်ထားမယ့်သူတွေကိုလည်း ဘာဆိုဘာမှ ကန့်သတ်မထားဘူးလို့လည်း သိရပါတယ်။ ဘာမှကန့်သတ်မထားတဲ့ထဲကပဲ အရည်အချင်းတူရင် အမျိုးသမီးတွေကို ဦးစားပေးမယ်လို့ဆိုပြန်ပါတယ်။ လူလူချင်းအတူတူ အခုလို လိင်ခွဲခြားတာဟာ လူ့အခွင့်အရေးကို ချိုးဖောက်တာဟု မြန်မာ့အရေးကျွမ်းကျင်သူများက သုံးသပ်ကြပါတယ်။
မြန်မာနိုင်ငံမှာ တရားဝင်ပါတီ ၄၀ ခန့်ရှိပြီး အဲဒီထဲမှာ အဒဖ က အမျိုးသမီးအင်အား အများဆုံးပါတီ ဖြစ်လာလိမ့်မယ်လို့ အကဲခက်တွေက ပြောဆိုကြပါတယ်။ ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်မှ အိမ်မှာ ထမင်ချက်နေတဲ့ လူတွေကလည်း နိုင်ငံရေးလုပ်နေတာပဲ လို့ ပြောခဲ့ဖူးပါတယ်။ အခုလည်း NLD ထဲဝင်ချင်တဲ့ အမျိုးသမိးတွေစုပြီး ရုံးမှာ ထမင်းချက်ရင်း နိုင်ငံရေးလုပ်ခိုင်း နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်