Subscribe to our RSS Feed

NLD ပါတီဝင်အဖြစ် သင့်အား အလိုရှိသည် (မှတ်ချက်။ ။ ဘာအရည်အချင်းမှ မလို)

အင်္ဂလန်သားကို ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးစီးပြီး အမျိုးသမီး ၁၁ ယောက် မတည်ကာ အဒဖ ပါတီတည်ထောင်ရေး လျှောက်ထားချက်ကို ရွေးကောက်ပွဲကော်မရှင်က လက်ခံလိုက်ပါပြီ။ အဒဖ ပါတီဟာ ၂၀၁၀ တုန်းက မှတ်ပုံတင်ခိုင်းဖို့ အကြိမ်ကြိမ် သတိပေးနေတာကို ပေကပ်ပြီး မှတ်ပုံမတင်ခဲ့တဲ့ပါတီ ဖြစ်ပါတယ်။ အခုကျတော့လည်း ကြားဖြတ်ရွေးကောက်ပွဲအတွက် ဆိုပြီး အဦးဆုံး ပြေးပြီး မှတ်ပုံတင်နေပြန်ပါပြီ။

ပါတီ မှတ်ပုံတင်ဖို့ လူစာရင်းတင်ပြရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဦးစီး အမျိုးသမီး ၁၁ ဦးနဲ့ ဒုဥက္ကဌ ဦးတင်ဦး ဦးစီး အမျိုးသား ၁၀ ဦးတို့ ပါဝင်ပါတယ်။ လက်ရှိ အဒဖ ဥက္ကဌ ဦးအောင်ရွှေရဲ့ နာမည်ကိုတော့ ထည့်သွင်းထားခြင်းမရှိပါဘူး။

ပါတီမှတ်ပုံတင်ဖို့ ဆုံးဖြတ်အပြီးမှာ ပါတီဝင်တွေ လက်ခံဖို့ စီစဉ်ခဲ့ကြပါတယ်။ လောလောဆယ် ဆယ်ဂဏန်းပဲ ရှိတဲ့ လူနဲ့တောင် ဘာမှလုပ်စရာမရှိလို့ နိုဘယ်ဆုရှင်ကြီး ဦးဆောင်ပြီး ဈေးရောင်းပွဲလုပ်လိုက်၊ သီချင်းဆိုပွဲ လုပ်လိုက်၊ ရုပ်ရှင်ပွဲလုပ်လိုက်၊ ဓာတ်ပုံပွဲတွေ ၊ပန်းချီပွဲတွေ လုပ်နေရတာကို ပါတီဝင် သိန်း ဆယ်ဂဏာန်းထိ လက်ခံမယ်လို့ သိရပါတယ်။ ပါတီဝင် အဖြစ်ဝင်ရောက်လိုသူများအတွက် ပညာအရည်အချင်း သာမကပဲ ဘာအရည်အချင်းမှ ကန့်သတ်ချက်မရှိလူးလို့ သိရပါတယ်။ ပါတီဝင်တွေများလာရင်လည်း အနုပညာအသင်းတွေထက် သာအောင် ၊ ယဉ်ကျေးမှု ဝန်ကြီးဌာနထက်သာအောင် သီချင်းဆိုပွဲတွေ၊ ဓာတ်ပုံပန်းချီပွဲတွေနဲ့ ဈေးရောင်းပွဲတွေကို လူများများနဲ့ ပျော်ပျော်ပါးပါး ကျင်းပဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

ခိုးမှု၊ မုဒိန်းမှု၊ ဓားပြတိုက်ရမ်းကားမှုနဲ့ ထောင်ကျနေပြီး မကြာခင်ကမှ နိုင်ငံတော် သမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ လမ်းမတော်က ၁၀၉ ၁၁၀ တစ်ဦးကတော့ NLD ပါတီထဲကို ဝင်ဖို့ စိတ်အားထက်သန်နေကြောင်း အခုလိုပြောပါတယ်။

"ဝင်မယ်ဗျာ... ဝင်လို့ရတာနဲ့ ချက်ချင်းကိုပြေးဝင်မှာ... NLD ရုံးက ဘာအလုပ်မှမခိုင်းပဲ ရုံးတက်တဲ့လူတိုင်းကို ဆန် ၂ တင်းချက်လောက် နေတိုင်းကျွေးနေတယ်လို့ နာမည်ကြီးနေတာဗျ... ပြီးတော့ ကျုပ်က အသက်ကြီးပြီလေ... ကမ္ဘာမှာ သက်ကြီးတွေကို ကန်တော့ပွဲအလုပ်ဆုံးက NLD ဗျ... ဒီတော့ အစားအသောက်တွက်လည်း ပူစရာမလိုဘူး၊ အခါကြီးရက်တိုင်းလည်း ကန်တော့ခံရမယ်၊ ပစ္စည်းတွေရမယ်လေ.. ဒီထက်ကောင်းတာ ဘာရှိသေးလဲ... တခြား ကျုပ်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးလည်း ဝင်ကြမှာတဲ့ ပျော်စရာကြီးပေါ့ဗျာ...." လို့ ပြောပါတယ်။

နိုင်ငံရေးနဲ့ပတ်သက်ပြီး ဘာတွေလုပ်ဖို့ရှိလဲလို့ မေးချိန်မှာတော့ "နိုင်ငံရေးလည်း အများကြီးဝင်လုပ်မှာပါ... ကျုပ်စုံစမ်းကြည့်ရသလောက်ကတော့ NLD မှာ သီချင်းဆိုပွဲ၊ ဈေးရောင်းပွဲတွေနဲ့ တခြားပွဲတွေကို နိုင်ငံရေး ဆိုပြီး ဆက်တိုက်လုပ်နေတယ်ပြောတယ်... အဲလိုနိုင်ငံရေးတော့ ကလေးတောင်လုပ်တတ်တယ်လေ.. ကျုပ်လည်း ဝင်ရောင်း၊ ဝင်လုပ်မှာပေါ့... " လို့ဆက်ပြောပါတယ်။

ဒါ့အပြင် လွှတ်တော်အမတ်ပါလုပ်အုံးမှာဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်များ ထောင်ကျနေတာကို လွတ်မြောက်ရေးအတွက် ကြိုးစားသွားမယ်လို့လည်း ပြောခဲ့ပါတယ်။

မန္တလေးမြို့မှ တရုတ် တစ်ဦးရဲ့ ဇနီးဖြစ်သူကလည်း NLD မှာ ပါတီဝင်လုပ်မယ့်အကြောင်း အခုလို ပြောပြပါတယ်။

"NLD ရယ်လို့တော့ မဟုတ်ဘူး.. အရင်ကတည်းက ဘယ်ပါတီနေနေ ဝင်ချင်နေတာ.... ဒါပေမယ့် ယောင်္ကျားက နိုင်ငံခြားသား ဖြစ်နေတော့ ပါတီတွေက သိပ်မကြည်ကြဘူးလေ... ခု NLD ပါတီက တော့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က နိုင်ငံခြားသား ယူထားတာဆိုတော့ အဆင်ပြေတယ်... အခြေအနေကောင်းရင် သူများတွေထက် အခွင့်အရေးတွေ ပိုရနိုင်တယ်လေ... ဒါကြောင့် NLD ပါတီဝင်လုပ်ဖို့ ဆုံးဖြတ်လိုက်တာပါ... ပြီးတော့ သားနှစ်ယောက်ကလည်း နိုင်ငံခြားမှာရောက်နေတယ်လေ... ဘယ်လောက်ပြန်ခေါ်ခေါ် ခေါ်လို့မရဘူး... မြန်မာကိုအထင်မကြီးလို့ ဒီမှာ မနေနိုင်ကြဘူးတဲ့လေ... ကျွန်မလည်း လိုက်မသွားချင်ဘူး... ဒီတော့ နိုင်ငံတော်အတွက် အလုပ်လုပ်ဖို့ သားတွေနဲ့ တောင် ခွဲနေတယ်လို့ အကြောင်းပြပြီး မဲဆွယ်ရင် လွှတ်တော်အမတ်တောင် ဖြစ်နိုင်တယ်လေ..." လို့ ပြောပြသွားပါတယ်။

ပါတီခေါင်းဆောင်ဆိုသူ နိုင်ငံခြားသား မိန်းမ၊ မြန်မာစကားမတက်သူ သားနှစ်ယောက် အမေ အင်္ဂလန်ပြန် ဒေါ်အောင်ဆန်းစုကြည်

အဒဖ ပါတီဝင်လျှောက်လွှာပုံစံမှာ အသက်၊ ပညာအရည်အချင်း လူမျိုး၊ ဘာသာနှင့် နေရပ်လိပ်စာ တို့ပဲပါဝင်ပြီး Gmail account လုပ်ရတာထက် အများကြီး ပိုလွယ်တယ်လို့ သိရပါတယ်။

11 comments:

Mother fucker, what r u talking about, mind ur words.

ဟားဟားဟား.... ဘာတွေ ဖြစ်နေကြတာလဲကွ ဟေ... မှန်တာတွေ ပြောတော့ အနာပေါ်တုတ်ကျရင် နာတတ်သလားကွ... မင်းတို့ပထွေး ပြည်ပမီဒီယာတွေ ဒီလိုပြောကြဆိုကြရင် လက်ခုပ်တောင် ထိုင်တီးနေလိုက်ဦးမယ်... အခုကျမှ လာနာပြမနေနဲ့... ခွေးသားလေးများ.. Myanmar Express ရေ... အရေးအသားတွေက လန်ထွက်နေတာပဲဗျာ... ဆက်ရေးဗျို့... အားပေးတယ်... ဒင်းတို့က ဒါမျိုးမှ အနာပေါ်တုတ်ကျပြီး feeling ဝင်တတ်တာ... ဆက်ရေး... ဒူးသာဒူး !

အတိုက်အခံတွေအတွက်ကတော့ အနာပေါ်တုတ်ကျတာထက်ဆိုးတဲ့
အနာပေါ် အလေးကျတာဗျိုး...ချသာချ...

ဆော်သာဆော်ဗျို့ ဒီလိုနိုင်ငံခြားသားမိန်းမရဲ့ လက်ထဲသာ
အာဏာရသွားလို့ကတော့ မြန်မာအမျိုးသမီးတွေ
ကျွန်တော်တို့ အမ၊ညီမ၊သမီးတွေ ကတော့ ဗိုလ်ချုပ်ပြောခဲ့တဲ့ ဖာနိုင်ငံရဲ့ သားကောင်တွေဖြစ်သွားနိုင်
တယ်........
ပြောသာပြောရတာပါအလားအလာရှိမယ့်အဖွဲ့အစည်းလဲ
မဟုတ်လောက်ပါဘူး
(ရင်လေးသူ)

Already ur sister became prostitute during military govement. No need to wait Daw Su, asshole men.

NLD ကို ထောက်ခံတဲ့လူစာရင်းမှာ စရိုက်ကြမ်းတဲ့လူတွေတင်မကဘူး
နှုတ်ကြမ်းတဲ့လူတွေပါ ပါနေတာကိုး
အနှစ် ၂၀ ကျော်နေပြီ စကားပြောရင် ခါးအောက်ပိုင်းက ခုထိ မတက်နိုင်ကြသေးဘူး

expressကိုခွေးနဲ့နှိုင်းပြီးဆဲသွားတဲ့ငနဲ မင်းကနိုင်ငံရေးလှည့်ကွက်တွေအကြောင်း
ဘယ်လေက်နားလည်လို့လဲ မင်းတိုရဲ့မြန်မာနိုင်ငံကိုအသက်၄၀ ကျော်မှစ
ချစ်ပြနေတဲ့ မိန်းမကြီးကသူများလှည့်တိုင်းခံနေရတာကွ
အရုးဘုံမြောက်ချီးချောက်ကောက်စား ဆိုတဲ့စကားပုံအတိုင်းပဲ
ဘ.က.ပ တွေသောင်းကျန်းတုန်းကလဲ ဘကပ မြောက်ပေးလို့
မင်းတို့ အရုမကြီး နိုင်ငံရေးဇတ်ခုံပေါ်မှာ ဟာသတတ်လုပ် တာမလား
ခုလည်းကြည့်နေ ဒီမို တွေနဲ့ ငါသက်သာရင်ပြီးရောဆိုတဲ့လူပိန်းတွေနဲ့
နိုင်ငံတော်ကိုအကွက်ကျကျ စီမံနေတဲ့ အစိုးရရဲ့ လှည့်ကွက်ထဲမှာ
ဘယ်အချိန် ချီးချောက်ကောကိစားမလဲလို့ ပရိတ်သတ်အနေနဲ့
ထိုင်ကြည့်လိုက်ဦးမယ်..လျှော့ပေးတာလားလှည့်ကွက်ထဲဝင်လာတာလားသတိထားဦး သိပ်လည်းဘ၀င်မြင့်မနေနဲ့ အမြင့်ေ၇ာက်မှပြုတ်ကျရင်
ခွေးကျကျလိမ့်မယ်...

မကြာခင်မှာ..နူနေတဲ့လူတွေရော AIDS တွေပါ ထပ်မံအားဖြည့်ဝင်ရောက်မည်ဟု သတင်းအတိအကျရထားပါကြောင်း..

အရက်သမားများ.ဖဲသမားများနှင့် ရဲမှ လိုက်ဖမ်းနေသူများ
ပါ ထပ်မံဝင်ရောက်မည်ဟု သတင်းလည်းရရှိထားကြောင်း.

ကျွန်တော့်လမ်းထဲကကောင်လေးတစ်ယာက်က NLDထဲ
ချင်လို့တဲ့ဗျာ ဘာအရည်အချင်းမှမလိုဝူးဆိုလို့
သူကအဟောအပြောအရမ်းကောင်းတယ် ဒါပေမယ့်
စကားတော်တော်ထစ်တယ်နိုင်ငံရေးမှာ လဲအရမ်းတက်ကြွတာ မွေးရာပါပိုလီယိုလေးဖြစ်နေလို့ နို့မို့ဆိုလမ်းလျှေက်အော်တဲ့နေရာမှာထပ်ဆုံးကပါမှာ
ပညာအရည်အချင်းက၄တန်းအထိပဲနေခဲ့ရပေမယ့် သိပ္ပံပညာတော်တော်လေ့လာထားတယ် ဘိုဘိုကာကွန်းတွေအများကြီးဖတ်ထားတာလေ
အဲဒါ သူလဲဝင်ချင်လို့ ရတယ်မဟုတ်လား...

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်