Subscribe to our RSS Feed

NLD တည်ထောင်သူ ၂၁ ဦးစာရင်းတွင် ပါတီ ဥက္ကဌ နဲ့ အတွေးရေးမှူး မပါ

အဒဖ (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) ကနေ နိုင်ငံရေးပါတီ တည်ထောင်ခွင့် ဥပဒေအရ တင်သွင်းမယ့် ပါတီ တည်ထောင်သူ ၂၁ ဦး စာရင်းမှာ ပါတီ ဥက္ကဌ ဦးအောင်ရွှေနဲ့ အတွင်းရေးမှူး ဦးလွင် တို့ မပါဘူးလို့ သိရပါတယ်။ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၃ (က) အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာမည်နဲ့ပဲ ပါတည်ထူထောင်လိုသူ အနည်းဆုံး ၁၅ ဦးရှိရမှာ ဖြစ်တာကြောင့် အမျိုးသမီး ၁၁ ဦး၊ အမျိုးသား ၁ဝ ဦး နာမည် ပေးသွင်းခဲ့တာ ဖြစ်ပါတယ်။
ပါတီ ဥက္ကဌ ဦးအောင်ရွှေ နဲ့ ဦးလွင် တို့ နာမည်တွေ မပါပဲ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဝင်းတင် တို့ကို ထိပ်ဆုံးမှာ ရေးပြီး လျှောက်ထားခဲ့ကြတယ်လို့ သိရပါတယ်။

အဒဖ လက်ရှိ ဥက္ကဌ ဦးအောင်ရွှေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပါတီက ထုတ်ပယ်ခဲ့သူ ဖြစ်ပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်တော့ ဒေါ်အောင်ဆန်းစုကြည်က လက်စားချေတဲ့အနေနဲ့ ဦးအောင်ရွှေကို ပါတီ တည်ထောင်သူ စာရင်းမှာတောင် မထည့်ခဲ့တာ ဖြစ်တယ်လို့ NLD နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ အခန်း (၂) အရ ပုဒ်မ ၃ (ခ) အရ တည်ထောင်ခွင့်ရလျှင် ယခု ၂၁ ဦး ထဲမှ ရွေးချယ်ရမည့် ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့က မှတ်ပုံတင်ကြေး ကျပ် သုံးသိန်း ပေး သွင်းရမှာဖြစ်ပြီး ပါတီနာမည် ၊ အလံနှင့် တံဆိပ်၊ နိုင်ငံရေးသဘောတရားနှင့် လုပ်ငန်းစဉ်၊ ပါတီစည်းမျဉ်းနှင့် ဖွဲ့စည်းပုံ၊ ပါတီ တည်ထောင်လိုသူများ၏ ကိုယ်ရေးအချက်များ၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာပါ မည့် အကြောင်း ဝန်ခံချက်နှင့် အတူ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထား ရမှာဖြစ်ပါတယ်။

မှတ်ပုံတင်ဖို့ ပိုက်ဆံသုံးသိန်းကိုတော့ ဈေးရောင်းပွဲတွေမှာ ပြည်သူတွေကို ရောင်းတဲ့ ဓာတ်ပုံဖိုးတွေက ထည့်မှာဖြစ်တယ်လို့လည်း နီးစပ်သူတွေက ပြောကြပါတယ်။ အရင်တုန်းက ပါတီတံဆိပ် ဖြစ်တဲ့ ခမောက် ကိုတော့ NDF က လက်ဦးသွားလို့ ခုတော့ ခမောက်အစား တခြားတစ်ခု သုံးရတော့မှာဖြစ်ပါတယ်။ NDF ပါတီဟာ NLD ကနေ ခွဲထွက်သွားတာ ဖြစ်ပြီး NDF က ခမောက် ယူသွားပြီးနောက်မှာ NLD မှာ ဘယ်သူ မှ ခမောက် မစောင်းပဲနေခဲ့ရတာဖြစ်ပါတယ်။ အရင်တုန်းက အိပ်ချိန်နဲ့ ရေချိုးချိန်ပဲ ခမောက်ချွတ်ပြီး တစ်ချိန်လုံးခမောက် စောင်းခဲ့ရပေမယ့် NDF ယူသွားပြီးနောက်မှာတော့ မိုးရွာရင်တောင် ခမောက်ကို လက်ကကိုင်ထားပြီး မိုးစိုခံရတဲ့ ဘဝကို ရောက်ခဲ့ရပါတယ်။



အခုတော့ နေပြည်တော်ကို ပါတီမှတ်ပုံတင်ဖို့ သွားနေပြီလို့ ဆိုပါတယ်။ အရင်တုန်းကတော့ ၂၀၀၈ အခြေခံဥပဒေကို လက်မခံနိုင်တာကြောင့် ရွေးကောက်ပွဲ မဝင်နိုင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က ပြောခဲ့ပါတယ်။ ခုတော့ သူတို့စကား သူတို့မေ့ပြီး ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာပါ မည် ဆိုပြီး ဝန်ခံလက်မှတ်သွားထိုးနေကြပြီ ဖြစ်ပါတယ်။

nldelectionamoun
နာမည်စာရင်းမှာ ဘယ်ပါတီနဲ့မှ မတူအောင် အမျိုးသမီးတွေ အများကြီးထည့်ခဲ့ပါတယ်။ NLF ပါတီဟာ ဘာအလုပ်မှ မရှိတာကြောင့် ပါတီရုံးမှာ နေ့စဉ် ချက်ပြုတ်စားသောက်နေခဲ့ရတာ ကြာပြီဖြစ်ပါတယ်။ ဒါကြောင့် ပါတီဝင်တွေထဲမှာ ယောင်္ကျားလေးတွေထက် မိန်းခလေးတွေ ပိုများနေတာ ဖြစ်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲ တုန်းကလည်း တခြားပါတီတွေနဲ့ မတူ သူများထက် ချွန်ထွက်ပြီး သူ့လမ်းနဲ့သူ မှတ်ပုံမတင်ပဲနေ၊ ရွေးကောက်ပွဲမဝင်ပဲနေခဲ့ ပေမယ့် နောက်ဆုံးတော့ တခြားပါတီတွေရဲ့ လမ်းအတိုင်း မှတ်ပုံတင်ရ၊ ရွေးကောက်ပွဲ ဝင်ရ ပါတယ်။ အခုတစ်ခါလည်း သူများထက် ချွန်ထွက်ပြီး အမျိုးသမီးတွေ အများကြီး နဲ့ တင်လိုက်ပြန်ပါတယ်။ နောက်ကျရင်တော့ တခြားပါတီတွေအတိုင်း အမျိုးသားတွေ ပြန်များလာမှာပါလို့ သုံးသပ်သူတွေရှိသလို၊ ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ကို အမျိုးသမီး ပါတီအဖြစ် တည်ထောင်ဖို့ စီစဉ်နေတယ်လို့ ထင်ကြေးပေးတဲ့လူတွေလည်း ရှိနေပါတယ်။ သေချာတာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ idea ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ idea နဲ့ လုပ်ရင် အမြဲ ပြန်ပြင်နေရပါတယ်။ ဒုတိယပင်လုံ နဲ့ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုတွေက သက်သေပါပဲ။
ဒီနေ့ဂွေးသီး၊ မနက်ဖြန် ငှက်ပြောသီး NLD ရဲ့ မနှစ်က မဲမပေးရေး လှုပ်ရှားမှု တစ်ခုပါ...
အခုတော့ မဲပေးရေး လှုပ်ရှားမှုတွေ လုပ်ဖို့ စိုင်းပြင်းနေကြပါပြီ

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်