Subscribe to our RSS Feed

ကချင်ပြည်နယ်အတွင်းရှိမြို့ကြီးများအား အကြီးစားဖောက်ခွဲရန် အက်စ်ဂွန်မော်အမိန့်ပေး

From : www.kachindailynews.com/2013/02/blog-post_1673.html

 ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ခရိုင်အဆင့်ရှိတဲ့မြို့မှစ၍ မြို့ကြီးများတွင် အကြီးစား   ဖောက်ခွဲမှုပြုလုပ်ဖို့ ၂၀၁၃ ဇန်န၀ါရီ ၂၇ ရက်နေ့ KIA ဒုတိယစစ်ဦးစီးချုပ် အက်စ်ဂွန်မော်က အမိန့်ပေး လိုက်ပါတယ်။ကချင်ပြည်နယ် အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး KIA တပ်တွေဘက်က ကျဆုံးမှုတွေ များပြားနေတာကြောင့် အက်စ်ဂွမ်မော် က ခုလိုမျိုးညွှန်ကြားလိုက်တာဖြစ်ပါတယ်။KIA တပ်ဖွဲ့ရဲ့ အဓိက အရေးကြီးနေရာတစ်ခုဖြစ်တဲ့ ခရာဘွမ်ကိုKIA ဘက်ကလက်လွှတ် ဆုံးရှုံးသွားပြီးတဲ့   နောက်ပိုင်း မှာ   ဆွေးနွေးပွဲတွေကို နေရာရွှေ့ပြောင်းပြီးကျင်းပနေရပါတယ်။ အခုဆွေးနွေးပွဲကိုလဲ တပ်မဟာ(၅) ဌာနချုပ် ခန်းမဆောင်မှာ ကျင်းပခဲ့တာဖြစ်ပြီး လိုင်ဇာဌာနချုပ်ကို ကာကွယ်ဖို့ အသေးစိတ်ဆွေးနွေး ခဲ့ကြတယ်လို့ လိုင်ဇာမှ လာတဲ့သတင်းတွေအရသိရှိရပါတယ်။

လိုင်ဇာဌာနချုပ်ကိုကာကွယ်ဖို့အတွက်ခရိုင်အဆင့်ရှိတဲ့မြို့တွေမှာဖောက်ခွဲဖျက်ဆီးဖို့အတွက် အမျိုးသမီး တွေပါဝင်တဲ့ ပြောက်ကျား တပ်ဖွဲ့တွေဖွဲ့စည်းခဲ့ပါတယ်။ အ မျိုးသမီးငယ်တွေကို ၀န်ထမ်း အသွင်၊   ကျောင်းသူများ အသွင်၊ ခရီးသွားဧည့်သည်များအသွင်ယူပြီး အစိုးရရုံးဌာနနဲ့ လူအများသွား လာနေတဲ့ ဘူတာရုံ၊ကျောင်း၊ဈေး နေရာတွေမှာ ပေါက်ကွဲအားပြင်းထန်တဲ့ ဗုံးတွေနဲ့ဖောက်ခွဲဖျက်ဆီးဖို့နဲ့ ဗုံးတစ်လုံး ပေါက်ကွဲသွားရင် အရင်က သတ်မှတ်ထားတဲ့(၁၀)သိန်းထက် နှစ်ဆသိန်း(၂၀)ပေးမယ်လို့လဲ အက်စ်ဂွမ်မော် ကပြောခဲ့ပါတယ်။ခိုင်းတဲ့ အတိုင်းလုပ်နိုင်တဲ့သူကို အထူးအခွင့်အရေးပေးမယ့်အပြင် ခိုင်းတဲ့အတိုင်း မလုပ်ဆောင်နိုင်ရင်တော့ ပြန်လမ်း မရှိဘူးလို့လဲ ပြောထားပါတယ်။
လိုင်ဇာမှာရှိတဲ့ KIA တပ်ဖွဲ့က အရာရှိတွေကတော့ မြစ်ကြီးနားနဲ့အခြားမြို့ကြီးတွေမှာရှိနေတဲ့ သူတို့ရဲ့ ဆွေမျိုးတွေဆီ ဒီသတင်းနဲ့ပတ်သက်ပြီးကြိုတင်အသိပေးထားပါတယ်။ လူများများရှိနေတဲ့   နေရာတွေမှာ သွားလာ ခြင်းမပြုကြဖို့နဲ့ ဖောက်ခွဲဖျက်ဆီးမှုတွေလုပ်ပြီးသွားရင်လဲ ဗမာစစ်တပ်တွေက လုပ်တာဖြစ်ကြောင်း သတင်း ဖြန့်ပေးဖို့ ပြောဆိုထားပါတယ်။ အက်စ်ဂွမ်မော်ရဲ့ အမိန့်နဲ့ပတ်သက်လို့ KIA ခေါင်းဆောင်ပိုင်းမှာ သဘောထား ကွဲလွဲမှုဖြစ်နေပါတယ်။ တိုက်ပွဲတွေမှာ ရှုံးနိမ့်နေရတဲ့အပြင် ဒီလိုမျိုးဖောက်ခွဲမှုတွေကြောင့်  ပြည်သူတွေကပါ မထောက်ခံတော့ဘူးဆိုရင် KIAတပ်မတော်ရဲ့ ရေရှည် ရပ်တည်နိုင်မှုဟာ မသေချာနိုင်ဘူးလို့ ထောက်ပြ ပြောဆိုမှု တွေရှိနေပေမယ့် အက်စ်ဂွမ်မော်က လက်မ ခံကြောင်း သိရှိရပါတယ်။
 
 www.MyanmarExpress.net
 

3 comments:

ဂွမ် မော် ခွေ သား ရေ အကြံ ပက် စက် လိုက် တာ ။ မင်း နှ မ နဲ့  မင်း သ မီး ခိုင်း ပါ့  လား ။ ငါ တို့ုစု ချ အဲ လေ ဆု ချ လိုက် ပါ မယ် ။

မအေလိုး ဂွမ်မော် မင်းလုပ်ကြည့်လိုက်လေ။ ငါတို့မြို့မှာ ဗုံးတစ်လုံးပေါက်တာနဲ့ မင်းတို့ ရဲ့လိုင်ဇာလည်းမီးဟုန်းဟုန်းတောက်စေရမယ်။မယုံမရှိနဲ့နော် စမ်းကြည့်လိုက်။

ဂွန် မော် ရဲ့ ခေါင်း ကို ဖြတ် ယူ နိုင် သူ ကို ဆု ငွေ ၃၀ သိန်းး ပေး မည် တ ကယ် အ မှန် အ ကန် ပါ ရှေ့ တန်း မှာ ရ ခဲ့ ရင် လဲ ဆု ချီး မြှင့် မည်


ပခက

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်