Subscribe to our RSS Feed

ရွေးကောက်ပွဲအောင်နိုင်ရေး အဆိုကျော်၊ မော်ဒယ် လုပ်တော့မလို့ လား


NLD ပါတီ ရွေးကောက်ပွဲ ၀င်မယ်မ၀င်ဘူး ဆုံးဖြတ်ချက် ကို အကြိမ်ကြိမ်ချပီးမှ ယခုေ၇ွးကောက်ပွဲ ၀င်ဖို့ မှတ်ပုံတင်လိုက်တဲ့ ဒေါ်စုကြည်တစ်ယောက် မှတ်ပုံတင်ပီး ပထမဦးဆုံးအနေနဲ့ အနုပညာရှင်များနဲ့ တွေ့ ဆုံ ခဲ့ ပါတယ် ။ ဒီလို တွေ့ ဆုံမှု့ ဟာ ထူးခြားသလို ဒေါ်စုကြည်တစ်ယောက် ရွေးကောက်ပွဲအောင်နိုင်ဖို့ အတွက် မော်ဒယ်သင်တန်းတက်ပြီး မော်ဒယ် လုပ်လေ အုံးမလားမသိပါ။
ငါတို့ ဒေါ်စု နိုင်ငံအတွက် ဘာကောင်းကျိုးပြုခဲ့ သလဲ
ဧရာဝတီမှတဆင့်ဖော်ပြသောထိပ်တန်းအတွေးအခေါ်ရှင်များထဲတွင်ဒေါ်စုကြည်တစ်ယောက်ပါဝင်သည်ဟုသိရပါတယ် ထိုမှ တဆင့်ဧရာဝတီသတင်းဌာနမှကွန့် ၍ေ၇းသားထားသည်မှာ မြန်မာနိုင်ငံခုလို့ဒီမိုကရေစီနိုင်ငံ ဒီမိုကရေစီဘက်သို့ ဦးတည်သွားလာနေသည်မှာ ဒေါ်စုကြည်ကြိုးစားမှု့ ကြောင့်တွေးခေါ်မှု့ ကြောင့်ဟု ချီးကျူးပြနေပါသည်။ အမှန်ပဲ ဒေါ်စုကြည်တွေးခေါ်တတ်၍ ကြံစည်တတ်၍ မြန်မာပြည် သည်ယခုလို ပါတီစုံဒီမိုကရေစီစနစ်ဖြင့် သမ္မတ အုပ်ချုပ်သောနိုင်ငံဖြစ်လာသည်လား ဆိုသည်ကတော့ လမ်းဘေးက သူတောင်းစားကိုမေးလျင်ပင် ရမည့်အဖြေက ဒေါ်စုကြောင့်တော့မဟုတ်တာ သေချာတယ်လို့ဖြေမှာဖြစ်သလို နိုင်ငံေ၇းကို အချက်အချက်ကျကျ သုံးသတ်တတ်သူတွေကိုမေးကြည့်လျင်လည်း ဒေါ်စုလုပ်လို့ မြန်မာပြည်ခုလို ဖြစ်လာတာမဟုတ်ပါဘူး ဒေါ်စုမြန်မာပြည် အတွက်လုပ်ပေးတာ တစ်ခုမှမရှိသေးပါဘူး ဟု ဖြေကြမည်ပင် ဖြစ်၏။ မြန်မာပြည်သားတစ်ဦးမှ ပြောသောဒေါ်စုနဲ့ ပတ်သက်သည့် စကားတစ်ခွန်းကိုမှတ်မိပါသေးတယ် ဒေါ်စုကြည်က ဗိုလ်ချုပ်အောင်ဆန်း ရဲ့ သမီးမို့ လို့ သာနာမည်ကြီး လူရာဝင်နေတာပါဗျာ အမှန်တကယ် မြန်မာပြည် တိုးတက်ရေးကောင်စားရေး သူ ဘာတွေလုပ်ခဲ့ လည်း လိုက်ရှာကြည့်ခဲ့ ဖူးတယ် ပင်လယ်ထဲ အပ်ကျတာမှ ရှာရပိုလွယ်အုံးမယ်ထင်တယ်ဗျ နိုင်ငံခြားသားလင်လုပ် အမျိုးတော် ကာ အမေရိကန် သမ္မတ အိုဘားမားတို့ နဲ့ ဖုန်းဆက် အလွမ်းသင့်နေလို့ နိုဘယ်လ် ဆုဆိုတာလည်း ထိမ်းချုပ်မှု့ စည်းကမ်း မရှိတော့လို့ ဒေါ်စုကြည်အား ပေးလိုက်ခြင်းဖြစ်လို့ သူလူရာဝင် နေတာပါ တကယ်တော့ ဒေါ်စုကြည် ဘာတွေလုပ်ခဲ့သလဲ ဆိုရင်တော့ ဒေါ်စုဘာမှ မလုပ်ရသေးတာ သေချာပါတယ်။
http://tabarwamyay.blogspot.com/2011/11/nld.html မှ ကူးယူဖော်ပြပါကြောင်း


Myanmar Express

2 comments:

ဒီလိုပဲ အပင်မြင့်ရင်လေတိုက်ခံရတယ်....လမင်းကို ခွေးဟောင်လို့ကတော့ ဘာမှ ဖြစ်လာမှာမဟုတ်ဘူးကွ...ဒီလို စကားပြောတဲ့ကောင် နေရပ်လိပ်စာပေးခဲ့ကွာ ..တမျိုးလုံးဖြုတ်ပစ်မယ်

( တစ်မျိုးလုံးဖြတ်ပစ်မယ် ) ဒီလိုစကားတွေ တတ်နိုင်သလောက် မသုံးစေချင်ပါဘူး။ ရန်လိုခြင်း သဘောသက်ရောက်ပါတယ်။

ဒီမိုကရေစီကတော့ ၈၈ အရေးအခင်း အချိန်က ဆိုရှယ်အစိုးရက ဒီမိုကရေစီ အုပ်ချုပ်ရေးကို ကူးပြောင်းပေးမယ် ဆူပူမှုတွေရပ်ပါလို့ ပြောပြီးသားပါ။

မရပ်လို့အာဏာသိမ်းမှု ဖြစ်ခဲ့တာပါ။ ဒေါ်စုကြည်ပြောမှ ဒီမိုကရေစီကို သိတာမဟုတ်ပါဘူး။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်