၂၀၁၀ ခုနှစ်အတွက် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုကို ပေးဖို့ အင်တာနက်ပေါ်က ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စာရင်းပေးသွင်းခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူများတွေနဲ့ မတူပဲ အလုပ်လေး နည်းနည်း လုပ်တာနဲ့ ဆုရ တတ်တဲ့ အကျင့် ရှိပါတယ်။ ၁၉၈၈ တုန်းက လမ်းကြုံလို့ မြန်မာ နိုင်ငံရေး လောကထဲ လပိုင်းလောက် ရောက်လာ အပြီးမှာ ၁၉၉၁ ကျတော့ နိုဘယ်ဆု ရဖူးပါတယ်။ ခုလည်း ၂၀၁၁ နိုဝင်ဘာ တုန်းက အကျယ်ချုပ်က လွတ်လာအပြီး ၁၁ လ ပြည့်ချိန်အထိ ဘာမှ ရေရေရာရာ လုပ်မပြ နိုင်ပေမယ့်လည်း နိုဘယ်ဆု အတွက် စာရင်းပေးလိုက်ပါတယ်။
ဒါပေမယ့်လည်း နော်ဝေအခြေစိုက် နိုဘယ်ဆု ရွေးချယ်ရေး အဖွဲ့က ဒေါ်အောင်ဆန်းစုကြည် နာမည်ကို ပယ်ချပြီး အခြား အမျိုးသမီး သုံးယောက်ကို ပေးခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်အတွက် နိုဘဲလ်ငြိမ်းချမ်းရေးဆုကို အမျိုးသမီး အခွင့်အရေးတွေအတွက် ငြိမ်းချမ်းစွာ လှုပ်ရှားနေကြတဲ့ လိုင်ဘေးရီးယား သမ္မတ Ellen Johnson Sirleaf၊ လိုင်ဘေးရီးယားနိုင်ငံက ငြိမ်းချမ်းရေး လှုပ်ရှားနေသူတဦးဖြစ်တဲ့ Leymah Gbowee နဲ့ ယီမင် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ Tawakkul Karman တို့ ၃ ဦးကို ပူးတွဲ ပေးအပ်လိုက်ပါတယ်။
ဆုရရှိသူ သုံး ဦးလုံးက ဒေါ်အောင်ဆန်းစုကြည်လိုပဲ အနောက် အုပ်စုနဲ့ မတည့်တဲ့ နိုင်ငံများမှ အစိုးရဆန့်ကျင်သူများ ဖြစ်နေတာ တွေ့ရပါတယ်။ နော်ဝေး နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီဟာ မနှစ်တုန်းကတော့ အနောက်အုပ်စုနဲ့ မတည့်တဲ့ တရုတ်နိုင်ငံမှ အစိုးရ အတိုက်အခံ Lui Xiaobo ကို ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခဲ့ပြီး ၂၀၀၉ ခုနှစ်တုန်းကတော့ ခုမှ တက်လာပြီး စစ်ပွဲတွေ ဆင်နွဲနေတဲ့ အမေရိကန် သမ္မတ Barack Obama ကို ချီးမြှင့်ခဲ့ပါတယ်။
ဒီနှစ်အတွက် လျာထားခံရသူတွေထဲ အရေးပါတဲ့ ကဏ္ဍက ပါဝင်တဲ့ လူမှုရေး မီဒီယာကနေ ရေးသားတဲ့သူတွေ၊ အမေရိကန် သံရုံးတွေရဲ့ လျှို့ဝှက်ချက်တွေကို ဖွင့်ချလိုက်တဲ့ WikiLeaks အယ်ဒီတာချုပ် Julian Paul Assange ကိုတော့ အမေရိကန်နိုင်ငံက ကန့်ကွက်လို့ မပေးခဲ့ပါဘူး။

2 comments:
၉၁ ခုနှစ်တုန်းက အင်္ဂလန်မှာ ခွေးဇတ်ခင်းခဲ့လို နိုဘယ်ဆုရတာ
how about ur step-fathers for killer prices?
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်