ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့က ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ရင့်လတ်ရှင်နာဝတ် မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။ မစ္စရင့်လတ်ရှင်နာဝတ် ဟာ သမ္မတကြီး ဦးသိန်းစိန်၊ ပြည်ထဲရေး ဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီး လှမင်း အစရှိသည့် တာဝန်ရှိသူ အများအပြားနှင့်တွေ့ဆုံခြင်းများ၊ ဆွေးနွေးခြင်းများနှင့် ညစာ အတူ စားသုံးခြင်းများ ကို အခမ်းအနားဖြင့် စည်းကားစွာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
ဆွေးနွေးပွဲများနှင့် ညစာ စားပွဲများ အပြီးမှာ ဝန်ကြီးချုပ် ရင့်လတ်ရှင်နာဝတ် အတွက် အချိန် ပိုနေသေးလို့ နေပြည်တော်တွင်းမှာ လှည့်လည် လျှောက်ပတ် ကြည့်ရှုခဲ့ပါတယ်။ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် သို့ ဘုရားဖူး ထွက်ခဲ့တဲ့ အပြင် ဆင်ဖြူတော်ကိုပါ သွားရောက် တွေ့ဆုံခဲ့ပါတယ်။
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ သွားရောက် တွေ့ဆုံခြင်း မရှိခဲ့ပါဘူး။ ရင့်လတ်ရှင်နာဝတ် မလာခင်တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မယ် ဆိုပြီး ကောလဟာလတွေ ထွက်လာခဲ့ပေမယ့် တကယ်တမ်းကျတော့ မတွေ့ခဲ့ပါဘူး။ "ရင့်လတ်ရှင်နာဝတ် မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ အချိန်မရှိဘူး" လို့ အတူလိုက်ပါသွားတဲ့  ထိုင်းအစိုးရ အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် အမျိုးသမီး မစ္စ တီတီမာ ချိုင်စမ်းက RFA ကို ပြောခဲ့ပါတယ်။
ရင့်လတ်အနေနဲ့ ဒေါ်စုနဲ့တွေ့ဖို့ အချိန်မရှိဘူး လို့ ပြောဆိုခြင်းဟာ ဒေါ်စုကို လူရာမသွင်းတာဖြစ်ကြောင်းနဲ့ ဒေါ်စုကိုတော့ မတွေ့နိုင်ပဲ ဆင် ကိုတော့ တွေ့နိုင်ခြင်းက မဖြစ်သင့်ကြောင်းကို ဝါရင့် နိုင်ငံရေး အကဲခက် တစ်ဦးက အခုလိုပြောပါတယ်
"ခင်များနဲ့တွေ့ဖို့ ကျွန်တော့် မှာ အချိန် မရှိဘူး.... လို့ ပြောတာက တစ်ဖက်လူကို အသုံးမကျတဲ့လူလို့ ပြောတာနဲ့ အတူတူပဲဗျ... ဒါက ဒေါ်အောင်ဆန်းစုကြည်ကို ပညာရှိနည်းနဲ့ ဆုံးမ သွားတာပဲလို့ ကျွန်တော်ထင်တယ်... တိရိစ္ဆာန် ဆင်ကိုတော့ သွားတွေ့တယ်လေ... ဒေါ်အောင်ဆန်းစုကြည်ကိုတော့ မတွေ့ဘူး ဆိုတော့ လူရာမသွင်းယုံတင်မကတော့ ဘူး တိရိစ္ဆာရာပါ မသွင်းသလို ဖြစ်မနေဘူးလား..." လို့ ပြောပါတယ်။
ရင့်လတ်ရှင်နာဝတ် ရွေးကောက်ပွဲ အနိုင်ရစဉ်က ဒေါ်အောင်ဆန်းစုကြည်က မျက်နှာလို အားရဖြင့် ဝမ်းမြောက်ကြောင်း သဝံလွှာ တစ်စောင် ပို့ခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီ မျက်နှာလေးကို ထောက်ပြီး အားနာ ပါးနာ တောင် မတွေ့သွားပါဘူး။
အခုခရီးစဉ်မှာ ထိုင်းမြန်မာ နှစ်နိုင်ငံကြား အရေးကြီးတဲ့ နယ်စပ်ဂိတ် ပြန်ဖွင့်ရေး၊ စီးပွားကူးသန်း မှု ပိုမိုကောင်းမွန်ရေး လုပ်ငန်းများကို အောင်မြင်စွာဆွေးနွေးနိုင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာ ၂၀၁၄ မှာ မြန်မာနိုင်ငံ မှ အာဆီဥက္ကဌ ဖြစ်ရေးအတွက် အပြည့်အဝ ထောက်ခံထားပါတယ်။

3 comments:
ဒေါ်စု ဘဝက
ကြာလေ လူမလေး ခွေးမခန့် ဖြစ်လေပါလား
ဟော ဆဲကြပြန်ပြီ ဒီမိုတွေ ဟဟဟ ရင့်လတ် သူဖာသာ စုကြည်နဲ့ မတွေ့ တာ မလိုအပ်လို့မတွေ့ တာပေါ့ စုကြည်က မြန်မာနိုင်ငံအတွက် ဘာမှရေးမပါလို့ မတွေ့ တာပေါ့ စုကြည်နဲ့သူတွေ့ တော့ရော ဘာလုပ်ရမှာလည်း အချိန်ကုန်တာပဲ ဖတ်တင်မှာပေါ့ နောက်ဆုံးတော့ စုကြည်ကိုရေးတယူမလုပ်တဲ့ ရင့်လတ်ကိုပါ မကောင်းကြောင်းပြောလာပြန်ပြီ ဟဟ ဒီမိုတွေ တတ်လည်းတတ်နိုင်တယ် ဆဲကြဆဲကြ ဆဲပဲဆဲတတ်တာကို ဆဲမယ်ဆိုမယ် မကောင်းကြောင်းပြောမယ် ငါတော်သည်ငါတတ်သည် လုပ်မယ် မေထုန်မှီဝဲမယ် ကာမ ဆက်ဆံမယ် အိပ်မယ် စားမယ် နောက်ဆုံးတော့ လုပ်တတ်တာက အအိပ် အစား ကာမ မကောင်းကြောင်းပြော ဆဲ ဒါတွေပဲ ပတ်လည်ရိုက်နေအုံးမယ့် ဒီမို ငတုံးတွေ ။။။ စိတ်ဓါတ်သာမက အလုပ်ရပ်ပါ ညံ့ဖျင်းတတဲ့ ကိုဒီမို မဒီမိုတွေ ။။
ဝါရင့်နိုင်ငံရေးအကဲခတ်တဲ့သူကဒီပဲပြောတာလား
"ခင်များနဲ့တွေ့ဖို့ ကျွန်တော့် မှာ အချိန် မရှိဘူး.... လို့ ပြောတာက တစ်ဖက်လူကို အသုံးမကျတဲ့လူလို့ ပြောတာနဲ့ အတူတူပဲဗျ... ဒါက ဒေါ်အောင်ဆန်းစုကြည်ကို ပညာရှိနည်းနဲ့ ဆုံးမ သွားတာပဲလို့ ကျွန်တော်ထင်တယ်... တိရိစ္ဆာန် ဆင်ကိုတော့ သွားတွေ့တယ်လေ... ဒေါ်အောင်ဆန်းစုကြည်ကိုတော့ မတွေ့ဘူး ဆိုတော့ လူရာမသွင်းယုံတင်မကတော့ ဘူး တိရိစ္ဆာရာပါ မသွင်းသလို ဖြစ်မနေဘူးလား..."
ဒီလိုဆိုတော့ ဒီမိုတွေရဲ့ အမေစုက ဘာဖြစ်သွားပြီလဲ၊ နောက်ပြီးဒီမိုတွေကရောဘာတွေဖြစ်သွားပြီလဲ ဒီမိုအပေါင်းတို့ သိသင်ပြီ ကိုယ့်ဘ၀ကိုဘာဖြစ်နေပြီလဲဆိုတာ..
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်