ပြီးခဲ့တဲ့ ၂၇ ရက်နေ့က ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ NLD ရုံးမှာ ၂၃ နှစ်ပြည့် မွေးနေ့ ကျင်းပခဲ့ပါတယ်။ NLD ရဲ့ မွေးနေ့ပွဲမှာ NLD ဥက္ကဌကတော့ ထုံးစံအတိုင်း မလာခဲ့ပါဘူး။ အသက် အရမ်းကြီးပြီး အိပ်ယာထဲမှာလဲနေလို့ ဖြစ်ပါတယ်။ NLD ဥက္ကဌ ဦးအောင်ရွှေ အိပ်ယာထဲ လဲနေပြီး မထနိုင်တာ အခုမှ မဟုတ်ပါဘူး။ နှစ်အတော် ကြာနေပါပြီ။ ဒါပေမယ့်လည်း သူကိုယ်တိုင်က NLD ဥက္ကဌ ရာထူးကနေ ဆင်းမပေး တာလား၊ NLD ပါတီဝင်တွေက ပင်စင်မပေးသေးတာလား၊ ဒါမှ မဟုတ် NLD ရဲ့ ပင်စင် ခံစားခွင့်က အသက် ၁၂၀ မှ စ တာလား ဆိုတာ ကို မေးခွန်းတွေ ထုတ်ခဲ့ကြတာ အတော်ကြာပြီ ဖြစ်ပါတယ်။ NLD နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကတော့ NLD ရဲ့ ပင်စင် သက်တမ်း စချိန်က အသက် ၁၂၀ ထက်တောင် ကျော်သေးတယ်လို့ ပြောကြပါတယ်။
ပါတီတစ်ခုရဲ့ ၂၃ နှစ်ပြည့်မွေးနေ့ကို ပါတီ ဥက္ကဌ မလာနိုင်ပေမယ့်လည်း ဒုဥက္ကဌကပဲ ဦးဆောင်ပြီး လုပ်ခဲ့ပါတယ်။ ဒုဥက္ကဌကလည်း အသက်ကတော့ ဦးအောင်ရွှေနဲ့ နင်လား ငါလား ပါပဲ။ ပြီးခဲ့တဲ့ လပိုင်းအတွင်းကမှ စင်္ကာပူမှာ မျက်စိခွဲပြီး ပြန်လာတာပါ။ နောက်တစ်ယောက် ဖြစ်တဲ့ ဦးတင်ဦးကလည်း NLD မှာ သေချာတဲ့ ရာထူးတော့ ရမထားပါဘူး။ ဒါပေမယ့် ဦးအောင်ရွှေ နားရင် ဥက္ကဌ ဖြစ်ဖို့ ထင်ကြေးတွေ ပေးနေကြပါတယ်။ သူလည်း အသက်ကတော့ မငယ်ပါဘူး။ ဆေးရုံက ဆင်းလာတာတောင် တစ်လ ကျော်ပဲ ရှိပါသေးတယ်။ နောက်ဆုံး တစ်ယောက်ကတော့ အထွေးဆုံးလေး ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ပါတယ်။ အထွေးဆုံးလေး ဆိုလို့ ရင်မခုန်ပါနဲ့ အသက် ၆၇ နှစ်ရှိပါပြီ။ အပြင်ထွက်ရင်တော့ အားလုံးက ဖွားဖွား လို့ ခေါ်ကြပေမယ့် NLD မှာတော့ မစု မစု လို့ပဲ အခေါ်ခံရပါတယ်။ ဒီလောက်ဆိုရင် ကျန်တဲ့လူတွေ အသက်ဘယ်လောက် ရှိလည်း ဆိုတာကို ကိုယ်ဘာကိုယ်သာ ခန့်မှန်းကြည့်ပါတော့။
မွေးနေ့ပွဲမှာ ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ စင်ပေါ်တက်ပြီး စကားတွေပြောခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် စကားပြောချိန်မှာ NLD ရုံးမှာ ထမင်းချက်နေသူများ၊ ဆေးကြော သန့်ရှင်းရေးလုပ်သူများကို အထူးကျေးဇူးတင်ကြောင်း ပြောကြားသွားပါတယ်။ ပုံမှန်အားဖြင့်တော့ မြန်မာနိုင်ငံမှာ အခုလို ထမင်းချက်ပေးသူတွေနဲ့ ဆေးကြောသူတွေကို ကျေးဇူးတင်စကားကို အလှူအိမ်တွေမှာပဲ ပြောတတ်ပါတယ်။ အခုလို ကမ္ဘာကျော် ၉၀ ရွေးကောက်ပဲ အနိုင်ရ နိုင်ငံရေး ပါတီ ကြီးရဲ့ ရုံးမှာ ကမ္ဘာကျော် နိုဘယ်ဆု ရထားတဲ့ လူက ထမင်းချက်ပေးသူတွေနဲ့ ဆေးကြောသူတွေကို အထူးကျေးဇူး တင်ကြောင်း ပြောတာကြောင့် လူအများ အံ့အားသင့်ကြရပါတယ်။ အချို့ကတော့ ဒါက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး လှည့်ကွက် ဖြစ်ကြောင်း ပြောကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဘောလုံးပွဲ သွားကြည့်တုန်းက နိုင်ငံရေးဆိုတာ ဘောလုံးနဲ့ တူတယ် ဆိုတဲ့ ပိုစ့်တွေ အများအပြားထွက်ပေါ်လာခဲ့ပါတယ်။ အခုလည်း နိုင်ငံရေးဆိုတာ အလှူအိမ်နဲ့တူတယ်၊ ဒါမှ မဟုတ် နိုင်ငံရေးဆိုတာ ထမင်းအိုးနဲ့ တူတယ် ဆိုတဲ့ ပိုစ့်တွေ ထွက်လာနိုင်ကြောင်း ဝါရင့် ဘလော့ဂါ တစ်ဦးက ထင်ကြေးပေးပါတယ်။
အမည်မဖော်လိုတဲ့ NLD ပါတီဝင် တစ်ဦးကတော့ NLD ရုံးမှာ နေ့စဉ်ထမင်းကျွေးကြောင်းကို အခုလို ပြောပါတယ်။ "ရုံးမှာက တစ်နေ့ကို ဆန်တစ်တင်းခွဲချက်လောက်က နေ့စဉ် ချက်ရတယ်... မနက်စာ ညစာ နေ့တိုင်းကျွေးတယ်လေ.. ပါတီပျက်လို့ မဖြစ်ဘူး... ပါတီပျက်ရင် ကျွန်တော်တို့ အကုန် ငတ်သွားမှာပေါ့... ဒီမိုကရေစီတွေ၊ ရွေးကောက်ပွဲတွေက အရေးမကြီးဘူး.. နေ့စဉ် မနက်စာ၊ ညစာ ပုံမှန် စားနေရဖို့က အရေးကြီးတယ်... အမေစု ပြောသလိုပဲ ထမင်းချက်တဲ့သူတွေကို ကျွန်တော်တို့လည်း အထူးကျေးဇူးတင်တယ်...." လို့ ဆက်ပြောပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က NLD ထဲကို ဘယ်သူမှ အတင်းမဝင်ခိုင်းကြောင်းနဲ့ မနေချင်ရင် ထွက်သွားနိုင်ကြောင်း၊ မနေချင်လို့ထွက်သွားသူတွေလည်း ရှိကြောင်း ပြောခဲ့ပါတယ်။ NLD ထဲမှာ လူကြီးများနဲ့ လူငယ်များ သွေးကွဲခဲ့ကြဖူးပြီး လူငယ်များက NLD မှ ထွက်ခွာသွားကြဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဦးခင်မောင် ဆွေတို့ကို မကျေနပ်လို့ ပြောတာ ဖြစ်နိုင်လား မေးချိန်မှာတော့ အမည်မဖော်လိုတဲ့ NDF ပါတီဝင်တစ်ဦးက အခုလို ပြောပါတယ်။
"သေချာတာပေါ့ဗျာ... ကိုခင်မောင်ဆွေ တို့ ဦးသိန်းညွန့်တို့ကို ပြောတာပေါ့.. ဒေါ်စုက ခုထိ အစာမကြေဘူး.. ခမောက် မစောင်းတော့တာသာ ကြည့်လေ..." လို့ပြောပါတယ်။
ဒုဥက္ကဌ ဦးတင်ဦးကတော့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့တွေ့ဆုံမှုအပေါ် ကြိုဆိုထောက်ခံကြောင်း အပါအဝင် အခြားအကြောင်းများကို ပြောကြားခဲ့ပါတယ်။
ဦးဝင်းတင်ကတော့ NLD က ဖောင်စီး နေကြောင်း၊ ဦးဝင်တင်ရဲ့ စိတ်ထဲမှာ တောတိုးနေသလို ခံစားရကြောင်း ပြောကြားခဲ့ပါတယ်။ ပြောကြားစဉ် တစ်လျှောက်လုံးမှာ ဦးဝင်တင်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှု အောက် မှာ ရှိကြောင်း စကားလုံးကို အကြိမ်ကြိမ်အခါခါ ပြောခဲ့ပါတယ်။
အမည်မဖော်လိုတဲ့ NLD ဝင်တစ်ဦးကတော့ နောက်တစ်ဆက် ဥက္ကဌဖြစ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အသံကို နားထောင်မယ် ဆိုတဲ့ ကောလ ဟာလ တစ်ခု ထွက်ခဲ့ဖူးတာကြောင့် ဦးဝင်တင်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အတင်းဖားနေရကြောင်းကို အခုလို ပြောပြပါတယ်။
"အရင် ဘဘဦးအောင်ရွှေက ပြုတ်တော့မှာ... ဖြုတ်ထုတ်သတ် အစီစဉ်ရှိတယ်... ဘဘဦးအောင်ရွှေတို့.. ဘဘဦးတင်ဦးတို့က ကျတော့ အုပ်ချုပ်မှု အတွေ့အကြုံတွေ ရှိတယ်လေ... ဘဘဦးတင်ဦးကကျတော့ သတင်းစာမှာ ဆောင်းပါးပဲ ရေးလာတာဆိုတော့ ဥက္ကဌဖြစ်ဖို့ အရည်အချင်း သူ့မှာမရှိဘူး... ဒါကြောင့် အန်တီစုကို အမြဲဖားနေရတာ... ဒီရက်ပိုင်း အင်တာနက်ပေါ်မှာ နောက်တစ်ဆက် ဥက္ကဌဖြစ်ရေးမှာ အန်တီစု အသံ နားထောင်မယ် ဆိုတဲ့ ကောလဟာလ တွေ ထွက်လာတာကြောင့်လည်း ပါတာပေါ့... " လို့ ပြောပါတယ်။
ဦးအောင်ရွှေဟာ ဒေါ်အောင်ဆန်းစုကြည်ကို အတွင်းရေးမှူး တာဝန်မှ ထုတ်ပယ်ခဲ့ဖူးပြီး၊ အစိုးရရဲ့ အမျိုးသားညီလာခံကို တက်ခဲ့ဖူးသူဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို အိမ်မှာပဲနေခိုင်းပြီး ရုံးမတက်ခိုင်းတော့တာလို့လည်း သူက ဆက်ပြောပါတယ်။
" ဘဘဦးအောင်ရွှေက ကျတော့ ... ဂန္ဒီခန်းမ အစည်းဝေးမှာ ၉၀ ရွေးကောက်ပွဲရလဒ်ကိုအကောင်ထည်မဖေါ်နိင်ခဲ့ဘူးလေ... ပြီးတော့ အန်တီစု ကို အထွေအထွေအတွင်းရေးမှုးတာဝန်ကနေ ထုတ်ပယ်ခဲ့ဖူးတယ်... ပြီးတော့ အမျိုးသားညီလာခံကိုသွားတက်ခဲ့ဘူးတယ်.... သူ့ သြဇာခံ နောက်လိုက်တွေနဲ့  ဒီချုပ်အမှုဆောင် တွေကို ဖွဲ့ စည်းခဲ့ဖူးတယ်။ ဒါ့အပြင် အဖွဲ့ ချုပ်အတွက် အနစ်နာခံဆောင်ရွက်နေတဲ့ အဖွဲ့ ဝင်တွေကို ထုတ်ပယ်ခဲ့ဖူးတယ်...။ အဆိုးဆုံးကတော့ အန်တီစု နဲ့ အကျဉ်းကျခံခေါင်းဆောင်တွေကို ထုတ်ပယ်ပြစ်ပြီး ရွေးကောက်ပွဲဝင်ဖို့ ကြံတယ်လေ။ ဒါကြောင့် NLD မှာ သူက နာမည်ခံပဲ ရှိတော့တာ အန်တီစုက လုံးဝ ဘဘဦးအောင်ရွှေကို လုံးဝ မကြည်ဘူး... လမ်းတွေ့တာနဲ့ မျက်နှာလွှဲတယ်.. စကားလည်း မပြောဘူး.. " လို့ ဆက်ပြောပါတယ်။
ဒါ့အပြင် သူကပဲ ဆက်ပြီး
"အသက် ကြီးလို့ အိမ်မှာနေခိုင်းမယ်ဆိုရင် တစ်ယောက်မှတောင် ရုံးတက်ရမှာ မဟုတ်ဘူးလေ.. ဘဘဦးတင်ဦး နဲ့ ဘဘဦးဝင်းတင် ဆိုရင် ဘဘဦးအောင်ရွှေနဲ့ အသက်မှ မကွာတာ.. ဒါပေမယ့် သူတို့က ကျတော့... အန်တီစု တစ်ခွန်းဆို တစ်ခွန်းပဲ.. အကုန်ကြောက်ရတယ်... ဘဘဦးတင်ဦးဆိုရင် အရမ်းအနိမ်ခံရတာ... မစု ရယ်.. မဟုတ်ပါဘူး... ဆိုပြီး... တောင်းပန်ရတာ ခဏခဏ ပဲ ... ဘဘဦးဝင်းတင်ကတော့ လည်တယ်.. အန်တီစုကို အမြဲ မြှောက်ပေါင်းတယ်လေ..." လို့ ဆက်ပြောပါတယ်။
NLD အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားမှာ အနှစ် ၃၀ နေပြီး ပြန်အလာမှာ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက် မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

7 comments:
မအေလိုးကလဲ သိတာပေါ့ဟ ပိုက်ဆံအိတ်မှန်း...
သောက်မြင့်ကတ်လို့ရွဲ့ပြီးရေး နေပါတယ်ဆိုမှဘဲ
ငါသိတယ်ဆိုပြီးလာလုပ်နေသေးတယ်...
နာထင်က အားနည်းနေသေးတယ်...
အဲ့ဒါကြောင့်မင်းတို့တောင်းတဲ့ဒီမိုကရေစီခုထိမရသေးတာ....
သူများလှည့်တာခံနေရတာ.... :P
ရည်ရွယ်ချက်ဦးတည်ချက် မရှိတဲ့သူတွေရဲ့ သတင်းစကားကို ဖော်ပြတာဟာ ဖော်ပြသူရဲ့အဆင့်အတန်းပါဘဲ
ha ha
myanmarexpress
ဆိုတဲ့ အဖွဲ့ရေ
အခု ငါ comment ရေးရင် comment list ထဲကို ရောက်ပါ့မလား
အခုလို သတင်းအမှန်တွေကို ဖြန့်ဝေပေးနေတဲ့ MEG ကို အရမ်းကျေးဇူးတင်ပါတယ်ဗျာ.. တကယ်ပဲ ဗဟုသုတတိုးပွားရပါတယ်.. MEG ရေးတော့မှပဲအမှန်တွေကိုသိရတော့တယ်....
သူတို့ပြောတာတွေ ဂရုမစိုက်နဲ့ အမှန်တွေကိုသာဆက်တင်
ပါ..အားပေးပါတယ်..
အားပေးနေပါတယ်ဆက်ပြောပါ အားပေးနေပါတယ်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်