Subscribe to our RSS Feed

ဒေါ်စု၏ အပန်းဖြေနားရက်များ ဆောင်းပါး မေးခွန်းထုတ်စရာဖြစ်



ဒေါ်အောင်ဆန်းစုကြည် ရဲ့ သူနဲ့ မိုက်ကယ်အဲရစ် ရဲ့ သား ကမ်င်အဲရစ် တို့ ပုဂံအပန်းဖြေခရီးအကြောင်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေးသားထားတဲ့ " အပန်းဖြေနားရက်များ" အမည်ရှိဆောင်းပါးကို ပြည်သူ့ခေတ်ဂျာနယ်မှာ အဖြတ်အတောက်မရှိဖေါ်ပြခွင့်ပြုလိုက်ပါတယ်။ အဲဒီဆောင်းပါး ဟာ ဆောင်းပါးဖတ်သူအားလုံးကို မေးခွန်းထုတ်စရာတွေ အများကြီး ဖြစ်စေကြောင်းလည်း ဝေဖန်ကြတာတွေ ပြန်ကြားရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂံခရီးစဉ်က အနှစ် ၂၀ အတွင်း ပထမဆုံး ခရီးစဉ်ဖြစ်တယ်လို့ ရေးထားပါတယ်။ အနှစ် ၂၀ ဆိုတာက အသက် ၄၆ နဲ့ ၆၆ နှစ် အတွင်း ကို ပြောတာ ဖြစ်ပါတယ်။ ၄၃ နှစ် မတိုင်ခင်တုန်းကတော့ မြန်မာနိုင်ငံ မှာ မနေခဲ့ပါဘူး။ ဒါကြောင့်လည်း မြန်မာနိုင်ငံထဲမှာ ခရီးမသွားနိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်း မြန်မာနိုင်ငံရဲ့ တောတောင်ရေမြေ၊ လူနေမှု သဘာဝ အကြောင်း ဘာဆောင်းပါးမှ မရေးနိုင်ခဲ့ပါဘူး။

အခုမှ ပထမဆုံး ခရီးထွက်မိတာနဲ့ ချက်ချင်း ဆောင်းပါးရေးခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံတွင်းက ခရီးသွား ဆောင်းပါးမှာ ဟိုးအရင်တုန်းက နိုင်ငံခြားမှာ မိုက်ကယ်အဲရစ်နဲ့ အတူပျော်ပါး ပြီးထွက်ခဲ့တဲ့ ခရီးစဉ်တွေ အကြောင်းကို နိဒါန်းချီပြီး ရေးထားတာတွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၁၄ နှစ် အရွယ်ကစပြီး နယူးဒေလီမှာ ကျောင်းတက်ခဲ့ပါတယ်။ အဲဒီချိန်ကစပြီ မြန်မာနိုင်ငံကို ခြေစုံကန်ပြီး ပြန်မလာတော့ပါဘူး။ မြန်မာရေမြေနဲ့ အပြီးပိုင် ဝေးကွာခဲ့သလို၊ မြန်မာ လူမှုပတ်ဝန်းကျင်နဲ့လည်း လုံးဝ အဆက်ပျက်ခဲ့ပါတယ်။

၁၉ နှစ် အရွယ်မှာတော့ မြန်မာနိုင်ငံကို နှစ် ၁၀၀ ကျော် ကျွန်ပြုခဲ့ပြီး ဖခင်ဗိုလ်ချုပ်တို့ အသက်၊ သွေး၊ ချွေး ပေးဆပ်တိုက်ခိုက်ခဲ့ရတဲ့ ဗြိတိသျှတို့နေထိုင်ရာ အင်္ဂလန်မှာ ကျောင်းဆက်တက်ခဲ့ပါတယ်။ တည်ငြိမ် ရင့်ကျက်နေချိန်ဖြစ်သော အသက် ၂၇ နှစ် အရွယ်ရောက်သိတိုင် ဆင်ခြင်မဲ့စွာနဲ့ မနေနိုင်မထိုင်နိုင် မျက်နှာဖြူ မိုက်ကယ်အဲရစ် ကို လက်ထပ်ခဲ့ပါတယ်။ အသက် ၂၇ နှစ်ဆိုတာ လူကြီးတစ်ယောက်လို့ ပြောလို့မရပေမယ့် ဝေဖန်ပိုင်းခြားမှုအဆင့်တော့ မြင့်မားသင့်ပါပြီ။ အဲ့ဒီချိန်ထိ ဒေါ်စု ဘာနိုင်ငံရေးမှ မလုပ်ခဲ့ပါဘူး။ ကိုယ့် အတ္တ၊ ကိုယ့်ဆန္ဒနဲ့ တဏှာ က လွဲပြီး ဘာကိုမှ ဦးစားမပေးခဲ့ပါဘူး။ အဲ့လိုနဲ့ပဲ ယောင်္ကျားယူပြီး ၂ နှစ်မှာ ခလေး တစ်ယောက် စပြီး ရတော့တာပါပဲ။ အဲ့ဒီနောက် ၂ နှစ်မှာ နောက်တစ်ယောက်။ နိုင်ငံရေး လုပ်ဖို့ အစီစဉ်ရှိတယ်၊ နိုင်ငံရေးကို နားလည်တယ်ဆိုရင် အဲ့ဒီချိန်ကတည်းက အပျိုကြီး လုပ်လို့ရပါသေးတယ်။ နိုင်ငံခြားသားကို မယူချင်လို့ အပျိုကြီးလုပ်နေတဲ့ မြန်မာအမျိုးသမီးတွေ တစ်ပုံကြီးရှိပါတယ်။ လုံးဝ ယောင်္ကျားမယူပဲ မနေနိုင်လို့ ယူမယ်ပဲထားအုံး အစ်ကို ဦးအောင်ဆန်းဦး လို မြန်မာ ကိုပဲ ပြန်ယူသင့်ပါတယ်။


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ဦးနတ် ဗြိတိန်နိုင်ငံသား မိုက်ကယ်အဲရစ် နှင့်

ဒေါ်စု အသက် ၄၃ နှစ်မှာ မှ မြန်မာနိုင်ငံကို စ ပြီး ပြန်လာတာပါ။ ဒါတောင် အမေ နေမကောင်းလို့ပါ။ ဒေါ်ခင်ကြည်သာ ခုချိန်ထိ ကျန်းမာနေပါက ဒေါ်စု တစ်သက်လုံး ပြန်လာမှာမဟုတ်ပါဘူး။ အဲ့ဒီချိန်မှ မြန်မာ့နိုင်ငံရေးကို စပြီး လုပ်ခဲ့ပါတယ်။

ဒါကြောင့် အသက် ၆၆ နှစ်ကျော်မှ သွားတဲ့ ပုဂံမြို့ ခရီးစဉ်က လူထုခေါင်းဆောင်ဆိုတဲ့သူအတွက် ပထမဆုံး ပြည်တွင်းခရီးစဉ်ဖြစ်နေခဲ့ပါတယ်။

အခုလည်း ရေးတာကတော့ ပုဂံခရီးစဉ်နဲ့ အပန်းဖြေခြင်းအကြောင်းပါ။ ဒါပေမယ့် ဆောင်းပါးရဲ့ အစမှာ ဟိမ၀န္တာ တောထဲမှာ မြည်းကြီးကို စီးခဲ့ကြောင်းနဲ့ စတင်ရေးသားခဲ့ပါတယ်။

"ဟိမ၀န္တာမှာ...
ရေညှိတွေ ဖုံးလွှမ်း စိမ်းမြနေတဲ့ တောအုပ်ကြီးတွေကြား၊ တောင်တက် တောင်ဆင်းလမ်းတွေပေါ်က မျက်တောင်ရှည်မြည်းကြီး တစ်ကောင်ရဲ့ ကျောကုန်းထက်မှာ။

မြက်ခင်း၊ ဆင်ခြေလျှောပေါ်မှာ ထိုင်ပြီး၊ ထမင်းခြောက်၊ ကြက်ဥပြုတ်နဲ့ နေ့လယ်စာ စားရင်း ရှုမြင်ရတဲ့ မြူတွေဆိုင်းနေတဲ့ ရိုးတိုးရိတ်တိပ် မြေခင်းအနေအထားကို ငေးကြည့်နေခဲ့တာ..။" လို့ အစချီထားပါတယ်

အဲဒီနောက်မှာတော့ ခတ္တမန္ဒူမြို့ မှာ အမေရိကန် ကိတ်မုန့်ညိုကြီး စားခဲ့ပုံနဲ့ နာမည်ကြီးကော်ဖီဆိုင် ကိုသွားခဲ့ပုံ ကို ထည့်ရေးထားပါတယ်။ ဆင်စီးခဲ့တဲ့အကြောင်းနဲ့ ဖောင်စီးခဲ့တဲ့အကြောင်း လည်း ရေးသားထားပါတယ်။

"ခတ္တမန္ဒူမြို့က ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်းတွေကနေ၊ ဟိန္ဒူပုထိုးတွေအထိ လှည့်ပတ်လွင့်မျောရင်း အမေရိကန် ကိတ်မုန့်ညို.. နာမည်ကြီးတဲ့ကော်ဖီဆိုင်လေးကို ရောက်သွားခဲ့တာ...။

မြန်မြတ်ကြမ်းကြမ်း စီးဆင်းနေတဲ့ ရေပြင်ထက်က ဖောင်လေးပေါ်မှာ၊ အလေ့ကျ ချုံတွေထဲက ဆွတ်ခူးထားတဲ့ ဆီးဖြူသီး၊ ချဉ်ဖြုံးဖြုံးကို မြုံ့ရင်း ဆင်တစ်ကောင်ရဲ့ကျောကုန်းပေါ်မှာ...။" လို့ ရေးထားပါတယ်။

မြန်မာနိုင်ငံမှာ ဆင်တွေ၊ ဖောင်တွေ ရေတွက်လို့မကုန်အောင် ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် တစ်ခါမှ အနားမကပ်ခဲ့ဖူးပါဘူး။

အသက် ၄၃ မကျော်ခင်တုန်းကတော့ အပန်းဖြေနားရက်မှာ မြန်မာနိုင်ငံကလွဲရင် တခြားနေရာ အကုန်သွားချင်တယ်


မြန်မာနိုင်ငံက သာယာလှပမှုတွေကိုတော့ အထင်မကြီး၊ စိတ်မဝင်စား


နိုင်ငံခြားက တောထဲမှာ ပျော်နေသော ဒေါ်စု

နောက်ထပ် အိန္ဒိယ အရှေ့မြောက်ပိုင်းက မျက်တောင်ခတ်ဖို့နဲ့ အသက်ရှူမှားဖို့ထိ ဆွဲဆောင်ထားပါတယ်ဆိုတဲ့ အနုပညာတွေအကြောင်းလည်း ရေးထားပါသေးတယ်။ မြန်မာနိုင်ငံမှာ မျက်တောင်ခတ်ဖို့နဲ့ အသက်ရှူမှားလောက်အောင်ထိ သာယာလှပတဲ့ ရှုခင်းတွေ ကိုတော့ စိတ်လည်းမဝင်စားခဲ့သလို သွားလည်းမကြည့်ဖူးပါလူး။ ဒါကြောင့် အိန္ဒိယ က အလှတွေလို စာဖွဲ့ခွင့်မခံခဲ့ရပါဘူး။


"အိန္ဒိယ အရှေ့မြောက်ဘက်မှာ၊ မျက်တောင် ခတ်ဖို့၊ အသက်ရှူဖို့ မေ့လောက်အောင် ဆွဲဆောင်ထားတဲ့ တိဘက် ဘုန်းတော်ကြီးတွေရဲ့ ညင်သာနူးညံ့လှတဲ့ သေခြင်းရဲ့အနုပညာ သရုပ်ဖော်ကတစ်ကွက်၊
ဆွစ် (ဆွစ်ဇာလန်) က ရေကန်ကြီးတစ်ကန်ကို စီးမိုးထားတဲ့ ရဲတိုက်တစ်ခုပေါ်မှာ၊ အရသာပြည့်စုံလှတဲ့ အစားအသောက်တွေ ကြားထဲက မမေ့နိုင်တဲ့ လက်ဖက်ရည်ချိန် အိမ်လုပ် နှင်းဆီးသီးယိုကို စားနေခဲ့တာ....။" လို့ စာဖွဲ့ထားပါသေးတယ်။

ဒါ့အပြင် လင်တော်မောင်ရဲ့ အင်္ဂလန်နိုင်ငံက အကြောင်းတွေကိုလည်း

"အင်္ဂလန်ရဲ့ မြစ်ကြိုချောင်းကြား တစ်လျှောက်က တူးမြောင်းသွား သင်္ဘောတစ်စီးပေါ်မှာ၊ ကျွန်မက စိမ်းမြ၀န်းကျင်ကို ငြိမ်သက် အေးချမ်းစွာကြည့်မော့လို့၊ မိသားစုဝင် ခွေးငယ်လေးက အမိုးပေါ်မှာ …။"





တိုင်ရီကျွန်းလေးပေါ်က သဲသောင်ပြင်စခန်းမှာ၊ ကျယ်ပြန့်ပြောတဲ့ စကော့တလန်ရဲ့ မီးခိုးရောင် သမုဒ္ဒရာ မြင်ကွင်းမှာ ဖျံလေးတစ်ချို့ ကစားမြူးထူး၊ နေကြတာ။

ပြန်တွေးလိုက်တိုင်း ဒီမြင်ကွင်းတွေဟာ မယုံနိုင်လောက်အောင် အသက်ဝင် တောက်ပလှပေမယ့် တကယ်မဟုတ်သလို ခံစားရပါတယ်။ " လို့ရေးသားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံခြားမှာ မြန်မာဆိုတာကို မေ့ပြီး ပျော်ပါးအချိန်ကုန်နေခဲ့တဲ့ ဘဝကို ခုချိန်ထိ ကြည်နူးနေတာကို အထင်းသားတွေ့မြင်နေရပါတယ်။



အပန်းဖြေနားရက်မှာ နိုင်ငံခြား မိသားစုနဲ့ ဒီလို


မြန်မာ့ မြေပေါ်မှာ မိဘတွေက ဒီလို နေပြ၊ ဒီလိုဝတ်ပြပြီး၊ ဒီလိုသင်ပြခဲ့ပေမယ့်...


ကိုယ်တိုင်ကတော့ မြန်မာ့မြေမှာမနေ၊ မြန်မာလိုမဝတ်၊ မြန်မာလို မပြော
ကလေးတွေကိုလည်း မြန်မာလို ဘာမှ မသင်


ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပန်းဖြေနားရက်ဆောင်းပါဆိုတာက ပုဂံခရီးစဉ်အကြောင်းလို့ ပြောကြပေမယ့် နိုင်ငံခြားက ခရီးစဉ်တွေကို အသားပေးဖော်ပြထားတာ တွေ့ရပါတယ်။ ဒေါ်အောင်ဆန်စုကြည်အနေနဲ့ အသက် ၄၃ နှစ်ထိ နေထိုင်ကြီးပြင်းလာခဲ့တဲ့ နိုင်ငံခြားကို လွမ်းနေတာလား၊ မြန်မာနိုင်ငံက သာယာလှပမှုတွေကို မသိကျိုးကျွံပြုထားတာလား ဆိုတာ မေးခွန်းထုတ်စရာပါပဲ။ ဒါ့အပြင် ၄၃ နှစ်အတွင်းမှာ တခြားနိုင်ငံတွေကို ခရီးသွား အပန်းဖြေခဲ့ပြီး မြန်မာနိုင်ငံကိုတော့ အပန်းဖြေလာဖို့ မေ့နေတာကလည်း စိတ်ပျက်စရာဖြစ်နေပါတယ်။

2 comments:

အမတန် အဆင့်တန်းမြင့်တဲ့ ဘလောဂါကြီးခင်ဗျား
ကျနော်ဘလော့ဂ်က all ကားလေးတွေလဲ လာ Share ပေးပါဦး.. ခေါင်းစဉ်ကိုတော့ ဒီမိုကရေစီကို ခပ်နာနာလေး နှိပ်ကွက်ပြီး (မဆိုင် ဆိုင်ဆိုင်) ခါတိုင်းလိုပဲပေးပေါ့။ ဘယ်သူ ဘာပြောပြောဂရုစိုက်စရာမလိုပါဘူး။ မကြိုက်တဲ့ ကော်မန့် တွေ ဖျက်ပစ်ယုံပဲ။

လေးစားစွာဖြင့်
မီဒီယာကို မီဒီယာဖြင့်တိုက်ပွဲဝင်နေတဲ့
ရဲဘော် Dr Chatgyi
www.drchatgyi.blogspot.com

မောင်လေးချက်ကြီးကမှ တကယ် အဆင့်တန်းမြင့်တဲ့ ဘလော့ဂါကြီးတစ်ယောက်ပါ။
မောင်လေးချက်ကြီးရဲ့ဘလော့ကို အစ်မတို့ ဒီမိုကရေစီဘက်တော်သားတွေအားလုံးက အမြဲအားပေးလျှက်ပါ
မောင်လေးချက်ကြီးရဲ့ဘလော့က လာလည်သူအရေအတွက်မှာ တခြားနိုင်ငံက အရေအတွက်က ရုရှားကလူအရေအတွက်ထက် အမြဲသာနေတာပဲကြည့်ပါ
အဲဒါ တခြားနိုင်ငံတွေက ဒီမိုကရေစီဘက်တော်သားတွေ အားလုံးရဲ့ အားပေးမှုပဲပေါ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်