Subscribe to our RSS Feed

သီတင်းကျွတ်နှင့် ပတ်သက်၍ ဒေါ်စုဘယ်လိုခံစားရသလဲ

သီတင်းကျွတ်နှင့် ပတ်သက်၍ ဒေါ်စုဘယ်လိုခံစားရသလဲ

ယနေ့သည် မြန်မာသက္ကရာဇ်(၁၃၇၃)ခုနှစ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ဖြစ်ပါတယ်။ ဂေါတမမြတ်စွာဘုရားရှင်သည် ၀ါတွင်းကာလပတ်လုံး တာဝတိံသာနတ်ပြည်ရှိ မိခင်တော်စပ်ခဲ့ဖူးသော သန္တုဿီတနတ်သားကို မိဘကျေးဇူးဆပ်သည့် အနေဖြင့် အဘိဓမ္မာ တရားတော်များ ဟောကြား တော် မူ ခဲ့ပါသည်။ ထို့နောက် သီတင်းကျွတ်လပြည့်နေ့တွင် လူ့ပြည်သို့ ပတ္တမြားစောင်းတန်း၊ ရွှေစောင်းတန်း၊ ငွေစောင်းတန်းတို့ဖြင့် ပြန်လည် ဆင်းသက်တော်မူသည် ကို လူ၊နတ်၊ဗြဟ္မာတို့က ဆီးမီးတို့ဖြင့် ပူဇော်ကြသည်။

ထို့အပြင် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် မိမိတို့၏ မိဘများ၏ ကျေးဇူးကိုသိတတ်သည့်အနေဖြင့် သီတင်းကျွတ်လပြည့်နေ့တွင် လူကြီးမိဘများကို ကန်တော့ကြသည်။ ထိုအကြောင်းကို မြန်မာလူမျိုးတိုင်း သိကြသည်။ သို့သော် ထိုကဲ့သို့ သီတင်းကျွတ်လပြည့်နေ့ ဖြစ်ပေါ်လာပုံနှင့် သီတင်းကျွတ်တွင် လူကြီးမိဘများကို ကန်တော့ရမှန်း ဒေါ်စု၏သား အလက်ဇန္ဒားအဲရစ်နှင့် ကမ်င်အဲရစ် ခေါ် ကိုထိန်လင်းတို့ သိပါ့မလား။ သီတင်းကျွတ်လပြည့်နေ့တွင် မိခင် ဖခင်နှင့် အတူနေသည် ဖြစ်စေ အဝေးရောက် နေသည် ဖြစ်စေ မြန်မာလူမျိုးတို့သည် မိမိတို့၏ အမိအဖများကို ကန်တော့၍ မိဘကျေးဇူးဆပ်ကြသည်။ အဝေးရောက်နေသော ဒေါ်စု၏ သား ကပြားလည်း ဒေါ်စုကို ကန်တော့သည်လား မကန်တော့သည်လား မိခင်ဖြစ်သူ ဒေါ်စုပင် သိပါလိမ့်မည်။ လူကြီးမိဘများသည် ထိုကဲ့သို့ လာကန်တော့သော သားသမီးများကို ဆုများ၊ မုန့်ဖိုးများပေးကြသည်။ ဒေါ်စုတစ်ယောက်ကရော မိမိသားများအပေါ် ဆုများပေးဖူးပါ၏လော။ မိမိကိုယ်တိုင် နိုင်ငံခြားသားဖြစ်သူ မိုက်ကယ်အဲရစ် ကိုယူမိ၍ မြန်မာစကားမတတ် မြန်မာရုပ်မပေါက်သော ကပြားနှစ်ယောက်ကို မွေးခဲ့ရသည်။ ထို့အတွက် တခြားမြန်မာလူမျိုးတို့အတွက် သီတင်းကျွတ်တွင် မိဘများအား ကန်တော့ခြင်းအတွက်ဖြစ်ပေါ်ရသောပီတိ၊ မိဘများက သားသမီးများအား ဆုပြန်ပေးခြင်း၏ ခံစားချက်တို့ကို မြန်မာ့ဓလေ့၊ မြန်မာ ထုံးလမ်းစဉ်လာများကို မသိမတတ်သော ကပြားသား နှစ်ယောက်ကြောင့် ဒေါ်စုခမျာ မခံစားရရှာပေ။ အခြားလူများ၏ သားသမီးများ မိဘများကို ကန်တော့နေသည်ကို ထိုင်ကြည့်ရင်း ဒေါ်စုတစ်ယောက် စောင့်လေမျိုးနွယ်ဆိုသော ကျင့်ဝတ်ကို မလိုက်နာမိ၍ နောင်တရ နေမည်လော။

ထိုအကြောင်းအရာများသည် မြန်မာတို့၏ ဓလေ့ထုံးလမ်းစဉ်လာများကို မသိ၍ မကန်တော့သော ကပြားသားနှစ်ယောက်တွင် အပြစ်မရှိ၊ တကယ်တမ်းလက်သည်ရှာလျှင် စောင့်လေမျိုးနွယ်ဟူသော ကျင့်ဝတ်ကိုမစောင့်၊ ဖခင်ဖြစ်သူဗိုလ်ချုပ်အောင်ဆန်း၏ မျက်နှာကိုမှ မထောက် လူမျိုးခြား တိုင်းတပါးသား ကိုမှယူမိသော ဒေါ်စု၏ အပြစ်သာဖြစ်သည်ဟု ရွှေမြန်မာမှ ထင်ပါသည်။

တစ်ချိန်က အလွန်မြန်မာဆန်သော ဗိုလ်ချုပ်အောင်ဆန်းမိသားစု

လူမျိုးခြားကို ယူမိ၍ သီတင်းကျွတ်တွင် ကန်တော့မခံရသော ဒေါ်စု

http://goldenmyanmarnews.blogspot.com/2011/10/blog-post_12.html မှ ကူးယူဖော်ပြပါကြောင်း

3 comments:

ကန်တော့မယ့် လူတွေရှိမှာပါ ကပ်ဖားရပ်ဖားလုပ်နေတဲ့ ဒီမိုငတုံးတွေ

dont jealous to other ....own ur business..

Fuck you myanmarexpress! Fuck your mother yourself.
Fuck Fuck

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်