Subscribe to our RSS Feed

အခုမှ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မယ့် ဆုံးဖြတ်ချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို ထောက်ခံသူ အရေအတွက် သိသိသာသာ ကျဆင်းလာ


၁၉၉၀ မှ ၁၉၉၀ ဆိုပြီး အဆုတ်မနှစ် လက်ကိုင်ထားက ၂၀၀၈ အခြေခံဥပဒေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကာ မှတ်ပုံမတင်ခဲ့တဲ့ အဒဖ (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်) က ကိုယ့်စကားကိုယ် တာဝန်ယူခြင်းမရှိပဲ ပြီးခဲ့တဲ့ ၁၈ ရက်နေ့က ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မယ်လို့ ပြောလာခြင်းကြောင့် အဒဖ ကို ထောက်ခံသူများ သိသိသာသာ လျော့နည်းသွားရကြောင်း သိရပါတယ်။

အစည်းအဝေးမှာ အဒဖ အတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်က ၉၀ ရွေးကောက်ပွဲ ရလဒ်က လက်တွေ့မကျတော့ဘူးလို့ ပြောဆိုခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် မေလ ၁ ရက်နေ့တုန်းကတော့ အဒဖ မှ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းတင်က " ၉၀ ရွေးကောက်ပွဲကို စွန့်တယ်ဆိုတာဟာ NLD ပါတီတစ်ရပ်အနေနဲ့ နိုင်ငံရေးဝိဥာဉ်ကိုစွန့်လိုက်တာ နဲ့တူတယ်။ အတူတူဖြတ်သန်းလာကြတဲ့ မဟာမိတ်တွေ၊ မိတ်ဆွေတွေကို ကျောခိုင်းလိုက်တာနဲ့တူ တယ် " လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ အဲဒီ ဦးဝင်းတင်ကပဲ မှတ်ပုံတင်ဖို့ကို အားတက်သရော ထောက်ခံနေပြန်ပါတယ်။ ဒီအခြေအနေတွေကို ကြိုသိနေတဲ့ အဒဖ ကို အထင်မကြီးသူများကတော့ ဟားတိုက်နေနိုင်ကြပေမယ့် အဒဖ ကို ထောက်ခံခဲ့သူများအတွက်ကတော့ အကြီးအကျယ် စိတ်ပျက်ခဲ့ကြရပါတယ်။

နိုဝင်ဘာ ၁၈ အစည်းအဝေးနဲ့အတူ ကြေညာချက်တစ်ခုလည်း ထုတ်ပြန်ခဲ့ပါတယ်။ အဒဖ မှတ်ပုံတင်ရေးကိစ္စကို ကန့်ကွက်သမရှိ ၁၀၀% ထောက်ခံတယ်လို့လည်း ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အဒဖ ကို ထောက်ခံခဲ့သူတစ်ဦးက MEG အခုလို ပြောပါတယ်

"မဆလ န၀တ နအဖ ခေတ် တွေမှာတောင် 97% 94% 92% တွေ ပဲ တွေ့ ခဲ့ ဘူးတယ်ဗျ .... အခုတော့ အဒဖ က စံချိန်သစ်တင်သွားပြီ... ကန့် ကွက်သူမရှိ 100% ဆိုပဲဗျ.... တက်လည်းတက်နိုင်တယ်ဗျာ.. အရှက်ကိုမရှိကြဘူး.. ထောက်ခံခဲ့တာ အမှားကြီးမှားတယ်..."

လို့ ဆိုပါတယ်။

အဒဖ ကို ယုံကြည်ခဲ့လို့ မှားယွင်းရသူများမှာ သူတစ်ယောက်တည်းမဟုတ်ကြောင်း နဲ့ လူပေါင်းများစွာဟာ အဒဖ နဲ့ ဒေါ်စုကြည် ကြောင့် အမှားကြီးမှားကာ ဒုက္ခတွေရောက်ခဲ့ရကြောင်း သူက ဆက်ပြောပါတယ်။

"သူ့ယုံလို့ သူ့နောက်လိုက်ခဲ့လို့ CRPP ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ပေါ်လာတယ်... အခု ဖျက်ရတော့မယ်.... သူ့ယုံလို့ သူ့နောက်လိုက်ခဲ့လို့ ၁၉၉၈ ပြည်သူ့လွှတ်တော်ခေါ်ယူရေး NLD ရဲ့ တောင်းဆိုမှုကို ကျောင်းသားတွေ က ဥပဒေ ချိုးဖောက်ပြီး အကြမ်းဖက်ခဲ့လို့ အခုချိန်ထိ ထောင်က မလွတ်ကြသေးဘူး၊ အခု ၁၉၉၀ ရွေးကောက်ပွဲရလဒ် NLD ကပဲ ပြန်ဖျက်လိုက်ပြီ... သူ့ယုံလို့ သူ့ကို ကာကွယ်ရင်း ဒီပဲယင်းမှာ အချင်းချင်းရန်ဖြစ်ကြလို့ ပြည်သူတွေ အသက်ပေးခဲ့ကြပြီးပြီ ... အခု မတရားတဲ့အမိန့်အာဏာဟူသမျှ မှတ်ပုံတင်လိုက်ကြဖြစ်သွားပြီ... ရှက်တက်ရင် လဲတောင်သေဖို့ကောင်းတယ်.. စုကြည်ရော. အဒဖ အဘိုးကြီးတွေ အကုန်ရော...." လို့ ပြင်းပြင်းထန်ထန်ဝေဖန်သွားပါတယ်။ သူ ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို ပြောတာ ဖြစ်ပြီး အဒဖ ဆိုတာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုပြောတာ ဖြစ်ပါတယ်။

အဒဖ ပါတီဝင်ဟောင်း တစ်ဦးဖြစ်သူ ဒေါ်နော်အုံးလှ ကလည်း "
NLD အတွက် ၀မ်းနည်းတယ်။ သူတို့လမ်း သူတို့ ရွေးသွားတာပဲ။ အန်တီတို့ ကတော့ ဒီအတိုင်း ဆက်ပြီး ရပ်တည်နေမယ်။" လို့ The Messenger Journal ကို ပြောခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အဒဖ အတွင်းမှာလည်း သဘောထားကွဲမှုတွေ အကြီးအကျယ်ရှိကြောင်း အဒဖ နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က သိရပါတယ်။

ပြီးခဲ့ တဲ့ လ မှာ လုပ်ခဲ့ တဲ့ CEC အစည်းအဝေးမှာ ရော၊ CRPP နဲ့ တွေ တဲ့ အစည်းအဝေးမှာ ရော ဒေါ်အောင်ဆန်းစုကြည်က

" ကျမ ကြားဖြတ်ရွေးကောက်ပွဲ မှာ ၀င်ပြိုင်လိုတဲ့ ဆန္ဒရှိတယ်၊ အန်ကယ်တို့ လူကြီးတွေ ခွင့်ပြုစေချင်တယ်၊ ဆိုပြီးခွင့်တောင်းတယ်၊ ဘာ့ကြောင့်လည်းလည်းဆိုတော့ ......

ဦးသိန်းစိန်တို့ နဲ့ လည်းအလုပ်အတူတူတွဲလုပ်နိုင်မယ်လို့ ယုံကြည်တယ်။
နောက် သူလည်း အသက်အရွယ်တခု ရှိနေပြီဖြစ်တဲ့ အတွက် အခုအခြေအနေမှာ အကောင်း ဆုံးကိုဖြစ်အောင်လုပ်ချင်တဲ့ ဆန္ဒရှိတယ်၊ လွတ်တော်ထဲမှာ ပြောင်းသင့်တဲ့ ဥပဒေတွေ ကို ရ အောင်ပြောင်းသွားခဲ့မယ် ..... ကျမကိုယုံပါ ...." လို့ ဆိုတယ်

ဒေါ်အောင်ဆန်းစုကြည်ဟာ "ကျမ ကို ယုံ ပါ ကျမ ရအောင်လုပ်ပြ မယ်" ဆိုတာ လွန်ခဲ့တဲ အနှစ် ၂၀ ထဲက အစည်းဝေးခန်းတွေထဲမှာ အမြဲတမ်းပြောခဲ့တဲ့ သူရဲ့ အမြဲတမ်းလက်သုံးစကားဖြစ်ပါတယ်။ အဲဒီစကားကို စပြီး ကြားဖူးချိန်မှာတော သူ့ကို အထင်ကြီးလေးစားကာ ထောက်ခံမိမှာ သေချာပါတယ်။ ဒါပေမယ့်လည်း ပါစပ်က လူဗြိန်းကြိုက်စကားတွေ ပြောတတ်သလောက် အရည်အချင်းက ညံ့ဖျင်းလွန်းတာက ပြဿနာ ဖြစ်နေပါတယ်။

ဦးဝင်းတင် ကလည်း " ရွေးကောက်ပွဲ ၀င်မယ်ဆိုရင်တော့ ကျနော် လည်း အသက်ကြီးပြီဖြစ်တဲ့ အတွက် အဲဒါတွေ နဲ့ ခပ်ကင်းကင်း နေပြီး အနားယူမယ် " လို့ ဆိုတယ်။ ဒါပေမယ့် မှတ်ပုံတင်ရေး ကိုတော့ မကန့် ကွက်ခဲ့ပါဘူး။

ွှ၂၀၀၈ အခြေခံဥပေဒ ပေါ်ပေါက်လာချိန်မှာ အဒဖ က ရွေဂုံတိုင် အစည်းအဝေးကို ကျင်းပပြီး ရွေးကောက်ပွဲ မဝင်ခြင်းကသာ အမှန်ကန်ဆုံးလို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ရွှေဂုံတိုင် ကြေညာချက်နဲ့ ၎င်းဆုံးဖြတ်ချက်ကို သဘောမတူသူများကတော့ အဒဖ မှ ခွဲထွက်ပြီး NDF ပါတီကို တည်ထောင်ကာ ရွေးကောက်ပွဲကို ဝင်ရောက်ခဲ့ကြပါတယ်။ အဲဒီချိန်တုန်းက NDF နှင့် ဦးခင်မောင်ဆွေတို့ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။ အဒဖ အရေးကို အနီးကပ်စောင့်ကြည့်နေသူတစ်ဦးက တော့

" အခုလည်း ရွှေဂုံတိုင် အစည်း အဝေးမတိုင်ခင်နဲ့ ဘာထူးလည်း ... မူမရှိ၊ ideology မရှိတဲ့၊ လူပေါ်မှီထားတဲ့ ပါတီမှာ ဘွားတော် ဆီမီးခွက် ယိမ်း ကနိုင်အောင် ဦးဥာဏ်ဝင်း က အသံထုတ် စင်ထိုးနေတာပဲ၊ 2009 တုံး က ဦးခင်မောင်ဆွေ တို့ စွပ်စွဲ ခဲ့ တာ မှန် သလိုဖြစ်မနေဘူးလား " လို့ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အဒဖ ကို ပြင်းပြင်ထန်ထန် ရှုံ့ချသံတွေ၊ ကန့်ကွက်သံတွေ ကျယ်ကျယ်လောင်လောင် ဆူဆူညံညံ ထွက်ပေါ်နေပေမယ့်လည်း ဘယ်သတင်းမီဒီယာကမှ ဖော်ပြခြင်းမရှိသေးပါဘူး။

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်