Subscribe to our RSS Feed

NLD ဟာ နိုင်ငံနဲ့ပြည်သူအတွက် အလုပ်လုပ်ဖို့ဆိုတာထက် ပါတီ မပျက်အောင်ပဲ မနဲထိန်းခဲ့ရကြောင်း သမိုင်းက သက်သေပြ



NLD ဟာ အရေးကြီးတဲ့ အချိုးအကွေ့တိုင်းမှာ
နိုင်ငံနဲ့လူမျိုး အကျိုးကို လုပ်ဖို့နေနေသာသာ ပါတီမပျက်အောင်နဲ့ သူ့ပါတီ ပါတီရပ်တည်ရေး အတွက်ပဲ စဉ်းစားနေတာပါ။ သူတို့ပြောပြောနေကြတဲ့ သမိုင်းက ဆုံးဖြတ်ပါလိမ့်မယ်ဆိုတော့ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့တဲ့ သမိုင်းကိုကြည့်ရအောင်...

၁။ NLD ပါတီ မပျက်ရေးအတွက် အရင်က ဒေါ်အောင်ဆန်းစုကြည်ကို ပါတီက ထုတ်ပစ်ခဲ့ဖူးတယ်။
၂။ NLD ပါတီမပျက်ရေးအတွက် အရင်က အမျိုးသားညီလာခံကို တက်ခဲ့တယ်။
၃။ NLD ပါတီမပျက်ရေးအတွက်တဲ့ အခု မှတ်ပုံတင်ပါမယ်တဲ့။
၎။ NLD ပါတီမပျက်ရေးအတွက် ၉၀ ရလဒ်က လက်တွေ့မကျတော့ဘူးတဲ့။
၅။ NLD ပါတီမပျက်ရေးအတွက် မကြာခင် ရွေးကောက်ပွဲဝင် မယ်။ လစ်လပ်တဲ့နေရာ ၄၀ ကျော်လောက်ရှိပါတယ်တဲ့။

၂၃ နှစ်လုံး စဉ်းစားလုပ်နေသမျှ အားလုံးက ပါတီမပျက်ရေးအတွက်ပဲ။ အရင်ကလုပ်ခဲ့သမျှအားလုံး၊ အခုလုပ်နေသမျှ အားလုံးက ပါတီမပျက်ရေးအတွက်ပဲ။ ဘယ်လိုအရည်အချင်းမရှိတဲ့ လူတွေစုနေလို့ ပါတီလေးတစ်ခု ရပ်တည်ဖို့ ၂၅ နှစ်နီးပါး ရုန်းကန်နေရတာလဲဆိုတာ သူတို့ပြောသလိုပဲ သမိုင်းက သက်သေပြနေပါတယ်။

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်