အဒဖ ကို ပြန်လည်မှတ်ပုံတင်မယ်လို့ ဆုံးဖြတ်အပြီးမှာ မှတ်ပုံတင်ရန်အတွက် အမှတ်တံဆိပ်တစ်ခုလိုအပ်လာပြီဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သော ပါတီ ၉၃ ပါတီအနက် ခမောက်တံဆိပ်ကို ပါတီအမှတ်တံဆိပ်အဖြစ် အသုံးပြုခဲ့ပါတယ်။ ဒါ့အပြင် မအောင်မြင်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော် ပါတီသက်တမ်းတလျှောက်တွင်လည်း ခမောက်တံဆိပ်ကို အစဉ်တစိုက် အသုံးပြုခဲ့ကြပါတယ်။ ပါတီဝင်အားလုံးကလည်း ရေချိုးချိန်နဲ့ အိပ်ချိန်ကလွဲပြီး ခမောက် မချွတ်ခဲ့ကြပါဘူး။
ဒါပေမယ့် ၂၀၁၀ခုနှစ် နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ အဒဖ နှစ်ခြမ်းကွဲပြီး (NDF)က ခမောက်ပုံအား ပါတီ အမှတ်တံဆိပ် အဖြစ် အသုံးပြုခဲ့ပါတယ်။ ပါတီတွင်း နှစ်ခြမ်းကွဲရုံမျှ မက ပဲ အဒဖ က ရွေးကောက်ပွဲ ကော်မရှင်ထံ ကန့်ကွက်ရာ ရှုံးနိမ့်ခဲ့ရပြန်ပါတယ်။ အဓိပ္ပါယ်မရှိ ခမောက်လုနေကြပြီး အချင်းချင်းကိုက်နေကြလို့ မြန်မာနိုင်ငံတွင်းမှာသာမက ကမ္ဘာ့အလည်မှာ ရှက်ဖွယ်လိလိဖြစ်ခဲ့ရပါတယ်။
ပါတီ၏ အမည်၊ အလံနှင့် အမှတ်တံဆိပ်တို့ကို ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ရာတွင် မှတ်ပုံတင်ပြီးတဲ့ အခြားပါတီတခုရဲ့ အမည်၊ အလံ၊ အမှတ်တံဆိပ်တို့နှင့် တူညီလျှင် သို့မဟုတ် ဆင်တူရိုးမှား ဖြစ်နေလျှင် ကွဲပြားစေ ရန် ကော်မရှင်က ညွှန်ကြားရမည် ဆိုပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပြဋ္ဌာန်းထားပါတယ်။
ဒါကြောင့် ခမောက်အစား ဘာသုံးမလဲဆိုတာကို MEG က အဒဖ အဖွဲ့ဝင်တွေ၊ ခေါင်းဆောင်တွေထက် ရှေ့တစ်ကွက်ကြိုမြင်ကာ လူထုဆန္ဒကောက်ခံမှုတစ်ခုကို ပြုလုပ်ထားခဲ့ပြီးဖြစ်ပါတယ်။
ဒီနေ့အထိတော့ ခလောက်အစား ဆံပင်အတု သုံးဖို့ကို ၄၄% နှုံးက ထောက်ခံထားပါတယ်။ အဒဖ လိုဂို အတွက် လောလောဆယ် ရာထားတာကတော့ အောက်ပါပုံပဲဖြစ်ပါတယ်။

ထီး
|
35 (20%)
|
ဦးထုပ် (လျှာထိုး)
|
18 (10%)
|
ဦးထုပ် (ကောင်းဘွိင်)
|
22 (13%)
|
ခေါင်းစွပ်
|
18 (10%)
|
ဆံပင်အတု
|
76 (44%)
|
ဒီနေ့အထိတော့ ခလောက်အစား ဆံပင်အတု သုံးဖို့ကို ၄၄% နှုံးက ထောက်ခံထားပါတယ်။ အဒဖ လိုဂို အတွက် လောလောဆယ် ရာထားတာကတော့ အောက်ပါပုံပဲဖြစ်ပါတယ်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7QMsBYLJvpDNRLai29tKeFI3lgwvU2FCJDdazNAWnaWeRsh492rhLhZFPrJbl6k3zKZ2ImINZ7bFY2lnkbR9C-M_UZv753Sg7MqIFnCM_xNTU9cHF3u4WYFw1JGGsmMzVh9BMDL4gtaM/s400/www.myanmarexpress.net.png)
5 comments:
ဟား ဟားဟား ဆံပင်အတု တံဆိပ်ကို ထောက်ခံပါတယ်။
အမေစု လှနေပါလား
သွားမြောက်ပေးမနေနဲ့ဦး.... တစ်ကယ်လိုက်လုပ်မဲ့ပုံကြီး....
ခုတောင်ကြားနေရတဲ့သတင်းက ဘာတဲ့
အမေစု fashion ဆိုပဲ
စက်ချုပ်ဆိုင်တွေမှာလဲ အမေစုဝတ်တဲ့ပုံအပ်ထည်တွေတော်တော်များတယိဆိုပဲ
ဧကန်န မော်ဒယ်လိုင်းပြောင်းမယ့်အနေအထားရှိတယ်
တော်ကြာကြည့်မကောင်းရှုမကောင်းနဲ့မင်းသမီးဝင်လုပ်ပြီးနေတိုးနဲ့တွဲရိုက်ချင်ပါတယ်ဆိုရင် ခက်မယ်.....
ဟေ ..ဟေ့
ငါ့ Comment ကိုဖျက်ပြစ်လိုက်ပါလား။ တစ်ဖက်သတ် ဝေဖန်မှုကိုပဲ တန်ဖိုးထားတယ်ဆိုရင်တော့ ဘယ်တော့မှ comment လာမရေးတောဘူး။
ဒီကောင်ကွန်းမင့် မပေးတတ်ဘူးလား မသိဘူး
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်