From :hot news

ပြည်တွင်းရှိဆားများကို ပြည်ပနိုင်ငံများသို့တင်ပို့နိုင်ရန် အတွက် ပြည်တွင်းထုတ်ဆားများကို အရည်အသွေးမြှင့်တင်ဖို့လို အပ်နေကြောင်း ဧရာဝတီတိုင်း ဒေသကြီးရှိ ဆားလုပ်ငန်းရှင်တစ် ဦး၏ပြောပြချက်အရသိရသည်။
လက်ရှိပြည်တွင်းရှိ ဆား ဈေးနှုန်းများသည် နိုင်ငံတကာ ဆားဈေးနှုန်းများထက်မြှင့်တက် နေပြီး ယင်းသို့မြှင့်တက်နေခြင်း မှာ ပြည်ပနိုင်ငံများသည် ဆားကို ခေတ်မီစက်များဖြင့် ထုတ်လုပ်ပြီး မြန်မာနိုင်ငံတွင်မူ လူအင်အားဖြင့် ထုတ်လုပ်သောကြောင့် ထုတ်လုပ် မှုစရိတ်မြင့်မားကာအရည်အသွေး ပိုင်းတွင်လိုအပ်ချက်များရှိနေ ကြောင်းသိရသည်။
ပြည်ပနိုင်ငံများမှ ပြည်တွင်း ရှိဆားများ ၀ယ်ယူရန်အတွက် ကမ်းလှမ်းခဲ့ခြင်းရှိခဲ့ပြီး ယခုလက် ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပြည် တွင်းရှိဆားတန်ချိန်နှစ်ထောင် ကျော်ဝယ်ယူရန် ကမ်းလှမ်းထား သော်လည်း အကြောင်းပြန်မှုမရှိ သေးကြောင်းသိရသည်။
ယခုလက်ရှိပြည်တွင်းဆား ဈေးနှုန်းမှာ ဆားချောတစ်ပိဿာ လျှင်(၇၅၀)ကျပ်ဝန်းကျင်နှင့်ဆား ကြမ်းတစ်ပိဿာလျှင် (၄၅)ကျပ် ရှိပြီး ပြည်တွင်းတွင် တစ်နှစ်ဆား တန်ချိန် သုံးသိန်းခန့်ထွက်ရှိနေ ကြောင်းသိရှိရသည်။
www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်