From : http://myawady-myawady.blogspot.com/2013/03/blog-post_6502.html
www.MyanmarExpress.net
တရုတ်နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ် မြင့်မားခြင်း ကြောင့် အမေရိကန် နှင့်
တရုတ်နှင့် ပိုင်နက် နယ်ြေ မ အငြင်းပွား နေသော အာရှနိုင်ငံ များက စိုးရိမ်
ပူပန်လျက် ရှိနေသော်လည်း တရုတ်နိုင်ငံသည် ၄င်း၏ ကာ ကွယ်ရေး အသုံးစရိတ်ကို
တိုးမြှင့် သုံးစွဲခြင်းဖြင့် ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေး နှင့်
တည်ငြိမ်ရေး ကို ဆောင် ရွက်နိုင် ခဲ့ကြောင်း ပြောကြားလျက် ၄င်း၏ ကာကွယ်ရေး
အသုံးစရိတ် မြင့်မားမှုကို မတ်လ ၄ ရက်ေ န့ တွင် ကာကွယ် ပြောကြား ခဲ့ကြောင်း
NEWS now သတင်း တစ်ပုဒ် အရ သိရသည်။
သို့သော်လည်း နှစ်စဉ် ပြုလုပ်နေကျ ဥပဒေပြုရေး အစည်းအဝေး တစ်ရပ် ကျင်းပနေစဉ်
မတ်လ ၄ ရက်နေ့ တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်တွင် ၂၀၁၃
ခုနှစ် ကာကွယ်ရေး အသုံးစရိတ် ပမာဏကို ထုတ်ေ ဖာ် ပြောကြားခဲ့ခြင်း မရှိဘဲ
ပြောရေး ဆိုခွင့်ရှိသူ Fu Ying က မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန် ကြေ ညာမည့်
အစိုးရ အသုံးစရိတ်တွင် ကာကွယ်ရေး အသုံးစရိတ် ပါဝင်လိမ့်မည် ဖြစ်ကြောင်းသာ
ပြော ကား ခဲ့သည်။
တရုတ်နိုင်ငံ ၏ ကာကွယ်ရေး အသုံစရိတ် သည် လွန်ခဲ့သော ဆယ်စုနှစ် ၂ စုကျော်
ကာလအတွင်း တစ်နှစ် ထက် တစ်နှစ် ပိုမိုမြင့်မား လာခဲ့ကြောင်း ၊ ၂၀၁၂
ခုနှစ်တွင် ကာကွယ်ရေး အသုံးစရိတ် ၁၁ ဒသမ ၂ ရာ ခိုင်နှုန်း တိုးမြှင့်ပြီး
အမေရိကန် ဒေါ်လာ ၁၀၆ ဒသမ ၄ ဘီလီယံ သုံးစွဲခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်း
အဝေး ၏ အဓိက လုပ်ငန်း တာဝန်များတွင် အသုံးစရိတ် အတည်ပြုရေး လုပ်ငန်း ကဏ္ဍ
ပါဝင်ေ ကြာင်း နှင့် ယခု အစည်းအဝေး တွင် ကာကွယ်ရေး ၀န်ကြီး ကဲ့သို့သော
အစိုးရ အဖွဲ့၏ ထိပ်တန်း ခေါင်းေ ဆာ င် သစ် များကို ခန့်အပ်ရေး အတည်ပြု
ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်