Subscribe to our RSS Feed

၂၀၁၅ မှ မဟုတ်ပါဘူး ရွေးကောက်ပွဲတိုင်းဟာ တရားမျှတအောင်လုပ်ခဲ့တာပဲဟု ဦးဌေးဦးကဆို

From : hot news


 

“ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်တောင်မှ ဆွဲခဲ့တဲ့လူတွေ ပဲဗျာ ပြည်သူ့အတွက်လိုအပ်ရင် ဘာမဆိုလုပ်ဆောင်ပေးချင်ပါ တယ်”ဆိုသည့် ပြည်ခိုင်ဖြိုးပါတီမှ ဒုဥက္ကဋ္ဌ ဦးဌေးဦး

မြန်မာနိုင်ငံတွင် ကျင်းပခဲ့ သည့် ၂၀၁၀၊ ၂၀၁၁ ရွေးကောက် ပွဲများနှင့် နောင်လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် မျှတမှုရှိ ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဋ္ဌ ဦးဌေးဦးကဆိုပါသည်။

ရွေးကောက်ပွဲများနှင့်ပတ် သက်၍မေးမြန်းရာတွင် ဦးဌေးဦး က ““ကျွန်တော်ပြောချင်တာက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ၂၀၁၅ မှ မဟုတ်ပါဘူး။ ၂၀၁၀ ရော၊ ၂၀၁၁ ရော ကျွန်တော်တို့ အနေနဲ့ တရားမျှတအောင်လုပ် ခဲ့တာပဲလေ။ ရွေးကောက်ပွဲလုပ် တိုင်းလုပ်တိုင်းဟာ တရားမျှတ အောင်လုပ်ခဲ့တာပဲ။ နောက်ထပ် ပြောချင်တာက ရွေးကောက်ပွဲ ရှိမှ မဟုတ်ပါဘူး။ မရှိလည်းပဲ တရားမျှတအောင်လုပ်တယ်။ နေရာက အရေးကြီးလို့လား။ လုပ်ဆောင်မှုဟာ အရေးကြီး လားလို့ ကျွန်တော် အမြဲပြောခဲ့ ပါတယ်။ ကျွန်တော်အရွေးမခံရ ဘူးဆိုပါတော့။ အရွေးမခံရတော့ ကော ကျွန်တော်မလုပ်နိုင်ဘူး လား။ အရွေးမခံရတော့လည်း လုပ်နိုင်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ပတ်သက်ပြီး  USDP အနေနဲ့ ဘာမှတော့ လုပ်ဆောင် ချက်မရှိသေးပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ရန်က ဘာ အတွက်လဲ။ ဘယ်သူ့အတွက်လဲ။ တိုင်းပြည်ရဲ့ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပတ်သက်လို့ ကျွန်တော် တို့အနေနဲ့ အသစ်တောင်မှ ဆွဲခဲ့ သေးတာပဲ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်ဆွဲခဲ့တဲ့လူတွေပဲဗျာ။ ပြည်သူ့အတွက် လိုအပ်ရင် ဘာမဆိုလုပ်ဆောင်ချင်ပါတယ်”” ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ခြင်း၊ ရွေးကောက်ပွဲကျင်းပ ခြင်းနဲ့ပတ်သက်ပြီး ပြည်ခိုင်ဖြိုး ဒုဥက္ကဋ္ဌဦးဌေးဦးက ဆိုပါသည်။


 www.MyanmarExpress.net
 

1 comments:

He dares to lie though his age is nearly dead.Lier n full of tricks.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်