Subscribe to our RSS Feed

The Voice ဆိုတဲ့ ကျင့်ဝတ်မစောင့်ကြည့် ဥပဒေမရှိ လူမှုရေးမသိ တဲ့ ကျက်သရေအတော်ယုတ်တဲ့ ဂျာနယ်

From : www.facebook.com/theuseofforce



စာဖတ်သူတွေ သတိထားမိလားမသိဘူး ကျွန်တော် ဝေဟင်ချစ်သူမှာ နိုင်ငံရေးနဲ့ ပတ်သတ်ပြီး အတွေးအမြင်ဆောင်းပါးလေးတွေ မရေးတာ ရင်မဖွင့်တာ အတော်ကြာပေါ့။ စစ်ရေးဆိုင်ရာ လေကြောင်းဆိုင်ရာနဲ့ အခြားဆောင်းပါးရှင်ရေးထားတာလေးတွေကိုပဲ မျှဝေခဲ့တာပေါ့။ ခုတလောလဲ အလုပ်ကလည်းမအား မျက်စိလည်း အနားပေးဖို့လိုအပ်တာမို့ ပိုစ့်တွေတောင် အရင်ကလို သိပ်မတင်ဖြစ်တော့ဘူး။ အမှန်ပြောရရင် သိပ်တောင်ဖီလင်မလာတော့လို့ တင်ဖို့တောင် မကြိုးစားဖြစ်တော့ဘူး။ အမြဲတမ်း စာဖတ်ပရိတ်သတ်နဲ့ အားပေးသူတွေကို အားနာလို့သာ တစ်ချို့ဆောင်းပါးလေးတွေ ပြန်ရေးတင်ဖြစ်တာ ဒီနေ့မနက်ကမှပေါ့။ ဒါပေမယ့် ခုတော့ အလုပ်ဆင်းလို့ သတင်းလေးတွေ ဖတ်နေကာမှ အတော်လေး ဘဝင်မကျတာတွေ့လို့ ခံစားချက်လေးတွေကို အခုပိုစ့်နဲ့ ပြန်ဝေမျှလိုက်ပြန်ပါတယ်။

အဲဒါကတော့ မြန်မာပြည်ရဲ့ သူတို့ကိုယ်သူတို့ စတုတ္ထမဏ္ဍိုင်လို့ ကိုယ့်ဘာသာကိုယ် အမည်ပေး ဝိုင်းအော်နေတဲ့ ဂျာနယ်လစ်တွေထဲက The Voice ရဲ့ စာနယ်ဇင်း ကျင့်ဝတ်သိက္ခာမဲ့သော ဖွချက်ပဲဗျို့။ တလောက ပြန်ကြားရေးကနေ စာနယ်ဇင်းတွေအတွက် ဥပဒေတစ်ခုတင်ပါတယ်။ ဝိုင်းအော်လိုက်ကြတာ ငါးစိမ်းသည်တွေအတိုင်းပဲ။ တစ်ခု ပြောချင်တယ်။ အဲဒီလူတွေ ကျင့်ဝတ်ဆိုတာ ဥပဒေဆိုတာ လူမှုရေးဆိုတာ ပတ်ဝန်းကျင်အသိုင်းဝိုင်းဆိုတာကော နားလည်ကြလို့လား။ ကျွန်တော် မေးချင်တာ အကြောင်းရှိတယ်လေ။ ဒီနေ့မနက် ထွက်တဲ့ The Voice ဂျာနယ်မှာ ကျောင်းသူကလေးတွေကို ကာမနှောက်ယှက်မှုနဲ့ ကျူရှင်ဆရာကို တရားစွဲဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးလိုရေးပြီး ကလေးတွေရဲ့ အမည်နဲ့ မိဘအမည်တွေပါ ထည့်လိုက်တယ်ပါတဲ့ခင်ဗျာ။

ကောင်းကြသေးရဲ့လား အားကိုးချင်စရာ စတုတ္ထမဏ္ဍိုင်ကြီးရယ်။ လူမှုရေးအနေနဲ့ပဲ ကြည့်မလား စာနယ်ဇင်းကျင့်ဝတ်အနေနဲ့ပဲကြည့်မလား ကလေးတွေရဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကိုပဲ စာနာကြည့်မလား ဘယ်လိုပဲ ကြည့်ကြည့် လုပ်သင့်၏ မလုပ်သင့်၏ ရိုးရိုးလေး တွေးကြည့် စာနာကြည့်တတ်ရင်တောင်သိတယ်။ အရေးကြီးတာက မကောင်းတာလုပ်တဲ့သူကို မီးမောင်းထိုးပြချင်တာလား ကလေးတွေရဲ့ အနာဂတ်ကို ဖျက်ဆီးချင်တာလား။ ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ ဒီလို အတွေးအခေါ်နဲ့ ရေးသားတာတောင် သူတို့ စိတ်ဓါတ်နဲ့ ပညာ ဘယ်လောက်မြင့်မြတ်တယ်သိတယ်။ ထားပါတော့ ရေးတဲ့သူက ငပဲ့ ငချွတ်မို့လို့။ ဘယ်မှာလဲ အယ်ဒီတာ အယ်ဒီတာချုပ်တွေ။ သူတို့ကပါ အဲဒါကို မစီစစ်ပဲအဲလို ရမ်းသမ်းထည့်ရောလား။ ဘယ်မှာလဲ ဒီသတင်းကို တာဝန်ယူမှု။ တောင်းပန်ပါတယ်ပြောတာနဲ့ပြီးရောလား။ ဒါဆို ဘာလို့ အစိုးရမှားတာကိုမှ လိုက်ထောက်ပြီး ချောင်ပိတ်ရိုက်တဲ့စိတ်မွေးတာလဲ။ ကချင်မှာဆိုလည်း KIA ဘက်က နေလိုက်ရမှ။ ပြီးခဲ့တဲ့ကိစ္စဆိုလည်း တဖက်သတ် ရဲကိုပဲအပစ်တင်တယ်။ သေတာကရဲ။ အော်ကြည့် ဘာပဲလုပ်လုပ် သူတို့ စိတ်ဓါတ်ကိုက သူတစ်ပါးကို ဖျက်စီးလိုတာကို ဦးတည်တယ်ဆိုတာ ရှင်းသွားပြီလေ။

အဲလို စိတ်ဓါတ်တွေကို ခုလိုလုပ် ရေးချင်တာရေး ပြီးတော့ အင်တာနက်လေးမှာ တောင်းပန်ပါတယ် ရေးလိုက်တာနဲ့ ပြီးရောလား။ ဒါဆိုရင် အဲလို အရေးအသားတွေကို တာဝန်ယူမှုမရှိရင် ခံရတဲ့သူနဲ့ ပြည်သူတွေကကော ဘယ်လို တုန့်ပြန်မှုတွေ လုပ်ရမှာလဲ။ ဘာလဲ စတုတ္ထမဏ္ဍိုင်လို့ ကိုယ့်ဘာသာကိုယ် ခေါ်တာနဲ့တင် အားလုံး လွတ်ရောလား။ ဂျာနယ်တွေ လွတ်လပ်ခွင့်အော်ပြီး သူတစ်ပါး ဂုဏ်သိက္ခာတောင် မစာနာတော့်ဘူးလား။ ခင်ဗျားတို့ မသိလို့ ပညာမတတ်လို့ လျှောက်ဖွတိုင်း ပိုက်ဆံရလို့ ကျွန်တော် တစ်ခါ ရေးခဲ့သလို ကင်မလရာနဲ့ ဘောပင်ကိုင်တတ်လို့ မြန်မာပြည်မှာ ဂျာနယ်လစ်လုပ်စားတာ ၈၀ ရာနှုန်းအထက်ရှိတယ်။ အဲဒီတော့ သူတို့က လုပ်ချင်တာလုပ်လို့ ဥပဒေ ပြဌာန်းတာကော အပစ်လား။ ကျွန်တော်ကတော့ အဲဒီ ဂျာနယ်တွေ လုပ်တာနဲ့ ဒီမိုကရေစီခေတ်လည်းပျက် သမ္မတကြီးလည်း စိတ်ဓါတ်ကျ ဒေါ်စုနဲ့ NLD လည်း ပြသနာတက်၊ ဆူပူမှုတွေကိုလည်း တွန်းအားပေး တိုင်းပြည်လည်း စုတ်မှာ မြင်ယောင်နေတယ်။ ဘယ်နဲ့ဗျာ သူများကိုတော့ လက်ညှိုးထိုး ကိုယ်ကျတော့ ဂျာနယ်လစ်ကျင့်ဝတ် အယ်ဒီတာကျင့်ဝတ်နဲ့ ယုတ်စွအဆုံး ကိုယ်ကျင့်တရားတောင်နားမလည်တဲ့ သူတွေကများ The Voice ဂျာနယ်ကို ဦးစီးနေတယ်ဆိုတော့ ကွယ်လွန်သွားတဲ့ ဆရာ Dr.နေဝင်းမောင်တော့ တမလွန်မှာ ရင်တုန်နေမလားပဲ။

ကျွန်တော် ဒီပိုစ့်မှာ ရေးတာ အတော်ကြမ်းချင်ကြမ်းလိမ့်မယ် ဒါတောင် ဒေါသအတော်လျော့ရေးထားတာ။ စာဖတ်သူလည်း ခုလိုသတင်းမှာ နာမည်အဖျက်ခံရတဲ့ အမည်းစက်အထင်ခံရတဲ့ ကလေးတွေနဲ့ မိဘတွေဖက်ကစာနာကြည့်ရင် ကျွန်တော် ဘာလို့ ဒေါသထွက်ရတယ်ဆိုတာ နားလည်ပါလိမ့်မယ်။ ဒီထက်ပိုရေးချင်တာ ကိုယ့်သိက္ခာကိုယ်ထောက်လို့ ဒီလောက်နဲ့ပဲတော်ပါတော့်မယ်။ အဲဒီတော့ အဲလို အကျင့်ပျက် စာရိတ္တမရှိ သိက္ခာမရှိ၊ စာနယ်ဇင်းကျင့်ဝတ်လည်းမသိ လူ့ကျင့်ဝတ်လည်း နားမလည်တဲ့ မီဒီယာတွေကို ထိန်းကျောင်းဖို့ ဥပဒေတော့လိုကို လိုအပ်ပါလိမ့်မယ်။ သူဌေးတွေနဲ့ အစိုးရဝန်ထမ်းတွေကို ခရိုနီစွတ်စွဲပြီး ဥပဒေအထက်မှာ ရှိနေတယ်လို့ အမြဲတစေစွတ်စွဲတဲ့ The Voice ခု စာနယ်ဇင်းကောင်စီမှာ နေရာယူပြီး ရေးချင်တာရေး ပြီးမှ တောင်းပန် ဥပဒေကို မထင်မဲ့မြင်ပြုတာကော တရားမှုရှိလားဆိုတာ ကျွန်တော်ထပ်ပြီး မေးချင်ပါသေးတယ်

 
 www.MyanmarExpress.net
 

5 comments:

မိဘတွေက တရားစွဲ ကွာ

ဆောင်း ပါး ၇ှင် ကို အ ပြည့် အ ဝ
ထောက် ခံ ပါ တယ်
the voice ဟာ တိ ၇ စ္ဆန် တွေ လို ပဲ ... လူ့ ယဉ် ကျေး မှု့ ကို နား မ လည် ကြ ဘူး...ဒါ ဟာ လူ့ ကျင့် ၀တ် ဖေါက် ဖျက် တာ...လူ့ အ ခွင့် အေ၇း ချိုး ဖောက် တာ....ဥ ပ ဒေ နဲ့ အေ၇း ယူ သင့် တယ်....

ခွေးမသား ကျော်မင်းဆွေ
အောက်တန်းစားဂျာနယ် မင်းတို့ လူမဆန်တာ ၂ ခါ ရှိပြီ။
အ ရင် တခါက တော့ ဖြေရှင်း ခြင်း တဲ့..
ဒီတခါ တော့ မင်း တို့ စောက်ပါးစပ် လေးနဲ့ တောင်း ပန် ရုံ
နဲ့ ရတဲ့ ကိစ္စ မဟုတ်ဘူးကွ။
မင်း တို့ သေ ချင်းဆိုးနဲ့ သေ တော့ မယ်။
ခွေးမသား ဂျာနယ်လစ် တွေ ကျီးကန်းတွေ။ သူများကိုကျတော့
ဝိုင်း အာကြတယ် ။ ကိုယ့် အချင်းချင်းကျ တော့ စောက်ပါးစပ်
တွေက ရူးချင် ယောင် ဆောင် နေတယ် ။ဘယ်မှာလဲ
မင်းတို့ အချင်းချင်းကျ ထောက်ပြဝေဖန် ကြ လေ
ငါလိုးမ စတုတ္ထဒေါက်တိုင် ဆိုတဲ့ ကျီးကန်းတွေ

ကဲ ဂျာနယ်ဆရာတို့ ဘယ်လိုလုပ်ကြမတုန်း၊ ကိုရင်တို့ရဲ့ တိုင်းသိပြည်သိ ဂျာနယ်တစ်စောင်က ခုလို ကြားမားတဲ့အမှား လုပ်ဆောင်မှုကို ဘယ်လို တာဝန်ယူကြမှာတုန်း၊ ဒီကလေးတွေနဲ့ သူတို့ရဲ့မိဘ၊ ဆွေမျိုး အသိုင်းအ၀န်းတွေ ဘယ်လောက်ခံစားရမယ်၊ ဘယ်လောက်အရှက်ရ၊ မျက်နှာငယ်ရမယ် ဆိုတာရယ်၊ နုငယ်တဲ့ ကလေးတွေရဲ့ အနာဂတ်ကို အိပ်မက်ဆိုးကြီး ထည့်ပေးလိုက်တဲ့ ကိုယ့်လူတို့ကို ဘယ်ပြည်သူမှ ကျေအေး ပေးချင်စရာမရှိဘူး၊ နားလည်ခွင့်လွှတ် ပေးလို့ မရဘူး၊ မင်းတို့တဖွဖွပြောနေတဲ့ ဒီမိုကရေစီဟာ ဒါလား၊ လူ့အခွင့်အရေးဆိုတာ ဘယ်လိုလဲ၊ ဂျာနယ်အယ်ဒီတာကြီးကရော ဘယ်လိုလဲ၊ မင်းတို့စတုတ္တမဏ္ဍိုင်က တော်တော်ကြီးကို ဆိုးရွားလွန်းနေတယ်နော်။ ငါ အတတ်နိုင်ဆုံး ယဉ်ယဉ်ကျေးပြောနေတာ ပြောရင်းနဲ့ စိတ်တိုလာပြီ ခွေးသူတောင်းစားကောင်တွေရ။

ဒီလိုမှားပြီး ဒီလိုလေး တောင်းပန်ပြီး ပြီးဆုံးသွားခြင်း မဖြစ်သင့်ပါ။ ဒီလို အမှားမျိုး ဖြစ်လာပါက ကာယကံရှင်၏ ကိုယ် စိတ် နှစ်ဖြာ နစ်နာ ဆုံးရှုံးမှု့ လျော်ကြေးအတွက် ထိရောက်သော သတ်မှတ်ထားသည့် ပြစ်ဒဏ်ကို မီဒီယာ ဥပဒေတွင် ရှင်းရှင်း လင်းလင်း ထည့်သွင်း ဖော်ပြရန် လိုအပ်နေပါသည်။ (၃) ကြိမ် အထက် မှားယွင်းမှု့ ရှိလာပါက ၄င်း မီဒီယာအား လုံးဝ (မည်သည့် အမည်သစ်ဖြင့် အစားထိုးပြုလုပ်ခြင်း မပြုလုပ်စေရန် အပါအ၀င်) ဖျက်သိမ်းခြင်း ထောင်ဒဏ် ငွေဒဏ် ကျခံစေခြင်းများ ထိရောက်စွာ ချမှတ်သင့်ပါသည်။ သို့မဟုတ်က ပြည်သူများ ဒီလိုပဲ ဆက်လက် စော်ကား ခံနေရဆဲပဲ ဖြစ်လိမ့်မည် ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်