Subscribe to our RSS Feed

သံဃာတစ်ပါး ဆေးရုံ အိမ်သာတွင် ကြိုးဆွဲချ သေဆုံး

From : ..the voice


မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီးတွင် ခေါင်းမူးမေ့တတ်သည့် ဝေဒနာ ခံစားနေ၍ ဆေးဝါး ကုသမှု ခံယူနေသည့် သံဃာ တစ်ပါးသည် သြဂုတ်လ ၆ ရက်နေ့ နံနက် ၃ နာရီ ခန့်က ဆေးရုံ အိမ်သာအတွင်း လေးပေအမြင့် သစ်သားတန်းရှိ သံကွင်းတွင် သင်္ကန်းခါးပန်းကြိုးကို ချိတ်ဆွဲ၍ ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

အဆိုပါ သေဆုံးသူသည် ဦးသောဘန (ခ) ဦးမြင့်သိန်း ၃၅ နှစ် ဝါတော် ၂ ဝါ ဖြစ်ပြီး ဝမ်းတွင်းမြို့နယ် သိမ်တောင် ကျောင်းတိုက်မှ ဖြစ်ပြီး မိတ္ထီလာမြို့မ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂၃/၂၀၁၃ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ ထပ်မံ သိရသည်။


 .. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်