Subscribe to our RSS Feed

ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး၏ သမီး ဗုံးပေါက်ကွဲ သေဆုံးခဲ့ရမှုနှင့် စွယ်တောင်ေုံးပေါက်ကဲမှုများကို စစ်ဆေးဖော်ထုတ်သွားမည်

From : ..YMG


၁၉၉၆ ဒီဇင်ဘာ ၂၅ စွယ်တော်ဗုံးပေါက်ကွဲမှု၊ ၁၉၉၇ ဧပြီ ၇ ကွယ်လွန်သူ ဒုတိယဗိုလ်ချုပ်ကြီး တင်ဦးနေအိမ် ပါဆယ်ဗုံးကွဲမှု တရားခံတွေကို သမ္မတဦးသိန်းစိန် လက်ထက်အတွင်းမှာပဲ ဖော်ထုတ်နိုင်ဖို့ကြိုးစားသွားမယ်လို့ သတင်းရရှိပါတယ်။ အရင်ကစစ်ဆေးထားတဲ့ သက်သေအထောက်အထားတွေနဲ့ပဲ ဆက်လက်စစ်ဆေးသွားမှာ ဖြစ်ပြီး သံသယရှိထားတဲ့လူတွေ ရှိနေပေမယ့် သက်သေအထောက်အထား ခိုင်လုံမှ တရားခံကငြင်းမရမှာမို့ မပြောသေးပါဘူး။

ဖော်ထုတ်ဖမ်းဆီးမယ့် အစီအစဉ်ကို သမ္မတအစိုးရအဖွဲ့ထံ မကြာမီတင်ပြသွားမှာ ဖြစ်ပြီး လိုအပ်တဲ့ အကူအညီများပေးရန်နဲ့ သက်သေအထောက်အထားများ ရှာရန် လိုအပ်သည့် စစ်ဆေးမှု များကိုလည်း ပြုလုပ်ပိုင်ခွင့်များ တောင်းဆိုသွားမှာပါ။

ဒီလိုမမိသေးတဲ့ တရားခံတွေကို ဖော်ထုတ်တော့မယ် ဆိုရင် အတော်စွန့်စားရဲဖို့တော့ လိုလိမ့်မယ်။ ကျနော်တို့ တရားသူကြီးတွေလည်း တတ်နိုင်သမျှ တရားဥပဒေဘက်က လုပ်ဆောင်သွားမှာပါလို့ တရားသူကြီးတစ်ဦးက ပြောပါတယ်။ 


ပြည်သူတွေအနေနဲ့ စွယ်တော်ဗုံးကွဲတာ ဦးတင်ဦးသမီးအိမ်ကို ပါဆယ်ဗုံးပို့လို့ သေဆုံးတာကို မေ့သေးမှာ မဟုတ်ပါဘူး ဟု အဆင့်မြင့်ရဲအရာရှိတစ်ဦးမှ ပြောကြားခဲ့ပါတယ်။


 .. www.MyanmarExpress.net
 

3 comments:

What about Fuji House family massacre?

What about Fuji House family massacre?

ဒီကိစ္စက အမှန်တကယ် ဖေါ်ထုတ်သင့်ပြီး၊ ကျူးလွန်သူတွေကို ထိုက်တန်တဲ့ အပြစ်ပေး အရေးယူမှုတွေ လုပ်သင့် မလုပ်သင့် ကို ပြည်သူလူထုရှေ့ မှာ ချပြလိုက်ပါ။ မြန်မာဘုရင်တွေလက်ထက် ကထဲက အရည်အချင်းရှိတဲ့ လူတွေကို အာဏာရုး မင်းကြီးမတ်ရာတွေဟာ အုပ်စုဖွဲ့ လုပ်ကြံ သတ်ဖြတ်ကြတဲ့ မြန်မာ့ သမိုင်းရဲ့ အမဲစက်တွေ ရှိနေတာ ငြင်းပယ် ဖျောက်ဖျက်လို့ မ၇သလို အခုအချိန်ထိ တိုင်းပြည်နဲ့ ပြည်သူ လူထုအတွက် လွတ်လပ်ရေးကြိုးပမ်းနေတဲ့ ဒို့ဗိုလ်ချုပ်ကို လုပ်ကြံတာလဲ အာဏာရူးတွေ နောက်ကွယ်မှာရှိပြီး၊ နယ်ချဲ့ က ကြိုးကိုင် ခဲ့တာဘဲလေ။ ဒါမျိုးတွေ ရှိတုန်းလား ဆိုပြီး ကျွန်တော်တို့မျိုးဆက်သစ်တွေ နိုင်ငံရေးလုပ်ရာ မှာ တွေးတောစဉ်းစားစရာပါ။ မြန်မာအချင်းချင်း ရန်လိုနေတာ ဟုတ်မဟုတ် နဲ့ သမိုင်းကို ဘယ်လိုရေးနေကြလဲဆိုတာ အုပ်ချုပ်သူ လူတန်းစား ဖြေရှင်းရတော့မယ့် ကိစ္စပါ..ဦးသိန်းစိန် ဟာ ရိုးသားစွာနဲ့ နိုင်ငံခေါင်းဆောင်ဖြစ်လာတာပါ။ ဒီကိစ္စတွေ ဖြစ်တဲ့အချိန်မှာ သူမသိနိုင်ပေမဲ့ အခုသူသိလိုစိတ်ရှိပါလိမ့်မယ်။ အဖြစ်မှန်ကို ပြည်သူကို ချပြဖို့ တာဝန် သူယူပါလိမ့်မယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်